ကျန်မားသန်စွမ်းချင်တဲ့ အမျိုးသားတွေအတွက် ဆောင်ရန်၊ရှောင်ရန် နည်းလမ်းကောင်းများ


အမျိုးသမီးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အနေအထားကို စိုးရိမ်ပူပန်စိတ်ရှိကြသလို အမျိုးသားတွေဟာလည်း သူတို့ရဲ့ လိင်အင်္ဂါအရွယ်အစားအပေါ် စိုးရိမ်စိတ် ရှိကြပါတယ် ။ အထူးသဖြင့် လိင်အင်္ဂါ သေးကွေးသော အမျိုးသားတွေဟာ မိမိကိုယ်ကို ယုံကြည်မှုနည်းကာ လုပ်ငန်းခွင်မှာရော ၊ အခြား လူမှုဘဝမှာပါ အဆင်မပြေမှုတွေကို ကြုံရလေ့ ရှိပါတယ် ။ ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်နေတဲ့ အမျိုးသားတွေ အတွက် ဆောင်ရန် ၊ ရှောင်ရန် နည်းလမ်းကောင်းများကို ဝေမျှပေးပါရစေ ။

၁။ ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။

မိမိဟာ ဆေးလိပ်သောက်တတ်သူတစ်ဦးဆိုလျှင်တော့ ဆေးလိပ်ကို လုံးဝဖြတ်လိုက်ဖို့ အကြံပြုချင်ပါတယ် ။ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောများကို ကျဉ်းစေကာ နှလုံးရောဂါဖြစ်စေနိုင်သလို လိင်အင်္ဂါသို့  သွေးလည်ပတ်မှု ပိတ်ဆို့စေပါတယ် ။ ဒါ့အပြင် လိင်အင်္ဂါကိုလည်း ပို၍တိုသွားစေပါတယ်။

၂။လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပါ။

သွေးလည်ပတ်မှုကောင်းမွန်စေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ဆောင်တာမျိုးတွေ ရှိသင့်ပါတယ် ။သို့မှသာ လိင်အင်္ဂါလည်း ကျန်းမာကြံ့ခိုင်စေမှာ ဖြစ်ပါတယ် ။

၃။ကယ်လိုရီများသော အစားအစာများကိုရှောင်ပါ။

ကယ်လိုရီများသော ၊ အဆီများသော အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ် ။ ဒီလို အစားအစာတွေကို များများစားသုံးခြင်းက လိင်အင်္ဂါကို သေးသွားစေနိုင်ပါတယ်။

၎။ဟင်းသီးဟင်းရွက်နှင့် အသီးအနှံကို များများစားသုံးပေးပါ။

Fast food လို ဆီကြော်မုန့်တွေကို စားမယ့်အစား အသီးအနှံတွေကို များများစားသုံးပေးပါ ။ Antioxident ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် ၊ အသီးအနှံတွေက လိင်အင်္ဂါကို ကြီးထွားစေဖို့ရာ များစွာ အထောက်အကူပြုပါတယ် ။ ပဲစားသုံးခြင်းကလည်း ပရိုတိန်းဓါတ်ရစေကာ အမျိုးသားတွေအတွက် အထူးကောင်းမွန်ပါတယ်။

၅။ဗိုက်ခေါက်မထွက်ပါစေနှင့်။

ဗိုက်ပူတဲ့ အမျိုးသားများအနေဖြင့် လိုအပ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို ပြုလုပ်ပြီး ဗိုက်အဆီမထွက်အောင် ဆင်ခြင်နေထိုင်ပါ ။ သင်ဟာ လိင်အင်္ဂါ အတော်အသင့်ကြီးသူတစ်ယောက် ဖြစ်နေရင့်တောင့် သင့်ရဲ့ ဗိုက်ပူပူကြောင့် သေးသေးလေးလို့သာ ထင်ရစေပါတယ် ။

၆။စိတ်ဖိစီးမှုတွေ လျှော့ချပါ။

အတတ်နိုင်ဆုံး စိတ်ဖိစီးမှု မရှိအောင် ပြုမူနေထိုင်ပါ ။ စိတ်ဖီးစီးမှုတွေက လိင်အင်္ဂါ ကြီးထွားမှုအတွက် အလွန် အနှောင့်အယှက် ဖြစ်စေပါတယ် ။ စိတ်ဖိစီးမှု များနေလျှင် မိမိရဲ့ လိင်အင်္ဂါဟာ သေးငယ်နေတာကို မြင်တွေ့ရမှာပါ။

၇။တရားထိုင်ပါ။

ဒါကတော့ စိတ်ဖိစီးမှုတွေအတွက် အကောင်းဆုံး ကုထုံးပါပဲ ။ တရားထိုင်ခြင်းက သွေးလှည့်ပတ်မှု မှန်ကန်စေကာ လိင်မှုဘဝမှာလည်း အကောင်းဆုံးသော ခံစားမှုကို ပေးစွမ်းနိုင်ပါတယ် ။ လိင်အင်္ဂါ ဖွံဖြိုးမှုအတွက်လည်း မျာစွာ အထောက်အပံ့ဖြစ်စေနိုင်ပါတယ် ။

၈။နွေးထွေးပါစေ

ရာသီဥတု အေးနေခြင်းက လိင်အင်္ဂါကို ကျုံ့ဝင်သေးသွားစေပါတယ် ။ ဒါ့ကြောင့် မိမိကိုယ်ကို အမြဲတမ်း နွေးထွေးအောင် ထားပါ ။ ဒါ့ပြင် ရေချိုးလျှင် ရေနွေးနွေးဖြင့် ချိုးခြင်းက ခန္ဓာကိုယ်နှင့် လိင်အင်္ဂါအတွက် သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

၉။pumpသုံးပါ။

လိင်အင်္ဂါကြီးထွားစေဖို့အတွက် သုံးရတဲ့ pump မျိုးတွေကို အသုံးပြု၍လည်း ရပါတယ် ။ သုံးတဲ့အခါ cream သို့မဟုတ် gel တစ်မျိုးမျိုးကို လိမ်းပေးပြီးမှ သုံးသင့်ပါတယ်။ သို့သော် ဒီနည်းလမ်းကို ပုံမှန်လုပ်ဆောင်လျှင် သွေးကြောတွေအတွက် အထိအခိုက်ဖြစ်နိုင်တာကြောင့် ရံဖန်ရံခါမှသာ အသုံးပြုသင့်ပါတယ် ။

CHAN (ရွှေအင်းလေး)
Previous
Next Post »