ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး


အိမ်ထောင်ရှင် အမျိုးသမီးများ ၊ ချစ်သူရည်းစားနှင့် အတူနေသော အမျိုးသမီး တော်တော်များများအတွက် ကလေးမရစေဖို့ တားတဲ့အခါ ထိုးဆေးထိုးခြင်း ၊ လက်မောင်းထဲထည့်ခြင်း ၊ သားအိမ်ထဲထည့်ခြင်း ၊ ဆေးသောက်ခြင်း စသဖြင့် နည်းလမ်းမျိုးစုံနဲ့ တားကြပါတယ် ။

အများစုကတော့ ဆေးသောက်တဲ့နည်းကို အသုံးပြုကြပါတယ် ။ ဒီလို တားဆေး သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန် အများစုက ပြောပြလေ့ မရှိပါဘူး ။ အမျိုးသမီးအချို့ဟာ အောက်ဖောက်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ကိုယ်ဝန်တားဆေး သောက်ခြင်းကြောင့် ရလာခြင်းကို မသိဘဲ ရှိနေတတ်ပါတယ် ။ တားဆေး သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ..

၁ ။ ခေါင်းကိုက်ခြင်း ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း

၂။ကိုယ်လက်မအီမသာဖြစ်ကာ ပျို့ချင်၊အန်ချင် ဖြစ်ခြင်း

၃။ရင်သားနာကြင်မှုဖြစ်ခြင်း (သို့) ရင်သားဆိုဒ်ပြောင်းလဲလာခြင်း

၎။သွေးဆင်းခြင်း

၅။ကိုယ်အလေးချိန်တက်လာခြင်း

၆။မိန်းမကိုယ်အတွင်း အဖြူရောင်မှိုများ ဖြစ်နိုင်ခြင်း

၇။စိတ်မကြည်မလင်ဖြစ်ခြင်း

၈။အမြင်အာရုံချို့ယွင်းလာခြင်း

၉။သွေးခဲများကျခြင်း ( ဖြစ်ခဲပါတယ် ။ ဖြစ်လာသော် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပါ။)

၁၀။ လိင်မှုဘဝတွင် စိတ်မပါတော့ခြင်း

မိမိဟာ ပုံမှန်ဆေးသောက်နေတဲ့သူဆိုလျှင်တော့ အထက်ပါ ဆိုးကျိုးတွေကို ခံစားနေရနိုင်ပါတယ် ။

CHAN (ရွှေအင်းလေး)
Previous
Next Post »