လိုင်းပေါ်မှာ နာမည်ကြီးသထက်ကြီးနေတဲ့ အတွဲရဲ့ နောက်ဆက်တွဲ


အနောက်နိုင်ငံတွေမှာ Living Together ယဉ်ကျေးမှုဆိုတာ
လက်မထပ်ခင်အတူနေတာဘဲ
အတူနေတယ်ဆိုတာ အိမ်တစ်အိမ်ထဲ တိုက်ခန်းတစ်ခုထဲ
မနက်ကနေ ညအထိ
တစ်နေ့တာလုံး နှစ်ယောက်သားအတူတူ
ဖြတ်သန်းကြတာဘဲ
အချိန်ကာလအားဖြင့်လည်းတစ်ပတ်နဲ့ တစ်ပတ်အထက်ပေါ့
သူတို့ရဲ့ Living Together ဆိုတာ
မြန်မာနိုင်ငံအနေနဲ့ ပြောရရင် သုံးနှစ်သုံးမိုး စောင့်ကြည့်တဲ့စနစ်နဲ့တူတူရယ်ပါ
လက်မထပ်ခင်မှာ ကိုယ်နဲ့အဆင်ပြေမပြေ
ကိုယ့်မိသားစုနဲ့ အဆင်ပြေမပြေ
ကိုယ့်စရိုက် သူ့စရိုက် ပြေမပြေ
ပြီးတော့ သူတို့စီမှာ ပိုသွားတာက
sex ပါ အပေးအယူမျှမမျှပေါ့
တစ်နည်းအားဖြင့်ပြောရရင် အိမ်ထောင်အသေးကလေးပြုလိုက်တာဘဲ
အိမ်ထောင်အစမ်းပြုလိုက်တာဘဲ
sex တစ်ခုတည်းအတွက်ရယ် ဆိုတာထက်
တစ်ဘဝလုံးနီးစပ်နိုင်ဖို့ အနီးကပ်လေ့လာတယ်ဆိုတဲ့ပုံစံရယ်ပါ

မြန်မာနိုင်ငံက sleeping together

ဒါကိုပြောမယ်ပြင်တော့ ဒီ Page အစလောက်တုန်းက
တစ်ယောက်နဲ့ ပိုးစိုးပက်စက်ငြင်းခဲ့ရတာလေးသတိ
ရတယ်
သူက living together နေတာဘာဖြစ်လဲ
ကိုယ်က အမြင်ကျဉ်းတယ်ပေါ့
အတူနေတာဘာဖြစ်လဲပေါ့
လက်မထပ်ခင် သူ့အကြောင်းသိ
ကိုယ့်အကြောင်းသိ Living together နေသင့်တယ်ပေါ့
ကြားလူတွေက ဘာမှပါစရာမလိုဘူးပေါ့

ကျွန်တော်မြင်တာကျတစ်မျိုး
ဒီနိုင်ငံမှာ sex ကိစ္စတောင်းတယ်ဆိုတာ
တစ်ဘဝလုံးအတွက် အဆင်ပြေမပြေ ကြည့်ချင်တာမျိုးမဟုတ်ဘူး
အပျိုစင်ဆိုတာကို စားသုံးချင်တာ
မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝကို
ပထမဆုံး (ရိုင်းရိုင်းပြောရရင်) ပါကင်ဖောက်ချင်တာ
ဒါဘဲ
အကြောင်းပြချက်တွေက
လုပ်စားနေတဲ့မိန်းကလေးတွေထက်သန့်တယ်
ရောဂါမရှိနိုင်သေးဘူး
စိတ်ပါတိုင်းပိုက်ဆံမကုန်ပဲအလကားလုပ်လို့ ရတယ်
နောက်တစ်ခုကတော့ ပြောမကောင်းလို့ ချန်လှပ်ထားခဲ့တယ်
ဘယ်မှာလဲ လက်ထပ်ပြီးရင် အဆင်ပြေမပြေလေ့လာတယ်ဆိုတာ
လုံးဝမရှိဘူး
လိင်ကိစ္စအာသာဖြေရုံသက်သက်ပဲ
ပြီးတော့ အချိန်ကာလအားဖြင့်လည်း
ချိန်းထားတဲ့အချိန်လေးအတွင်း
ဒါမှမဟုတ် ခရီးသဘောမျိုးလိုက်သွားတယ်ဆို
အဲ့အချိန်ကာလအတွင်းမှာသာ အတူနေဖြစ်ပြီး
အနာဂတ်အတွက် အတူနေဖို့ အဆင်ပြေမပြေ
 ညှိနှိုင်းနေတာမျိုးမရှိ
ဒါ့အပြင် မြန်မာနိုင်ငံက မိန်းကလေးတွေဟာ
ပျော့ညံ့တယ်
ကိုယ့်အပျိုစင်ဘဝကို ပေးခဲ့တဲ့လူဆီမှာဘဲ
Virgin အပြင် ဘဝပါပုံအပ်လိုက်တာ
အဲ့တော့ နိုင်ကွက်ကြီးတစ်ကွက်ရသွားသလိုဘဲ

အမိုက်ရိုင်းဆုံး ကြုံခဲ့တဲ့ case နှစ်ခုကိုပြောရရင်
ကိုယ့်ချစ်သူကို ဝေစားမျှစားဆိုပြီး လူ ရှစ်ယောက်လောက်နဲ့
Group sex လုပ်ခိုင်းတာမျိုး
ကိုယ့် သူငယ်ချင်းနဲ့ sex အတင်းလုပ်ခိုင်းတာမျိုး

ဘယ်နဲ့ဗျာ
ကျွန်တော်ဆို ကျွန်တော့်ကောင်မလေးကို စိုက်ကြည့်တဲ့ကောင်ရှိနေရင်တောင် ဒေါသကထွက်ပြီး
သွားထိုးချင်နေတဲ့ကောင်
အပေါ်က case တွေကြားနေတဲ့အချိန်မှာ
လက်ပါ ဆတ်ဆတ်တုန်တဲ့အထိ ဒေါသတွေထွက်လာတယ်

ဒါ့အပြင် sex education မရှိတော့ ကိုယ်ဝန်ရလာတာတစ်မျိုး
သူသောက်ခိုင်းတဲ့ဆေးတွေ သောက်သောက်နေတာ
သမီး ရာသီလာတာ ဘယ်လိုမှအဆင်မပြေတော့ဘူး ဆိုတာက တစ်ဖုံ
အများကြီးဘဲ
တကယ်မနောက်ဘူး
အရင်ကသိသာသိပေမယ့်
ဒီလောက်မဆိုးဘူးထင်နေတာ
မြန်မာပြည်မှာတကယ့် လူယုတ်မာအောက်တန်းစား
ကောင်တွေတွေမနည်းဘူး…

မင်းကော ယောကျာ်းလေးမဟုတ်ဘူးလားပေါ့
ကိုယ်လည်းယောကျာ်းလေးပါ
သို့သော်
မိန်းကလေးတွေရဲ့ ဘဝကိုစားသုံးနိုင်မှ
ယောကျာ်းကောင်းလား
ဥပဒေရဲ့ အာဏာစက်အောက် မရောက်လိုက်တဲ့
ပြသနာတွေအများကြီးဆိုတာခုမှ ကောင်းကောင်း
သိနေရတယ်

ဘာဘဲဖြစ်ဖြစ်ပါ
မြန်မာနိုင်ငံမှာ Sleeping Together ဆိုတဲ့ယဉ်ကျေးမှုတစ်ခုကတော့ အထိုင်ကျနေခဲ့ပြီ
ကိုယ့်ဥာဏ်နဲ့ကိုယ်သာ စောင့်ထိန်းပါတော့ ညီမငယ်တို့
အစ်မတို့ရေ။

Credit - Min Htet Lwin
Previous
Next Post »