ထူးထူးခြားခြား မှတ်တမ်းဝင်ထားတဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်တင် (6)ခု


ကမ္ဘာ့ဂင်းနစ်စံချိန်တင်တဲ့အကြောင်းကို တော့ စာဖတ်ပရိသတ်တွေ သိပြီးသားပါ။ ဒါပေမယ့် စာဖတ်သူတွေ ဗဟုသုတ
တိုးပွားစေဖို့ ထူးခြားတဲ့အပြုအမူတွေနဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်တင် မှတ်တမ်းဝင်ထားတဲ့ (6)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဖရဲသီးကို ပေါင်နဲ့ညှပ်ခွဲတဲ့ အမြန်ဆုံးစံချိန်

ယူကရိန်းလူမျိုး အမျိုးသမီးတစ်ဦးဖြစ်တဲ့ Olga Liashchukဟာ 2014ခုနှစ်၊ ဇွန်လ၊ 26ရက်နေ့က အီတလီနိုင်ငံ၊ မီလန်
မြို့မှာ ဖရဲသီး(၃)လုံးကို ပေါင်နဲ့ ခွဲခဲ့ပြီး ကြာချိန်မှာ(14.65)စက္ကန့်ဖြစ်ပါတယ်။ ဖရဲသီး(၃)လုံးကို ပေါင်နဲ့ ခွဲတဲ့ အမြန်ဆုံး
စံချိန်ရှင်အမျိုးသမီးအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ Olgaကို အင်တာဗျူးရာမှာတော့ သူဟာ ကမ္ဘာ့သန်
မာဆုံးအမျိုးသမီးဖြစ်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
၂။ အကြီးမားဆုံး ခေါင်းအုံးနဲ့တိုက်ခိုက်မှု စံချိန်
2015ခုနှစ်၊ ဇူလိုင်လ၊ 21ရက်နေ့က အမေရိကန်နိုင်ငံ၊ Minnesotaပြည်နယ်က St. Paulဘေ့စ်ဘောကွင်းမှာ ကမ္ဘာ့အကြီးမားဆုံး ခေါင်းအုံးနဲ့ တိုက်ခိုက်မှုပွဲကိုပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ခေါင်းအုံးနဲ့ တိုက်ခိုက်တဲ့ပွဲကို St. Paul Saint ဘေ့စ်ဘောအသင်းက ဦးစီးဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပရိသတ် 6261ဦးပါဝင်ခဲ့ပြီး ကမ္ဘာ့အကြီးမားဆုံး
ခေါင်းအုံးတိုက်ခိုက်ပွဲတော်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ St. Paul Saintအသင်းဟာ ပြီးခဲ့တဲ့ 2014
ခုနှစ်က 4201လူဦးရေနဲ့ တင်ထားတဲ့စံချိန်အသစ်ကို ကျော်ဖြတ်ပြီး စံချိန်အသစ်ပြန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
၃။ အချိုရည်သောက်ပိုက်များကို လက်မကူဘဲ အမြန်ဆုံးပါးစပ်ထဲသွင်းတဲ့ စံချိန်
UKအမျိုးသား ဆိုင်မွန်အယ်လ်မိုရီဆိုသူဟာ အချိုရည်သောက်တဲ့ပိုက်(၄၀၀)ကို လက်မပါဘဲ ပါးစပ်ထဲ ပြည့်ကျပ်
အောင် ထိုးထည့်ခဲ့ပါတယ်။ ကြာချိန်မှာ (၁၀)စက္ကန့်ဖြစ်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ ဆိုင်မွန်ဟာ အဆိုပါစံချိန်ကို
2009ခုနှစ် ဂျာမနီမှာ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
၎။ မုန့်ချိုကို နှာခေါင်းနဲ့ မှုတ်ပြီး ပါးစပ်နဲ့ ဖမ်းတဲ့ စံချိန်
ဒီတစ်ခုကတော့ အလွန်ကိုပဲထူးဆန်းတဲ့ စံချိန်ပဲဖြစ်ပါတယ်။ ဒီစံချိန်မှာတော့ လူနှစ်ဦးပါဝင်ပြီး Paul Prado နဲ့ Sophia Rojasတို့ဖြစ်ပါတယ်။ Paul Pradoက မုန့်ချိုကို နှာခေါင်းနဲ့မှုတ်ပြီး Sophia Rojasက အဲ့ဒိမုန့်ချိုကို ပါးစပ်နဲ့ဖမ်းတာပါ။
Paul Pradoက မုန့်ချိကို နှားခေါင်းနဲ့မုန့်လိုက်တဲ့ အရှိန်ဟာ (5.46)မီတာ အကွားအဝေးရှိပြီး Sophia Rojasက ပါး
စပ်နဲ့ဖမ်းခဲ့တာဖြစ်ပါတယ်။
၅။ ကမ္ဘာ့အချမ်းသာဆုံးကြောင် စံချိန်
1988ခုနှစ်မှာ UK မီလျံနာသူဋ္ဌေးတစ်ဦးဖြစ်တဲ့ Ben Reaဟာ သူသေဆုံးသွားခဲ့တော့ သူ့ရဲ့အိမ်မွေးကြောင်ဖြစ်တဲ့
Blackieကို သေတမ်းစာနဲ့ အမွေပေါင်(7)သန်းပေးခဲ့ပါတယ်။ ဒါကြောင့် Blackieဆိုတဲ့ ကြောင်ဟာ ကမ္ဘာ့အချမ်းသာ
ဆုံးကြောင်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Ben Reaဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ကြောင်ထိန်းသိမ်း
စောက်ရှောက်ရေးအဖွဲ့အစည်း(၃)ခုကို လှူဒါန်းခဲ့ပါသေးတယ်။
၆။ သစ်သားToiletအဖုံးများကို တစ်မိနစ်အတွင်း ခွဲခဲ့တဲ့ စံချိန်
အမေရိကန်အမျိုးသား Kevin Shelleyဟာ 2007ခုနှစ်၊ စက်တင်ဘာ(၁)ရက်နေ့ ဂျာမနီနိုင်ငံမှာ အိမ်သာသစ်သားအဖုံး
(46)ခုကို ခေါင်းနဲ့ တစ်မိနစ်အတွင်း ခွဲပြနိုင်သူအဖြစ် စံချိန်တင်ခဲ့ပါတယ်။
Credit-shwemom
Previous
Next Post »