အပြာဇာတ်ကားတစ်ခု နောက်ကွယ်မှ အမှန်တရားများ(18+)


အမျိုးသားတွေ ဆန့်ကျင်ဖက်လိင်ကို စပြီးစိတ်ဝင်စားချိန် စတင်ပြီး အပြာဇာတ်ကားတွေကို ကြည့်တတ်လာပြီ ဖြစ်ပါတယ်။ ဒီလို ဇာတ်လမ်းတွေကို ကြည့်ရှုပြီး အတုယူမမှားစေဖို့အတွက် အပြာဇာတ်ကားတွေကို ရိုက်ကူးထုတ်လုပ်နေတဲ့ ဒါရိုက်တာတစ်ဦးရဲ့ ဖွင့်ဆိုရှင်းပြမှုတွေကို ဖော်ပြလိုက်ပါတယ်။

Adam Glasser ဟာ အပြာဇာတ်လမ်း သရုပ်ဆောင်၊ ဒါရိုက်တာဖြစ်ပြီး သူပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါင်း (၁၀၀)ကျော်ရှိပါတယ်။ အခုလက်ရှိ သူဟာ ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ပြီး အမျိုးသားများအတွက် လိင်မှုကိစ္စလမ်းညွှန်စာပေတွေ ရေးသားနေသူဖြစ်ပါတယ်။


အရွယ်ရောက်ပြီးသား အမျိုးသားတိုင်း အပြာဇာတ်လမ်းတွေကို ကြည့်ဖူးကြပါတယ်။ ဒီလို အပြာဇာတ်ကားတွေ ကြည့်တဲ့အခါတိုင်းမှာ သရုပ်ဆာင်တွေကို လိင်မှုကိစ္စဆိုင်ရာ စူပါဟီးရိုးတွေအဖြစ် ထင်မိကြမှာပါ။ ကြည့်စမ်း၊ ဒီလောက်ကြာအောင် သူဘယ်လိုလုပ်သလဲ၊ နည်းတဲ့ ပစ္စည်းကြီးမဟုတ်ဘူး။ မင်းသမီးကိုယ်လုံးကလည်း မိုက်လိုက်တာ၊ အာ့မိန်းမက တော်တော်ထန်တာပဲ စသဖြင့် ကြည့်မိသူတိုင်းတွေးမိကြမှာပါ။ တကယ်တော့ ဒီလို အတွေးတွေ တွေးမိပြီး ကြည့်လို့ကောင်းအောင်လို့ ကျွန်တော်တို့လို ဒါရိုက်တာတွေက အစီအစဉ်ချ၊ ဇာတ်ညွှန်းခွဲပြီး၊ စီစဉ်ညွှန်ကြား၊ ရိုက်ကူးတည်းဖြတ်တာတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့က စိတ်ကူးတွေကို ဖန်တီးကြတာဖြစ်ပါတယ်။

ပြဿနာက ဘယ်မှာစလဲဆိုရင် အပြာဇာတ်လမ်းတွေကို ကြည့်ရှုကြသူတွေက စိတ်ကူးကို ပုံဖော်ထားတယ်ဆိုတာကို မေ့သွားပြီး တကယ်လို့ ထင်မြင်ယူဆလိုက်တဲ့အခါမှာဖြစ်ပါတယ်။ ဒီအခါမှာ ကြည့်ရှုသူတွေမှာ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာတွေ၊ ကိုယ့်ရဲ့လိင်မှုစွမ်းဆောင်ရည်ကို အလိုမကျတာတွေ ဖြစ်လာတတ်ပါတယ်။ ဇာတ်ဆောင်အမျိုးသားလို ကြီးမားတောင့်တင်းတဲ့လိင်တံရဖို့၊ ချစ်သူမိန်းကလေးက ဇာတ်လမ်းထဲက အမျိုးသမီးလို ပြုမူဆက်ဆံဖို့နဲ့ စိတ်ရှိသလောက် ဆက်တိုက်လုပ်ဆောင်နိုင်ဖို့တွေကို တွေးလာကြပါတယ်။

တကယ်တမ်း သတိပြုရမှာ သင်တို့ ကြည့်ရှုနေရတဲ့ အပြာဇာတ်ကားတွေက လက်တွေ့ဘ၀ကို ထပ်တူပုံဖော်ထားတာ မဟုတ်ဘူးဆိုတာပါပဲ။ သင့်ဘ၀နဲ့ ထပ်တူမကျဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အပြာဇာတ်ဆောင်တွေက အများအားဖြင့် တကယ့်ဘ၀မှာ မဖြစ်နိုင်တာတွေကို ဖန်တီးပုံဖော်တာကို ဆိုလိုတာဖြစ်ပါတယ်။ သင်ကြည့်ရှုနေရတာက တကယ်ဖြစ်ပျက်နေတာရဲ့ တစိတ်တပိုင်းလောက်ပဲ ရှိပါတယ်။ ကဲ… ဒီတော့ နောက်ကွယ်က အမှန်တရားတွေကို ဆက်လေ့လာကြည့်ရအောင်။

ကြီးမားရှည်လျားတဲ့ လိင်တံများ

ဟုတ်ပါတယ်။ အပြာဇာတ်လမ်းတွေထဲက အမျိုးသားဇာတ်ဆောင်အများစုမှာ ကြီးမားတုတ်ခိုင်တဲ့ ပစ္စည်းတွေ ရှိကြပါတယ်။ သူတို့ရဲ့အရွယ်အစားကို ကြည့်ပြီး သင့်အနေနဲ့ စိတ်လှုပ်ရှားမိနိုင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကြီးတွေကြောင့် စိတ်မလှုပ်ရှားတဲ့သူရှိမယ်ဆိုရင် ဘယ်သူဖြစ်မယ် ထင်ပါသလဲ။ အခြားသူမဟုတ်ပါဘူး။ ဇာတ်ဆောင်အမျိုးသမီးဖြစ်ပါတယ်။

ကြီးမားတုတ်ခိုင်တဲ့ လိင်တံတွေကို ခံနိုင်ရည်ရှိပြီး သဘောကျတဲ့ အမျိုးသမီးက အနည်းငယ်ပဲရှိပါတယ်။ ကျွန်တော် ရိုက်ကူးနေချိန်မှာလည်း ဒီလိုအခြေအနေမျိုးတွေကို တွေ့ဖူးသလို အခြားအပြာဇာတ်လမ်းတွေမှာလည်း တွေ့ဖူးပါတယ်။ တကယ်တော့ ကြီးမားတဲ့ပစ္စည်းနဲ့ ဆက်ဆံခံရတဲ့အခါမှာ ဇာတ်ဆောင်အမျိုးသမီးရဲ့ မျက်နှာမှာ နာကျင်မှုကို မြင်တွေ့ရနိုင်ပါတယ်။ သူတို့အတွက် တကယ်ကိုနာကျဉ် ခံစားရတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါရိုက်တာတွေက ဒီလိုနာကျဉ်တဲ့အမူအယာတွေကို တည်းဖြတ်လိုက်ပါတယ်။ဘာကြောင့်လည်းဆိုတော့ နာကျဉ်နေတဲ့ အမူအယာတွေက စိတ်ကူးထဲက သွေဖယ်သွားပြီး ကြည့်ရှုသူကို စိတ်ပျက်သွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သတိပြုရမှာ အပြာဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေက အလုပ်တစ်ခုလုပ်နေကြရတာဖြစ်ပြီး တစ်ခါတစ်လေမှာ နာကျဉ်မှုတွေခံစားရနိုင်တယ်ဆိုတာပါပဲ။

အချိန်ကြာမြင့်စွာ ဆက်ဆံခြင်း

အပြာဇာတ်လမ်းတစ်ခုမှာ ဇာတ်ဆောင်တွေက အချိန်မိနစ်(၂၀)ကနေ (၆၀)လောက်အထိ ဆက်ဆံကြတာကို ကြည့်နေကြရမှာဖြစ်ပါတယ်။ တကယ်တမ်း သင်မမြင်မတွေ့ရတဲ့အပိုင်းက ကင်မရာစမရိုက်ခင်အချိန်တွေ ဖြစ်ပါတယ်။ အမျိုးသားဇာတ်ဆောင်က ကြာရှည်ခံဆေးပြားသောက်တာတို့၊ ဆေးထိုးတာတို့ စတဲ့ ပြင်ဆင်မှုတွေကို သင်မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ကျွန်တော့် အတွေ့အကြုံအရ အပြာဇာတ်ဆောင် အမျိုးသားတွေရဲ့ (၉၅)ရာခိုင်နှုန်းက လိင်တံကြာရှည်စွာထောင်မတ်နေစေနိုင်မယ့် ဆေးဝါးတွေ သောက်သုံးမှီဝဲလေ့ရှိပါတယ်။ ဆေးမသုံးတဲသူတွေကလည်း သိပ်မရိုက်ရပါဘူး။

ဇာတ်လမ်းထဲမှာ သင့်မြင်တွေ့ရတာ အလုံးစုံပြင်ဆင်ဖြတ်တောက်ထားပြီးသာ ဖြစ်ပါတယ်။ ရိုက်ကူးနေချိန်အတွင်း ရပ်နားတာ၊ ပြန်ရိုက်တာတွေကို မြင်ရမှာ မဟုတ်ပါဘူး။ စားချိန်သောက်ချိန်အတွက်၊ အနားယူဖို့အတွက်၊ လိင်တံပြန်မတ်လာဖို့အတွက် စသဖြင့် ရပ်နားချိန်တွေကို ဇာတ်လမ်းထဲမှာ မထည့်ထားတာကြောင့် ဖြစ်ပါတယ်။ ရိုက်ကူးနေချိန်အတွင်းမှာ အပေါ့အပါးသွားဖို့၊ ရုပ်ငြိမ်ဓာတ်ပုံရိုက်ဖို့ စသဖြင့် ရပ်နားချိန်တွေ အများကြီးရှိပါသေးတယ်။

တကယ်အမှန်တရားက အပြာဇာတ်ဆောင်အမျိုးသားရော အမျိုးသမီးရောက ကြည့်ရှုသူတွေ ထင်ထားသလောက် အချိန်အကြာကြီး မရပ်မနား လိင်ဆက်ဆံနေတာ မဟုတ်ဘူးဆိုတာပါပဲ။

အမျိုးသားဇာတ်ဆောင်တွေလို သာမန်ထက်ပိုပြီး အချိန်အကြာကြီးဆက်ဆံနိုင်ရင်လည်း ပိုကောင်းတာပဲလို့ ထင်မိနိုင်ပါတယ်။ တကယ်တော့ နောက်ဆက်တွဲပြဿနာတွေ ရှိပါသေးတယ်။ အမျိုးသားတစ်ယောက်အနေနဲ့ (၂)လအတွင်းမှာ တစ်ပတ်ကို (၆)ရက်(၇)ရက်လောက် အချိန်အကြာကြီး လိင်ဆက်ဆံတဲ့အခါမှာ ဘာဖြစ်လာမယ် ထင်ပါသလဲ။ အမျိုးသားဇာတ်ဆောင်တွေရဲ့ လိင်တံဟာ ခံစားမှုကင်းမဲ့သွားပြီး လိင်ဆက်ဆံနေချိန်မှာ အမှန်တကယ် သုက်မလွှတ်နိုင်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် အပြင်ကိုဆွဲထုတ်ပြီး လက်နဲ့ကိစ္စပြီးအောင် လုပ်ကြရပါတယ်။ ဒါ့ထက်ပိုဆိုးတာက သူတို့က ကြာရှည်ခံဆေးဝါးတွေကို ခံနိုင်ရည်ရှိလာပြီး လိင်ဆက်ဆံဖို့အတွက် လိင်တံမထောင်မတ်နိုင်တော့တာ၊ ပန်းသေသွားတာတွေအထိ ဖြစ်ကြပါတယ်။

 ဆက်တိုက် စအိုဖြင့် လိင်ဆက်ဆံခြင်း

အပြာဇာတ်ကားတွေထဲမှာ လိင်ဆက်ဆံတာက ဆက်တိုက်လုပ်နေတယ်လို့ ထင်ရအောင် ဒီဇိုင်းလုပ်ထားတာ စ်ြပါတယ်။ ဒါပေမယ့် အမှန်တရားနဲ့တော့ ဝေးကွာလွန်းပါတယ်။ အထူးသဖြင့် စအိုဖြင့် လိင်ဆက်ဆံခန်းတွေ ဖြစ်ပါတယ်။

ဒီလိုအခန်းမျိုးတွေ မရိုက်ခင်မှာ အမျိုးသမီးဇာတ်ဆောင်က ပြင်ဆင်မှုတွေ အများကြီးလုပ်ကြရပါတယ်။ ဇာတ်ကားရိုက်ကူးနေချိန်မှာ မစင်အညစ်အကြေးတွေ ထွက်မလာဖို့အတွက် အကြိမ်များစွာ ၀မ်ချူရတာကနေ တကယ်မရိုက်ကူးခင် (၄)နာရီကနေ (၁၂)နာရီအတွင်း အစားမစားရတာတွေအထိ ပြင်ဆင်ရပါတယ်။

ဒါ့ကြောင့် စအိုပေါက်နဲ့လိင်ဆက်ဆံတဲ့ဇာတ်ဝင်ခန်းကို မြင်တွေ့ရတဲ့အခါတိုင်းမှာ သရုပ်ဆောင်အမျိုးသမီးက ဗိုက်ဆာဆာနဲ့ ရိုက်ထားရတယ်ဆိုတာကို သတိရပါ။ တခါတလေးမှာ သူမဗိုက်ထဲက အော်မြည်နေတဲ့ အသံကိုတောင် ကြားရနိုင်ပါတယ်။

လိင်စိတ်ထန်လွန်းတဲ့ အမျိုးသမီးများ

ဟုတ်ပါတယ်။ ဇာတ်လမ်းထဲက သရုပ်ဆောင်အမျိုးသမီးတွေက လိင်စိတ်ကြွလွန်းတယ်လို့ ထင်ရပါတယ်။ ကျွန်တော့်အတွေ့အကြုံအရပြောရရင်တော့ ဇာတ်ဆောင်အမျိုးသမီးအများစုဟာ ငွေကြေးအတွက် အပြာဇာတ်ကားတွေမှာ သရုပ်ဆောင်တာဖြစ်ပါတယ်။ ပြီးတော့မှသာ နာမည်ကျော်ကြားဖို့၊ လွတ်လပ်ဖို့အတွက် ဦးစားပေးကြပါတယ်။ လိင်မှုကိစ္စက နောက်ဆုံးမှဖြစ်ပါတယ်။

သူတို့တွေထဲက တချို့က လိင်ဆက်ဆံရတာကို မပျော်ကြပါဘူး။ တစ်ချို့တွေကျတော့လည်း ဆန့်ကျင်ဖက်လိင်ကိုပဲ သဘောကျပြီး မိန်းကလေးချင်းဆက်ဆံတဲ့အခန်းတွေ မရိုက်ချင်တတ်ကြပါဘူး။ တစ်ချို့တွေကျတော့ ယောင်္ကျားတွေနဲ့ မဆက်ဆံလိုကြပဲ မိန်းမချင်းပဲ သဘောကျတတ်ကြပါတယ်။

ဒါပေမယ့် သူတို့က ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းသရုပ်ဆောင်ကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေအားလုံးက အတုယောင်တွေပဲဖြစ်ပါတယ်။

အမျိုးသမီးတွေ သုက်လွှတ်ခြင်း

အမျိုးသမီးတွေ သုက်လွှတ်ခြင်းဟာ ဖြစ်နိုင် မဖြစ်နိုင်နဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေပါတယ်။ ဒါပေမယ့် သေချာပြောနိုင်တာက အပြာဇာတ်ကားတွေမှာ အမျိုးသမီးတွေ သုက်ပန်းထွက်တာက အမြဲတမ်းအမှန်မဟုတ်ဘူးဆိုတာပါပဲ။ တကယ်လက်တွေ့ကတော့ အမျိုးသမီးတွေ ဆီးသွားတာ ဒါမှမဟုတ် မိန်းမအင်္ဂါထဲကို ရေထိုးထည့်ပြီး ညစ်ထုတ်စေတာတွေကို ရိုက်ထားတာဖြစ်ပါတယ်။

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း

အပြာဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေအားလုံးက (၁၄)ရက် ဒါမှမဟုတ် ရက်(၃၀)ကြာတိုင်းမှာ ဆေးစစ်ခံရလေ့ရှိပါတယ်။ ဒီလို စစ်ဆေးပေမယ့်လည်း ကုသပျောက်ကင်းနိုင်တဲ့ လိင်မှတဆင့်ကူးစက်ရောဂါတွေကတော့ ပျံနှံ့နေဆဲဖြစ်ပါတယ်။ တချို့တွေဆိုရင် မကြာခဏကူးစက်ခံရလေ့ရှိပြီး ကုသတဲ့ဆေးကိုတောင် ခံနိုင်ရည်ရှိနေတာမျိုး တွေ့ရပါတယ်။

ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် အပြာဇာတ်ဆောင်တစ်ယောက်အနေနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံတဲ့ အခန်းရိုက်ကူးတိုင်းမှာ ကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကြေးစားတစ်ယောက်နဲ့ လိင်ဆက်ဆံတော့မယ်ဆိုရင် အကာအကွယ်မပါပဲ ဘယ်တော့မှ မဆက်ဆံမိပါစေနဲ့။

#Achitlwinpyin
Credit-gentleman
Previous
Next Post »