တကယ့်အမျိုးသမီး သဘာဝအတိုင်း ဖန်တီးထားတဲ့ Sex Robotကို လာမယ့်နှစ်မှာ ဖြန့်ချိမည်ဟုသိရ


လာမည့်နှစ်မှာ စတင့်ဖြန့်ချိဖို့ ရည်ရွယ်ထားတဲ့ Sex Rebot တွေမှာတော့ လက်ရှိ ဈေးကွက်အတွင်းမှာ ရောက်ရှိနေတဲ့ အသွင်အပြင်တွေနဲ့ လုံးဝမတူပဲ တကယ့်ကို နည်းပညာမြင့် ဖန်တီးထားတယ်လို့ သိရပါတယ်။ အထူးသဖြင့် စက်ရုပ်မှာပါတဲ့အမျိုးသမီး မျိုးပွားအင်္ဂါကို အထူးပြင်ဆင်ထားပြီး အဖော်ဖြစ်သူရဲ့ ကိုယ်အပူချိန်နဲ့ လိုက်ပြီး ပြောင်းလဲပေးမှာလို့ ဆိုပါတယ်။

ဒီစက်ရုပ်တွေကို RealDoll လို့ အမည်ပေးထားပြီး အမေရိကန် ကယ်လီဖိုးနီးယား အခြေစိုက် Abyss Creations က တီထွင်ဖန်တီးထုတ်လုပ်တာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္မဏီကို တည်ထောင်တဲ့ Matt McMullen က ” သုံးစွဲသူတွေကို စက်
ရုပ်ကို တို့ထိနေရတာမျိုးနဲ့ မတူပဲ တကယ့် လူသားအချင်းချင်းမှာသာ ရနိုင်တဲ့ ဖောဋ္ဌဖကို ပေးနိုင်အောင် ကြိုးစားထားပါတယ် … “လို့ပြောခဲ့ပါတယ်။

အဆိုပါ စက်ရုပ်ကို ပေါင် 12000 နဲ့ ရောင်းချမယ်လို့ သိရှိရပြီး ဈေးနှုန်းကြီးမြင့်သလို၊ ဈေးနှုန်းနဲ့ထိုက်တန်တဲ့ စွမ်းဆောင်
ရည်ကိုလည်း ကြုံတွေ့ရစေမယ်လို့ ဆိုပါတယ်။ Love And Sex With Robots စာအုပ်ကို ရေးသားပြီး နာမည်ကျော်ကြားခဲ့တဲ့ စာရေးဆရာ David Levy ကလည်း ဒီအစီအစဉ်ကို ထောက်ခံခဲ့ပါတယ်။
Levy က ” တစ်ချို့တွေ ကြက်သီးမွေးညှဉ်းထလောက်စေတဲ့ စက်ရုပ်က စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ ကျနော် သံသယမရှိပါဘူး … ဒါပေမယ့် အသစ်ထွက်ရှိမယ့် လိင်ပိုင်းဆိုင်ရာ စက်ရုပ်တွေကတော့ များပြားလှတဲ့ အတွေ့အထိတွေကို ပေးမှာပါ “လို့ ပြောခဲ့ပါတယ်။
Levy က ဆက်လက်ပြီး ” ကျနော်တို့ လူနေမှုဘ၀တွေကို အင်တာနက်၊ မိုဘိုင်းပစ္စည်းတွေနဲ့ လူမှုကွန်ယက်တွေက အ
လျှင်အမြန် ပြောင်းလဲစေခဲ့ပါတယ် … ဒါက နည်းပညာရဲ့ ကျေးဇူးပါ … နောက်ဆုံးမှာ ကျွန်တော်တို့တစ်တွေဟာ နည်းပညာနဲ့ ပေါင်းသင်းဆက်ဆံပြီး၊ နည်းပြည်နဲ့ ချစ်ကြိုးသွယ်ကြမယ် … နောက် လိင်ဆက်ဆံကြမယ် … ပြီးတော့ လက်ထပ်
ကြမယ် …ဒီအထိ ပြောင်းလဲလာဖို့ ရှိပါတယ်  ” လို့ပြောခဲ့ပါတယ်
Credit-shwemom


Previous
Next Post »