သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်ဆိုတဲ့ တေးရေး၊တေးဆိုအရိုး


မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၀တ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲကို အမျိုးသားကဇာတ်ရုံမှာ ဇွန်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အစီအစဉ်တွေထဲမှာ မြန်မာ့ရုပ်ရှင်သီချင်းတွေကိုလည်း သီဆိုခဲ့ကြပါတယ်။ အဲ့ဒီထဲမှာ အဆိုတော် စိန်ဝင်းထွန်းက တေးရေး၊ တေးဆို အရိုးရဲ့ ဥ သီချင်းကို သီဆိုခဲ့ပေမယ့် မူရင်းပိုင်ရှင် ကိုအရိုးထံကနေ ခွင့်ပြုချက် မတောင်းခံခဲ့ဖူးလို့ သိရပါတယ်။

R5oprrbt4s6wbg84ua35
အဲ့ဒီအတွက် ကိုအရိုးအနေနဲ့ သူ့ကိုဆက်သွယ်ရန်နဲ့ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိကြောင်းကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာဖြစ်ပြီး "ဘာလုပ်တာလဲဆိုတာ လာရှင်းပြဖို့တော့ လိုလိမ့်မယ် ထင်တယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်နော်။ ကျွန်တော် စောင့်နေတယ်။ ဆက်သွယ်ပါ" ဆိုပြီးရေးခဲ့တာပါ။ ဒီအဖြစ်အပျက်အပေါ် ဂီတအစည်းအရုံးအနေနဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို မသိရသေးပေမယ့် ဒီလိုနိုင်ငံတော်အဆင့် ပွဲတစ်ပွဲအတွက် အခြားသော ဝေဖန်မှုတွေလည်း ရှိနေပါသေးတယ်။
ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲက စိန်ဝင်းထွန်းရဲ့ဖျော်ဖြေမှု

Previous
Next Post »