ရည်းစားဟောင်းကို မေ့လို့မရနိုင်သေးဘူးဆိုတာ သေချာသွားစေတဲ့ အချက်များ


သင်ဟာ အတိတ်မှာပဲ တ၀ဲလည်လည် ဖြစ်နေသလား။ အထူးသဖြင့် ကိုယ့်အပေါ် မကောင်းလို့ လမ်းခွဲခဲ့တဲ့ ချစ်သူရည်းစား၊ သူကစပြီး ကိုယ့်ကိုအကြောင်းမဲ့ ဖြတ်သွားခဲ့တဲ့ ချစ်သူရည်းစား၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ ချစ်သူရည်းစားကို မေ့ဖို့ကြိုးစားပေမယ့် မမေ့နိုင်ပဲ သတိတရဖြစ်နေသေးသလားဆိုတာ ဒီအချက်တွေက သေချာသွားစေပါတယ်။ 

၁။ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ကိုယ်ပထမဆုံး ဆက်သွယ်ဖို့ ကြိုးစားတဲ့သူဟာ သူပဲ အမြဲဖြစ်နေတတ်တယ်။ 

၂။ သူ့ဆီမှာ သင့်ပစ္စည်းတွေ ခုထိရှိနေတုန်းပဲ။ သူ ဒီပစ္စည်းတွေ ပြန်ပို့မလား၊ ဖုန်းခေါ်မလားဆိုတာကိုလည်း တိတ်တခိုး မျှော်လင့်နေတယ်။ ဒါဟာ ပစ္စည်းတွေလိုချင်လို့ မဟုတ်ပဲ သူနဲ့အဆက်အသွယ် ပြန်ရချင်လို့သာ ဖြစ်တယ်။

၃။ အသစ်တွေတော့ တွေ့ပါရဲ့။ တွေ့တဲ့သူတိုင်းကို သူနဲ့ပဲ အမြဲနှိုင်းယှဉ်ဖြစ်နေတယ်။ 

၎။ သူသွားနေကျ နေရာတွေကို သူနဲ့တွေ့မယ်ဆိုတဲ့ အထင်နဲ့ သွားဖြစ်တယ်။ သူ့ကိုရှာဖြစ်တယ်။

၅။ သူလုပ်နေကျ အရာတွေ၊ သူ့ဝါသနာတွေအတိုင်း ကိုယ်လည်း လုပ်ဆောင်မိနေတယ်။ သူ့ဝါသနာဟာ ကိုယ့်ဝါသနာ ဖြစ်လာခဲ့ပြီ။ ဒါတွေလုပ်နေချိန်တိုင်းလည်း သူ့ကိုပဲ သတိရနေတယ်။

၆။ ဆိုရှယ်မီဒီယာမှာလည်း သူဘာတွေလုပ်နေလဲဆိုတာ အမြဲ လိုက်ကြည့်နေမိတယ်။

၇။ သူ စိတ်ဝင်စားနေတဲ့ သူဟာ ဘယ်လိုလူမျိုးလဲ လိုက်ကြည့်မိတယ်။ ပြီးရင် ကိုယ်နဲ့ယှဉ်ပြီး တွေးမိနေပြန်ရော။

၈။ သူ့ကို မေ့ပစ်နိုင်ဖို့ အသစ်တစ်ယောက်ထားမယ်ဆိုပြီး အပြင်းအထန်လိုက်ရှာနေမိတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေပါလိမ့်မယ်။

၉။ စကားဆယ်ခွန်းမှာ ရှစ်ခွန်းလောက်က သူ့အကြောင်း၊ သူ့နာမည်ချည်းပဲပြောဖြစ်နေတုန်း။

၁၀။ သူပေးထားတဲ့ လက်ဆောင်တွေ၊ နှစ်ယောက်သားအတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို မသိမ်းဆည်းပဲထားထားတုန်း။ လွှင့်မပစ်ပဲ ထားထားတုန်း။

၁၁။ နှစ်ဦးသားအမှတ်တရရှိခဲ့တဲ့ သီချင်းတွေ ပြန်ကြားရင် သူ့ကို လွမ်းဆွတ်နေမိတုန်း။

၁၂။ သူ့ဖုန်းနံပါတ်ကို ခုချိန်ထိ မဖျက်ပစ်နိုင်သေးဘူး။ 



Ref:yourtango
Previous
Next Post »