နေရာတကာမှာ ဘာလို့မအေးသောင်းဖြစ်နေရလဲ?


ဖေ့ဘုတ်လူမှုကွန်ယက်တွေမှာ လတ်တလောခေတ်အစားဆုံး သူတစ်ဦးရှိနေပါတယ်။ သူ့နာမည်ကတော့ မအေးသောင်းလို့ ခေါ်ကြတဲ့ တစ်ခေတ်တစ်ခါက မင်းသမီးချော အေးဝတ်ရည်သောင်းပါ။ လက်ရှိအချိန်မှာတော့ Aye Thaung ဆိုတဲ့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ Follower ပေါင်း ၅ သိန်းနီးပါး ရှိနေပြီဖြစ်ခါ သူ့စာမျက်နှာကို Refresh လုပ်မယ်ဆိုရင် တစ်ခါလုပ်တဲ့ တစ်စက္ကန့်တိုင်းမှာ Follower အရေအတွက်တွေ အမြဲတက်နေတာကို အံ့သြဖွယ်တွေ့ရမှာပါ။

Dvskiujuobva1gx6n2gy
အေးဝတ်ရည်သောင်းဟာ ယခင်က ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်ကူးခဲ့ပေမယ့် အချိန်ကာလအတော်ကြာကြာ ပျောက်သွားခဲ့ပြီးနောက် ယခုနောက်ပိုင်းမှာမှ မြန်မာဝတ်စုံလှလှလေးတွေနဲ့အတူ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကတစ်ဆင့် ပိုမိုလူသိများလာသူပါ။ ဒီကာလဟာ အေးဝတ်ရည်သောင်း တစ်ခေတ်ဆန်းတဲ့ ကာလလို့ ပြောလို့ရပြီး သူပုံလေးတစ်ပုံ၊ အကြောင်းအရာလေးတစ်ခု တင်လိုက်တိုင်း အောက်ကနေ ကွန်မန့်လှလှလေးတွေ ၀ိုင်းပေးကြသူက အများအပြားပါ။ သူ့ရဲ့အောင်မြင်မှုဟာ နိုင်ငံတော်ပိုင်သတင်းစာ မြန်မာ့အလင်းထိတောင် ရောက်သွားခဲ့ပြီး မြန်မာအလင်းက သူနဲ့အင်တာဗျူးထားခဲ့တာပါ။

မအေးသောင်းရဲ့ အနုပညာသက်တမ်းဟာ ၂၀ ကျော်နေပြီဖြစ်ပြီး သူ့ကိုသူတော့ ချစ်စနိုးနဲ့ ပေါက်စီလို့ခေါ်လေ့ ရှိပါတယ်။ မအေးသောင်းဟာ လက်ရှိအချိန်မှာတော့ MNTV မှာပြသလျှက်ရှိတဲ့ ရတနာပုံဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထပ်အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်ဖို့လည်း ရှိနေပါတယ်။ လတ်တလော မအေးသောင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ခေတ်အစားဆုံးကတော့ သူ့ပိုစ့်အောက်မှာ ကွန်မန့်ပေးကြတဲ့ ကဗျာလေးတွေပါပဲ။ ဒီကဗျာလေးတွေရဲ့ နုချက်ကတော့ သူ့ထက်နုတဲ့ကဗျာတောင် သူ့လောက်မနုဘူးလို့ ဆိုရမှာပါ။

Credit -momolay
Previous
Next Post »