ကြည့်ရှုသူ ၁ဝ သန်း ကျော်သွားပြီဖြစ်တဲ့ လက်တွေ့ကမ္ဘာထဲက Wonder Woman (ရုပ်/သံ)


မိန်းမသားတစ်ယောက် ဖြစ်ပေမဲ့ ဘဝပေးအခြေအနေအရ ကြမ်းတမ်းတဲ့အလုပ်တွေကို လုပ်နေရတဲ့ မိန်းကလေးတစ်ဦးဟာ အွန်လိုင်း အသုံးပြုသူတွေကြားမှာ လက်တွေ့ကမ္ဘာထဲက Wonder Woman အဖြစ် နာမည်ကြီးနေပါတယ်။ တရုတ်နိုင်ငံကလို့ ယုံကြည်ရပြီး နာမည်အတိအကျ မသိရသေးတဲ့ အဲဒီ မိန်းကလေးဟာ သူရွေးချယ်တဲ့ သက်မွေးဝမ်းကျောင်း အလုပ်ကြောင့် အင်တာနက် သုံးစွဲသူတွေကြား နာမည်ကြီးလာတာ ဖြစ်ပြီး ဗီဒီယိုထဲမှာတော့ သူမဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ကြမ်းကြမ်း တမ်းတမ်း အလုပ်ထမ်းရွက်နေတာကို မျက်မြင်တွေ့ရမှာပါ။

သူမရဲ့ ရုပ်သံဗီဒီယိုဟာ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက Youlike မှာ ထွက်ပေါ်လာတာ ဖြစ်ပြီး အခုချိန်အထိဆိုရင် ကြည့်ရှုသူ ၁ဝ သန်းကျော်နဲ့ ပြန်လည်မျှဝသူ တစ်သောင်းကျော်အထိ ရှိနေတာ ဖြစ်ပါတယ်။ အခုလို ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရုန်ကန်ဖို့ အကြောင်းဖန်လာတာကတော့ မိသားစုရဲ့ အိမ်ဦးနတ် ကွယ်လွန်သွားပြီးနောက်မှာ အိမ်ထောင့်တာဝန်တွေဟာ သူမအပေါ် ကျရောက်လာတာက စတင်တာဖြစ်တယ်လို့ ဗီဒီယို အောက်က Comment တွေကနေတစ်ဆင့် သိခဲ့ရပါတယ်။ အင်တာနက် သုံးသူတစ်ဦးကတော့ “မင်းကို အလေးပြုပါတယ် မိန်းကလေး၊ မင်းဟာ တစ်သန်းထဲက တစ်ယောက်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။


အောက်တွင်ရုပ်သံကြည့်ရှူနိုင်ပါသည်။


Previous
Next Post »