ချိုင်းမည်းတဲ့ကိစ္စဟာ အမျိုးသမီးအများစုအတွက် ပြဿနာတစ်ခုပါပဲ ။ ချိုင်းဖြူအောင် roll on တွေလိမ်း ၊ ကျောက်ချဉ်တွေလိမ်းသော်လည်း မသက်သာတာမျိုးတွေ ဖြစ်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို စမ်းကြည့်လိုက်ပါ ။ ၁၀မိနစ်တည်းနဲ့တင် သိသိသာသာ ဖြူသွားစေပါတယ်။
ပထမနည်းလမ်း
သကြားအနည်းငယ် နှင့် အုန်းဆီအနည်းငယ်ခန့်ကို ရောနှောပြီး မည်းနေတဲ့ ချိုင်းနေရာမှာ ပွတ်လိမ်းပေးပါ ။ မိနစ်အနည်းငယ်ခန့်ကြာလျှင် ရေနွေးလေးဖြင့် ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်လိုက်ပါ ။
ဒုတိယနည်းလမ်း
မီးသွေးမှုန့်နှင့် ပျားရည်ကို ခပ်ပျစ်ပျစ် ရောလိုက်ပါ။ ပြီးလျှင် ချိုင်းပေါ်မှာ သုတ်လိမ်းလိုက်ပါ ။၁၅ မိနစ်ခန့် ထားလိုက်ပြီး ရေနွေးနွေးဖြင့် ဆေးကြောလိုက်ရုံပါပဲ ။
တကယ်ကို ထိရောက်တာမို့ စမ်းကြည့်သင့်ပါတယ်နော် ။ chemical ပါတဲ့ ထုတ်ကုန်တွေကို အသုံးပြုတာထက် အခုလို သဘာဝပစ္စည်းတွေကို အသုံးပြုခြင်းက ဘေးဥပါဒ်ကင်းပြီး စိတ်ချရပါတယ်။
CHAN (ရွှေအင်းလေး)
ConversionConversion EmoticonEmoticon