လူမှုကွန်ယက်ပေါ်မှာမျက်စိရှုပ်အောင်တင်တဲ့စုံတွဲများပြတ်နိုင်ခြေပိုများ


လူမှုသိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုလုပ်ချက်တွေအရ စုံတွဲတွေကြားမှာ စိတ်ထိခိုက်စရာကိုဖြစ်စေတဲ့ အပြုအမူတွေကို တစ်ဦးကပဲဖြစ်ဖြစ်၊ နှစ်ယောက်စလုံးကပဲ ဖြစ်ဖြစ် ပြုလုပ်တယ်ဆိုရင် နှစ်ဦးကြားမှာ အက်ကြောင်းလေးတွေ ကြီးသထက် ကြီးလာပြီး၊ နောက်ဆုံးမှာ အဆုံးသတ်မလှ ဖြစ်စေတယ်လို့ ဆိုပါတယ်။


အများအားဖြင့်တော့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေပေါ်မှာပင် အချစ်နယ်ပယ်အတွင်း သက်ဆင်းနေကြသူတွေ ဘယ်လောက်အထိ ခိုင်မာမှုရှိမရှိဆိုတာ မြင်သာထင်သာ ရှိစေပါတယ်။ ဒီလူမှုကွန်ယက်တွေဟာ  တွေ့ဆုံခြင်း၊ ခင်မင်ခြင်း၊ ချစ်ခင်ခြင်း၊ လမ်းခွဲခြင်း စတဲ့ လူမှုရေးဆိုင်ရာ သဘောတရားတွေရဲ့ ကြီးမားလွန်းတဲ့ ပလတ်ဖောင်းကြီးတစ်ခု ဖြစ်လာ ခဲ့ပါပြီ။
လေ့လာတွေ့ရှိရမှုကတော့ စုံတွဲတွေဟာ သူတို့အတွဲတွေ၊ ဓာတ်ပုံတွေ၊ ဘယ်လောက်ချစ်ကြောင်းတွေ ဖော်ပြခြင်းဟာ သူတို့စိတ်ထဲမှာ စိုးရိမ်စိတ်မြင့်မားခြင်းရဲ့ ပြယုဂ်တွေဖြစ်ပြီး၊ အချစ်ရေးမှာ စိတ်မချရဘူးထင်လေ လူမှုကွန်ယက်ပေါ်မှာ ဓာတ်ပုံ၊ စာသား အစရှိသည်တို့ကို ဝေမျှလေလို့ ဆိုပါတယ်။ ဒီအချက်ဟာ များရင်များသလောက် စုံတွဲတွေကြားမှာ ဖိအား တွေကို တိုးပွားစေပါတယ်
နောက်ထပ်တွေ့ရှိမှုမှာ ပြင်ပမှာ တကယ်ချစ်ခင် ကြင်နာကြသူတွေဟာ လူမှုကွန်ယက်တွေနဲ့ မပတ်သက်ပဲ ပြင်ပမှာသာ တစ်ဦးကိုတစ်ဦး ဂရုစိုက်ကြကြောင်း၊ ကြင်နာကြကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာ အသုံးများရင် များသလောက် စိတ်ဖိအားတွေ၊ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေနဲ့ ဆက်စပ်နေပြီး၊ အင်စတာဂရမ်မှာဆိုရင် လူတစ်ဦးနဲ့တစ်ဦး အခြေနေမတူ
ညီတာခြင်းကို နှိုင်းယှဉ်ကာ အလိုမကျမှုတွေ ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။
တကယ်တော့ အင်တာနက်လူမှုကွန်ယက်ဆိုသည်မှာ စိတ်ကူးနဲ့အလှမ်းကွာဝေးလွန်းပြီး၊ မိမိဆန္ဒတွေရဲ့ထွက်ပေါက်အဖြစ် အတိုင်းအဆမဲ့ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေခံအချက်ဟာ စုံတွဲတွေအပေါ်မှာလည်း သက်ရောက်မှုရှိပြီး၊ စိတ်ကူးနဲ့လက်တွေ့မကျလေ အင်တာနက်ကွန်ယက်ပေါ်မှာ စိတ်ထွက်ပေါက်ရှာလေမို့ ဒီအချက်ဟာ အချစ်ရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။
ပြင်ပမှာ တကယ်ကိုချစ်ချစ်ခင်ခင် ဖြစ်နေကြတဲ့ သူတွေမှာတော့ ချစ်နေရတာနဲ့တင် မအားရပဲ၊ အခြားသူတွေလောက် အင်တာနက် လူမှုကွန်ယက်ပေါ်မှာ စိတ်အပန်းဖြေချိန်၊ သို့မဟုတ် ပြောချင်ရာတွေ ပြောချိန် အလွန်နည်းပါးပါတယ်။ ဒါပေမယ့် ယခုဆိုလိုချက်ဟာ သင်တို့နှစ်ယောက်အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ မျှဝေလေ၊ တစ်ယောက်နဲ့တစ် ယောက် အလှမ်းကွာဝေးလေလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
သို့ပေမယ့် သင့်ရဲ့လက်တွဲဖော်ကပဲဖြစ်ဖြစ် သင်ကပဲဖြစ်ဖြစ် အင်တာနက်ကွန်ယက်ပေါ်မှာ အမြောက်အများ ရေးသားခြင်း၊ Share ခြင်း၊ ပုံတင်ခြင်းတွေ အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ သူ သို့မဟုတ် သင်ဟာ လက်ရှိအချစ်ရေးပေါ်မှာ မသေချာ မရေရာမှုတွေရဲ့ အခြေခံသဘောတရားတွေကြောင့်ဆိုတာတော့ သေချာပါကြောင်း။

နတ်စည်တော် (Shwemom)
Previous
Next Post »