မိန်းမသားများ စိတ်ကျေနပ်မှုနှင့် ပတ်သက်ပြီး သိသင့်သမျှသင်ခန်းစာများ


လူသားတွေရဲ့လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသင်ခန်းစာတွေမှာ သင်ဖူးပါသလား။ သင်ဖူးတယ်ဆိုရင်တော့ စိတ်ဝင်စားစရာအကောင်းဆုံးက အမျိုးသမီးတွေကိစ္စပြီးခြင်းကဏ္ဍပဲ ဖြစ်နိုင်ပါတယ်။ ချစ်တင်းနှောတဲ့အခါမှာ အမျိုးသမီးတွေကလည်း ကိစ္စပြီးတဲ့ခံစားမှုကို လိုချင်တတ်ကြသလိုအမျိုးသားတွေကလည်း ပေးစွမ်းလိုကြပါတယ်။ ဒါပေမယ့်တကယ်တမ်းလက်တွေ့မှာတော့ မှန်းချက်နဲ့နှမ်းထွက် မကိုက်ကြရတာက များပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် သင်ခန်းစာ(၁၀)ခုကို လေ့လာပြီးရင်တော့ အမျိုးသမီးတွေကိစ္စပြီးခြင်းနဲ့ ပတ်သက်ပြီး သိမှတ်ဆင်ခြင် လုပ်ဆောင်သင့်တာတွေကို သိရှိသွားပြီး အကောင်းဆုံးစွမ်းဆောင်ပေးနိုင်လာမှာ ဖြစ်ပါတယ်။
၁။ အချိန်ပေးပါ။
သင့်အနေနဲ့ အချိန်အကြာကြီးချစ်တင်းမနှောနိုင်မှာကို စိုးရိမ်သလိုပဲ အမျိုးသမီးအများစုကလည်း ကိစ္စပြီးဖို့ အချိန်အရမ်းကြာတယ်လို့ အထင်ခံရမှာကြောက်တတ်ကြတဲ့အတွက်ကိစ္စပြီးသယောင် ဟန်ဆောင်တတ်ကြပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် သင်ရော သူမရော ကိစ္စပြီးဖို့ကိုပဲ အာရုံစိုက်မနေပဲ စိတ်လက်သက်သာအောင် ဖြေလျှော့ထားတတ်ဖို့ လိုပါတယ်။ လေ့လာမှုတွေအရလည်း စိတ်လျှော့ထားတာက အမျိုးသမီးတွေကို ကိစ္စပြီးစေနိုင်မယ့် အရေးကြီးအချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူမကို တစ်ညလုံးအချိန်ရကြောင်း ပြောပါ။ အချိန်ယူပြီး တဖြည်းဖြည်းချင်း ခံစားမှုကောင်းလာစေဖို့ လုပ်ဆောင်ပေးပါ။ အမျိုးသမီးတစ်ယောက်ကိစ္စပြီးဖို့က (၁၅)မိနစ်ကနေ မိနစ်(၄၀)လောက်ကြာတတ်ပါတယ်။ ဒါ့ကြောင့် အချိန်ပေးပြီး လုပ်တတ်ဖို့ လိုပါတယ်။
၂။ ပင်ကိုယ်အရည်အချင်းတွေနဲ့ စိတ်ကို နှိုးဆွပါ။
အကောင်းဆုံးချစ်တင်းနှောမှုဆိုတာက အ၀တ်အစားတွေ မချွတ်ခင်ကတည်းက စတင်ပါတယ်။ ရုပ်ရည်ကြည့်ကောင်းတာ၊ ခန္ဓာကိုယ်အချိုးအစားကျနတာတွေထက်ပိုပြီး အမျိုးသမီးတွေကို စိတ်ကြွလာစေနိုင်တာက သင့်ရဲ့ပင်ကိုယ်အရည်အချင်းတွေပါ။ အလွယ်ဆုံးနည်းလမ်းကတော့ သူမကို ရယ်မောပျော်ရွှင်စေတာပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဟာသတွေနဲ့ ရယ်မောစေတတ်တာကလည်း အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။
၃။ အ၀တ်ဗလာဖြစ်သွားရင်လည်း စကားပြောပါ။
အ၀တ်မဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ်များတဲ့ အမျိုးသမီးတွေက ကိစ္စပြီးဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရှက်ကြောက်တတ်သူတွေဟာ သာယာကျေနပ်မှုနည်းပါးတတ်ကြပါတယ်။ ဒီအချက်ကို မြှောက်ပင့်ပြောစကားလေးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ သင့်အနေနဲ့ သူမရဲ့အ၀တ်မဲ့ခန္ဓာကိုယ်ကို မြင်တွေ့ရတာ သဘောကျတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ချီးမွမ်းစကား ပြောပါ။
၎။ နူးညံညင်သာမှုရှိပါစေ။
ကနဦးပွတ်သပ်နိုးဆွချိန်မှာ သူမရင်သားတွေရဲ့ အပေါ်ဖက်၊အောက်ဖက်နဲ့ ဘေးဖက်တွေကို အသာအယာပွတ်သပ်ပေးပါ။ ဒီနေရာတွေက ရင်သားထိပ်ပိုင်းနဲ့ ဘတ်သီးလေးတွေထက် အာရုံခံစားမှုပိုကောင်းပြီး စိတ်ကိုနိုးကြွစေပါတယ်။ ပြီးတော့မှ တဖြည်းဖြည်းချင်း ဘတ်သီးလေးဆီကို ရွေ့လျားလာပြီး သူမရဲ့တုံ့ပြန်မှုတွေကို သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူမစိတ်နိုးကြားလာပြီဆိုရင် ဘတ်သီးခေါင်းလေးတွေထဲကို သွေးတွေစီးဝင်လာပြီး သွေးခုန်နှုန်းကို စမ်းမိမှာဖြစ်ပါတယ်။ ဒီအချိန်ဆို အောက်ပိုင်းမှာလည်း စိုစွတ်နေလောက်ပါပြီ။
၅။ ချက်ကောင်းကို ကိုင်တတ်ဖို့ လိုပါတယ်။
လက်နဲ့နှိုးဆွမှုပြုလုပ်ချိန်မှာ အမျိုးသမီးတွေ သဘောကျတဲ့အချက်က ဖြည်းဖြည်းချင်းလုပ်ပေးတာပဲ ဖြစ်ပါတယ်။ သူမဘေးမှာ လှဲလျောင်းလိုက်ပါ။ လက်ဖနောင့်နဲ့ သူမရဲ့ Clit ပေါ်ကို အုပ်မိုးထားပြီး အပြင်ဖက်နှုတ်ခမ်းစပ်တစ်လျှောက်ကို လက်ခလယ်၊ လက်သူကြွယ်တို့ကို သုံးပြီး ပွတ်သပ်ပေးပါ။ အရင်ဆုံး အရေပြားကိုပွတ်သပ်ရင်း တင်းမာလာမှုပေါ်ကိုလိုက်ပြီး ဖိအားလေးသုံးပေးပါ။ လက်ချောင်းလေးတွေနဲ့ပွတ်သပ်ပေးနေချိန်မှာ လက်ဖ၀ါးက သူမရဲ့ Clit ကို သွယ်ဝိုက်သောအားဖြင့် နှိုးဆွပေးသလို ဖြစ်နေမှာပါ။ တဖြည်းဖြည်း စိတ်ပါနိုးကြွလာပြီဆိုတော့မှ Clit လေးကို တိုက်ရိုက်ထိတွေ့ပြီး လှုပ်ရှားပေးလိုက်ပါ။
၆။ အနေအထားဂရုစိုက်ပါ။
သူမကို စိတ်အကြွဆုံးဖြစ်စေမယ့် လှုပ်ရှားမှုပုံစံကို စူးစမ်းဖော်ထုတ်ပါ။ အရေးစိုက်သင့်တဲ့နေရာက သူမမိန်းမကိုယ်အရှေ့ဖက်နံရံရဲ့အတွင်းအပေါ်ဖက် (၁)လက်မ (၂)လက်မှခန့်မှာ ရှိတဲ့ G-spot နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာက စိတ်ကြွနေချိန်မှာ ရောင်နေသလိုဖြစ်တတ်ပါတယ်။ သင့်လက်ချောင်းလေးတွေနဲ့ ဖြေးညင်းငြင်သာစွာ နှိပ်နယ်ပေးပါ။
၇။ လှုပ်ရှားမှုတွေ၊ တပြိုင်နက်လုပ်ဆောင်တတ်ဖို့ လိုပါတယ်။
သူမရဲ့ သာယာကျေနပ်မှုကို အမြင့်ဆုံးဖြစ်စေဖို့အတွက်အာရုံခံစားနိုင်တဲ့အစိတ်အပိုင်းတွေနဲ့ ထိတွေ့မှုကို တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။ သူမကို လွတ်ထွက်သွားစေနိုင်မယ့် အကွက်တစ်ခုက လဲအိပ်ခိုင်းလိုက်ပါ။ ခြေထောက်တွေကိုဆန့်တန်းထားပါစေ။ သူမအပေါ်ကို မတက်ပဲ ပုခုံးနားမှာ လက်မောင်းတွေနဲ့ ဖက်ထားလိုက်ပါ။ သင့်ရဲ့တံတောင်ဆစ်တွေနဲ့ အားပြုထောက်ကန်ထားပြီး သင့်ရင်အုပ်က သူမမေ့စေ့ထက်မှာ ရှိနေပါစေ။ အဓိကရည်ရွယ်ချက်က သင့်ပစ္စည်းအရင်းပိုင်းနဲ့ သူမရဲ့ Clit ကို ထိတွေ့စေဖို့ ဖြစ်ပါတယ်။ ဒီအနေအထားမှာ အသွင်းအထုတ် လုပ်တာမျိုးမဟုတ်ပဲ ထက်အောက်လှုပ်ရှားပြီး ဖြည်းဖြည်းချင်းဆောင့်ပေးတာမျိုးကသူမစိတ်ကို အစွန်းဆုံးထိ နိုးကြားလာစေမှာ ဖြစ်ပါတယ်။
၈။ သူမကိစ္စပြီးမပြီးကို သိရှိပါစေ။
Oral sex (ပါးစပ်ဖြင့် ဖျော်ဖြေပေးခြင်း)ကိစ္စကို ဖြည်းဖြည်းချင်းသွားပါ။ သူမရဲ့ပေါင်အတွင်းသားတွေကို အရင်ဆုံးနမ်းပါ။ပြီးမှာ အတွင်းနှုတ်ခမ်းသားရော အပြင်နှုတ်ခမ်းသားလေးတွေကို နမ်းပါ။ သင့်လျှာကို ကျယ်ပြန့်စွာ လှုပ်ရှားတတ်ဖို့ လိုပါတယ်။ သူမသဘောကျမကျကို တင်ပါးလှုပ်ရှားပုံကို ကြည့်ပြီး ခန့်မှန်းပါ။ နည်းလမ်းမျိုးစုံသုံးနေချိန်မှာ သူမရဲ့ညည်းညူသံကို နားထောင်ပြီး ဘယ်လိုလုပ်တာကို သဘောကျလဲအကဲခတ်ပါ။ သူမ ခံစားမှုအထွဋ်အထိပ်ကို ရောက်ရှိလုနီးမနီးကို မအင်္ဂါအရောင်ပြောင်းလာတာ၊ အသက်ရှုမြန်လာတာစတဲ့ လက္ခဏာတွေကို ကြည့်ပြီးသိနိုင်ပါတယ်။ လက်တစ်ဖက်က ဗိုက်ပေါ်တင်ထားပြီး ကြွက်သားကျုံ့တာကို စမ်းပြီးလည်း သိနိုင်ပါတယ်။ သူမကိစ္စပြီးတဲ့အခါမှာ ဗိုက်ကြွက်သာတွေကို ရှုံ့လိုက်တတ်တာကြောင့် ဖြစ်ပါတယ်။
၉။ သူမကို သဘောကျဖြစ်ပါစေ။
အမျိုးသားတွေအနေနဲ့ ကိစ္စပြီးတော့မယ်ဆိုရင် ဘယ်လိုအနှောက်အယှက်မျိုးပဲရှိရှိ ပြီးသွားတတ်ကြပေမယ့် အမျိုးသမီးတွေကတော့ မဟုတ်ပါဘူး။ သူမကိစ္စပြီးလုနီးဖြစ်နေချိန်မှာ သင့်အနေနဲ့ ရပ်လိုက်တာ၊ ပုံစံပြောင်းတာ စတာတွေကသူမကို လမ်းဆုံးရောက်စေတော့မှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ နည်းလမ်းအသစ်၊ အနေအထား အသစ်တွေကို စမ်းကြည့်သင့်တာမှန်ပေမယ့် သူမသဘောကျပြီး ခံစားကျေနပ်နေမယ့် အကွက်ကိုတွေ့ပြီဆိုရင်တော့ သူမကိစ္စပြီးသည်အထိ ဒီတစ်မျိုးပဲ သုံးတာကောင်းပါတယ်။
၁၀။ သူမကို အရင်ပြီးနှင့်ပါစေ။
နှစ်ယောက်စလုံးရှေ့ဆင့်နောက်ဆင့် ကိစ္စပြီးတာကတော့အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးဦးစားပေးစနစ်ကို ဒီနေရာမှာလည်း သုံးတတ်ဖို့ လိုပါတယ်။ သူမရဲ့ပစ္စည်းကို အချိန်အကြာကြီး ပွတ်တိုက်နေတာက တဖြည်းဖြည်းနဲ့ အာရုံခံစားမှုကင်းမဲ့သွားစေပြီး ခံစားမှုရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အသွင်းအထုတ်ကိစ္စတွေ မတိုင်ခင်ကတည်းက သူမကို သာယာကျေနပ်မှုပေးထားလိုက်ပါ။ အမျိုးသမီးကို အရင်ဆုံးကိစ္စပြီးစေလိုက်တာက နောက်တစ်ချီချစ်တင်းနှောတဲ့အခါမှာ သူမအတွက် အလွယ်တကူ ခံစားမှုအထွဋ်အထိပ်ရောက်စေပြီး မြန်မြန်ဆန်ဆန်ကိစ္စထပ်ပြီးစေနိုင်ပါတယ်။
#Achitlwinpyin
Credit-gentleman 
Previous
Next Post »