လွတ်ကျသွားတဲ့ ကျောက်စိမ်းလက်ကောက် တန်ဖိုးကိုမြင်ပြီး သတိလစ်သွားတဲ့အမျိုးသမီး


ဆိုင်ပေါ်က တန်ဖိုးကြီး ကျောက်စိမ်းလက်ကောက်ကို ကိုင်ကြည့်ရာက လွတ်ကျပြီး ထက်ပိုင်း ကျိုးသွားလို့ တရုတ်အမျိုးသမီးတစ်ဦး သတိလစ်၊ မေ့မြောသွားခဲ့တယ်လို့ ဇွန် ၂၈ ရက်က Next Shark သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ဘက်ပိုင်း Yunnan စီရင်စုကို အလည်လာတဲ့ အမျိုးသမီးတစ်ဦးဟာ Ruili မြို့ပေါ်က ရတနာဆိုင်တစ်ခုမှာ ကျောက်စိမ်း လက်ကောက်ကို ကိုင်ကြည့်ရာက အခုလိုဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

Zb7gs8dyqvgejowwougz
ကျောက်စိမ်းလက်ကောက်ရဲ့ တန်ကြေးဟာ ယွမ် သုံးသိန်း (အမေရိကန်ဒေါ်လာ ၄၄,၁၂ဝ ဒသမ ၂၄ ဒေါ်လာ) ရှိပြီး အလည်လာတဲ့အမျိုးသမီးက ကိုင်ကြည့်နေရင်းမှာ လက်ထဲကနေ မြေပြင်ပေါ် ပြုတ်ကျ၊ ကျိုးပဲ့သွားခဲ့တာ ဖြစ်တယ်လို့ Daily Mail သတင်းဖော်ပြချက်အရ သိရပါတယ်။ ထက်ပိုင်းကျိုးသွားတဲ့ ကျောက်စိမ်းလက်ကောက်ရဲ့ တန်ဖိုးကို မြင်တွေ့သွားတဲ့အခါမှာ အမျိုးသမီးဟာ ချက်ချင်းဆိုသလို လဲပြိုကျသွားတာကို ဗီဒီယိုထဲမှာ အထင်းသား မြင်တွေ့ရမှာပါ။ ဖြစ်စဉ်ကို ဘေးကနေ မြင်တွေ့ခဲ့ရတဲ့ လူတစ်ယောက်ဟာ လဲပြိုကျသွားတဲ့ အမျိုးသမီးကို သတိပြန်လည်လာဖို့ တရုတ် ရိုးရာနည်းအရ အမျိုးသမီးရဲ့ အပေါ်နှုတ်ခမ်းကို ဖိပေးခဲ့တယ်လို့ Shanghaiist သတင်းဖော်ပြချက်အရ သိရပါတယ်။
Xhorwk4o93zifxqya5gk
“သူ လန့်သွားပြီး မေ့မြောသွားတာပါ၊ ဒါပေမဲ့ ကံကောင်းတာကတော့ ဆေးရုံမှာအရေးပေါ်ဆေးကုသမှု ခံယူအပြီးမှာ ပြန်ကောင်းသွားပါတယ်” လို့ ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Lin Wei က South China Morning Post ကိုပြောပါတယ်။ အမျိုးသမီးရဲ့မိသားစုဟာ ဆိုင်ရှင်ကို ယွမ် ခုနစ်သောင်း (အမေရိကန် ဒေါ်လာ ၁ဝ,၂၉၄ ဒသမ ၇၁ ဒေါ်လာ) ပေးခဲ့ပေမဲ့ ဆိုင်ရှင်က မလုံလောက်သေးဘူးလို့ ဆိုတဲ့အတွက် ကျွမ်းကျင်သူတစ်ဦးရဲ့ဆုံးဖြတ်ချက် ဖြစ်တဲ့ ယွမ် ၁၈ဝ,ဝဝဝ (အမေရိကန်ဒေါ်လာ ၂၆,၄၇၂ ဒသမ ၁၄ ဒေါ်လာ) နဲ့ တည့်သွားပါတယ်။ ကျောက်စိမ်းဟာ တရုတ် ရိုးရာ ယဉ်ကျေးမှုရဲ့ စည်းစိမ်ပစ္စည်းတစ်ခု အဖြစ် ပါဝင်နေပြီး သက်ရှည်၊ ကျန်းမာရေးအတွက် သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။

ဗီဒီယို ကြည့်ရှုရန်။

Previous
Next Post »