ဝင်ပေါက်ကြီး တစ်ခုလုံးပွင့်နေပါရက်နဲ့ ပြတင်းပေါက်ကို မရရအောင်ဖွင့်တဲ့သူခိုး


ဖောက်ထွင်းမှုရဲ့အရင်းအမြစ်ကို မသိရပေမယ့် သူခိုးတစ်ယောက်ရဲ့ အိမ်တစ်အိမ်ကို ၀င်ရောက်ခိုးနေပုံဟာ အလွန်ကို
ပဲ ရယ်ရခက်၊ ငိုရခက်ပါပဲ။ အဆိုပါသတင်းကို mirrorသတင်းစာက ဖော်ပြခဲ့တာဖြစ်ပြီး CCTVကနေတစ်ဆင့်
သူခိုးတစ်ဦးရဲ့ အလွဲလွဲအချော်ချော်တွေကို တွေ့ရတာဖြစ်ပါတယ်။

သူခိုးတစ်ဦးဟာ အိမ်တစ်အိမ်ကို ဖောက်ထွင်းဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ သူခိုးတစ်ဦးဖြစ်ပြီး ပတ်ဝန်းကျင်ကို စူးစမ်း
လေ့လာမှုညံ့ဖျင်းရသလားလို့ အပြစ်ဆိုရမလိုပါပဲ။ အဲဒီသူခိုးဟာ အိမ်ထဲကို ၀င်နိုင်ဖို့အတွက် ပြတင်းပေါက်ကို ဖွင့်ဖို့
ခဲရာခဲဆစ် ကြိုးစားခဲ့ပါတယ်။ ပြတင်းပေါက်ပွင့်သွားတဲ့အခါမှာတော့ သူက အိမ်ထဲကို ၀င်သွားခဲ့ပါတယ်။ အဲဒီမှာ
သူတွေ့လိုက်ရပါတယ်။ သူ့ရဲ့ဘယ်ဘက် ခြေလှမ်း (၄)လှမ်း၊ (၅)လှမ်းလောက်မှာ အိမ်ထဲဝင်နိုင်မယ့် ၀င်ပေါက်ရှိတာကိုတွေ့လိုက်ရပါတယ်။



သူခိုးမှာ စိတ်ရှုပ်သွားတဲ့အနေအထားရှိပုံရပြီး သူ့ရဲ့အမှားကိုလည်း မြင်လိုက်ပုံရပါတယ်။  သူခိုးတွေထဲမှာ မအူမလည်တဲ့သူခိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ CCTVကနေ ပြထားတာက စက္ကန့်(၄၆)စက္ကန့်သာဖြစ်ပြီး ဖောက်ထွင်း
မှုရဲ့ သတင်းအရင်းအမြစ်ကို မသိရပါဘူး။

Credit-shwemom
Previous
Next Post »