မိုးပျံရထားစီးခွင့်မရတဲ့ ထူးခြားသောအကြောင်းရင်း


အင်္ဂလန်နိုင်ငံ Surrey ရှိ Thorpe ပန်းခြံကို လာရောက်လည်ပတ်တဲ့ အသက် ၂၂နှစ်အရွယ်ရှိ Tanya Willis ဆိုသူ အမျိုးသမီးကို မိုးပျံရထားစီးခွင့်မပြုဘူးလို့ ပြောခံခဲ့ရပါတယ်။ သူမက အရပ်မမီလို့၊ နှလုံးရောဂါရှိလို့ စတဲ့အကြောင်းရင်းတွေကြောင့် မဟုတ်ဘဲ သူ့ရဲ့ ရင်သားကြောင့် စီးခွင့်မပြုတာပါတဲ့။



သူမရဲ့ရင်သားက လုံခြုံရေးဘားတန်းနဲ့ အဆင်မပြေအောင် ကြီးမားနေတဲ့အတွက်ဖြစ်တယ်လို့ မိုးပျံရထားတာဝန်ခံစက်မောင်းသူက ပြောခဲ့ပါတယ်။ ကျွန်မရဲ့ရင်သားကြောင့် မိုးပျံရထားစီးခွင့်ပိတ်ပင်ခံရမယ်လို့ တခါမှ မထင်ခဲ့ပါဘူး။ သူက တန်းစီနေတဲ့ လူရာပေါင်းများစွာကို ဖြတ်ပြီး စီ်းမယ့်နေရာကနေ ပြန်ထွက်ပေးခဲ့ရတဲ့အတွက် အရှက်ခွဲခံလိုက်ရသလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။



Tanya က လက်မှတ်ခ ၃၅ ဒေါ်လာပေးခဲ့ရပေမယ့် သူကိုယ်တိုင်စီးခွင့်မရဘဲ မိသားစုတွေစီးတာကိုပဲ ကြည့်ခဲ့ရပါတယ်။ “မိန်းကလေးတိုင်းရဲ့ ရင်သားက B cup အရွယ်အစားပဲရှိမှာ မဟုတ်ဘူးဆိုတာ သူတို့နားလည်ထားသင့်တယ်လို့ ထင်တယ်။ ဒီ့ထက်လည်း ရင်သားအရွယ်ပိုကြီးတဲ့သူတွေ အများကြီးရှိတာပဲ။ ကျွန်မက ဒီလောက်ဝတဲ့သူမဟုတ်ပေမဲ့ လုံခြုံရေးဘားတန်းတွေနဲ့ ထိုင်ခုံတွေက ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် အဆင်မပြေနိုင်ပါဘူးလို့ဆိုပြီး လက်မှတ်ခကိုလည်း ငွေပြန်မအမ်းပေးခဲ့ပါဘူး။



ကျွန်မဒီနေရာထိရောက်လာခဲ့ပြီးမှ ရင်သားကြောင့် မိုးပျံရထားမစီးခဲ့ရဘဲ ပြန်လာခဲ့ရတာ ယုံတောင် မယုံနိုင်ဘူးလို့”ဆိုပါတယ်။



Ref:elitedaily
Previous
Next Post »