အဝတ်မဝတ်ပဲ ဆေးခြယ်ရုံပဲ ခြယ်ထားတဲ့မော်ဒယ်နဲ့ အင်္ကျီသစ်ကြော်ငြာခဲ့တဲ့ စကော့တလန်ကလပ်



လက်ရှိအချိန်မှာ ဥရောပဘောလုံးရာသီတွေဟာ တစ်ရာသီကုန်လို့ နောက်တစ်ရာသီကူးမယ့် ကာလမှာဖြစ်ပါတယ်။ ဒါ
ကြောင့် ဥရောပဘောလုံးအသင်းတွေဟာ အပြောင်းအရွှေ့ဈေးကွက်နဲ့အတူ ကမ္ဘာအနှံ့ကိုအသင်းရဲ့ပုံရိပ်တွေကို မြှင့်
တင်ဖို့ ချစ်ကြည်ရေးခြေစမ်းပွဲသွား ကစားနေကြပါပြီ။ ဒါ့အပြင် လာမယ့်ရာသီသစ်မှာဝတ်ဆင်မယ့် စပွန်ဆာနဲ့ အကျီင်္သစ်
တွေကိုလည်း ထုတ်ဖော်ပြသနေကြပါပြီ။ ဒီလို အကျီင်္သစ်တွေကို ကြော်ငြာရာမှာ ဥရောပထိပ်တန်းအသင်းတွေက
တော့ သူတို့မှာ နာမည်ကျော်ကစားသမားတွေရှိလို့ ဒီကစားသမားတွေနဲ့ အကျီင်္သစ်ကို ပွဲထုတ်ကြပါတယ်။
စကော့တလန်က Ayr Unitedလို့အမည်ရတဲ့ ဘောလုံးအသင်းကတော့ သူများတွေနဲ့ ထူးခြားတဲ့ အကျီင်္အသစ်
ကြော်ငြာမှုကြောင့် စကော့တလန်မှာရော ဥရောပမှာပါ ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။  စကော့တလန်ချန်ပီယံရှစ်
အသင်းဖြစ်တဲ့ Ayr Unitedအသင်းဟာ အမည်မဖော်ပြတဲ့ မော်ဒယ်တစ်ဦးကို ငှားပြီး သူမရဲ့အပေါ်ပိုင်းခန္ဓာကိုယ်
မှာ ဆေးရောင်ခြယ်ကာ ပရိုမိုးရှင်းလုပ်ခဲ့တာဖြစ်ပါတယ်။
Ayr Unitedနဲ့ အကျီင်္စပွန်ဆာ Bodogတို့ဟာ အခုနှစ်မှ သူတို့ရဲ့ဂျာစီအကျီင်္အသစ်ကို မော်ဒယ်တွေငှားပြီး ဆေးရောင်ခြယ်ကာ ကြော်ငြာခဲ့တာ မဟုတ်ပါဘူး။ Ayr United ဟာ လွန်ခဲ့တဲ့ (၂၀၁၁)ခုနှစ် (၆)နှစ်ကတည်း
က အခုလိုမျိုး မော်ဒယ်ငှားပြီး အသင်းရဲ့ပုံရိပ်နဲ့ အမှတ်တံဆိပ်ပေါ်ပြူလာဖြစ်အောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။
Bodogကုမ္ပဏီပိုင်ရှင် ကယ်ဗင်အေရီက ”ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ရဲ့ အဝေးကွင်း၊ အိမ်ကွင်းအကျီင်္သစ်နဲ့
ပတ်သက်ပြီး ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ အဝေးကွင်းအကျီင်္သစ်ကို
ပဲ ဆေးရောင်ခြယ်ပြီး ပရိုမိုးရှင်းလုပ်ခဲ့တာဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
M2T (Shwemom)
Previous
Next Post »