မိန်းကလေးတိုင်းကတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး ဖြစ်ချင်ကြသူတွေ ချည်း ပါ။လူတစ်ချို့က ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ စကားကြားရင် တင်လှ၊ရင်လှ၊ ကိုယ် လုံးလှတာပဲ တွဲမြင်နေကြပါတယ်။ ဒါဟာ တကယ်တော့ မှားပါတယ်။ ဆွဲေ ဆာင်မှုရှိ တယ်ဆိုဟာ အဲ့ဒါတွေနဲ့ပဲ သက်ဆိုင်နေတာမဟုတ် ပါဘူး ။အဓိ ကကတော့ self confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုသာ ရှိနေမ ယ်ဆိုရင် မိန်းကလေးတိုင်းဟာ ဆွဲဆောင်မှုရှိသူတွေဖြစ်လာမှာပါ။ဘာတွေကို ယုံကြည်မှုရှိရမှာလဲ..?ကိုယ့် အလှ၊ကိုယ့်အရည်အချင်းတွေအပေါ် ယုံကြည်မှုရှိ ရမှာပါ။မလှတာကို ဘယ်လိုလုပ်ပြီး ယုံကြည်မှုထားရမှာလဲလို့ မေးခွန်း ထုတ်ေ ကာင်း ထုတ်ပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုမှ လှတယ်မထင်ရင် ဘယ်သူကမှလာပြီး လှတယ်လို့ထင်မှာမဟုတ်ပါဘူး။ နောက်တစ်ချက်ကတော့ ကိုယ့်ဆီမှာ ရှိနေတဲ့ အားနည်းချက်၊အားသာချ က်တွေကို ကိုယ်တိုင်လည်း သိပြီး အရှိအတိုင်း လက် ခံတတ်တဲ့ စိတ်မျိုးကိုမွေးပါ။ self confidence ကို ဘယ်လို တည်ဆောက် ယူမလဲ..?
#သန့်ရှင်း၊သပ်ရပ်စွာ နေထိုင်ပါ
မိန်းကလေး တစ်ယောက်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့က အရေးအကြီးဆုံးေ တွထဲက တစ်ခုပါ။ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေမယ်၊ ခန္ဓာကိုယ် သန့်ရှင်းမှု အားနည်းနေရင် ဘယ်လိုမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။နောက်
တစ်ခုကတော့ အ၀တ်အစားတွေကို သန့်ရှင်းသပ်ရပ်စွာ ၀တ်ဆင်ပါ။ကိုယ်ကိုယ် တိုင် သန့်သန့်ရှင်းရှင်း၊သပ်သပ်ရပ်ရပ်ဖြစ်နေမှ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိ မှာပါ။
#အလှပြင်ပါ
သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်တဲ့ အပြင်နောက် တစ်ခု လိုအပ်တာက အလှ အပပါ။မိတ်ကပ်တွေ အထူကြီးလိမ်းပြီး နှုတ်ခမ်းနီ၊ပါးနီတွေ ရဲရဲတောက် နေရ မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။လုံးဝမပြင်ဆင်ပဲ နေတာမျိုး မလုပ်ပဲ လိုအပ်သေ လာက်လေးတော့ ပြင်ပြင်ဆင်ဆင်လေးနေပေးပါ။နှုတ်ခမ်းနဲ့မျက်လုံးလေး လော က်ကိုတော့ အနည်းဆုံးပြင်ပေးပါ။
#အကောင်းမြင်စိတ်မွေး
ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းကိုပဲ ပြင်ဆင်နေရုံနဲ့မရပါဘူး။စိတ်ကိုလည်း ပြင်ပေးရ ပါမယ်။နေရာတိုင်းကို အဆိုးမြင်စိတ်နဲ့ကြည့်ပြီး သုန်မှုန်နေ တာမျိုးမလုပ်ပါနဲ့။ အကောင်းမြင်စိတ်မွေးပြီး အမြဲတမ်း တက်ကြွလန်းဆန်းနေသူတစ်ယောက်
အဖြ စ် နေထိုင်ပါ။အတွေးနဲ့တင် မရပါဘူး။ အပြုအမှုတိုင်းကလည်း Positive ဖြစ်နေရပါမယ်။
# လေ့ကျင့်ခန်းလုပ်ပါ
ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလည်း လိုပါ တ ယ်။လူတစ်ယောက်ဟာ ကျန်းမာေ နမှတက်တက်ကြွကြွနေနိုင်မှာပါ။ လ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်း မာေ ရးကို စောင့်ရှောက်ပေးရာရောက်သလို၊Strong ဖြစ်ပြီး၊ကျန်းမာ ကြံ့ခိုင်တဲ့ ရုပ်လက္ခဏာကိုပါ ပေးစွမ်းနိုင်ပါတယ်။
# ပြုံးပါ
အရေးအကြီးဆုံးတွေထဲက တစ်ခုပါ။ပြုံးနေရင် မလှတဲ့ သူဆိုတာမရှိပါဘူး။ အမြဲ တမ်း အပြုံးမျက်နှာကိုဆောင်ပါ။အပြုံးဟာ လူမှုဆက်ဆံရေးမှာဆိုရင် အပြုံးက အရမ်းအရေးပါသလို၊မိန်းကလေးတစ်ယောက်ဟာ ပြုံးနေရင် ပုံမှန်ထက်ပိုပြီး ဆွဲဆောင်မှု(၁၀)ဆပိုရှိသွားတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြဖူးပါတယ်။လှပ တဲ့ အပြုံးမျက်နှာလေးက ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဖြစ်ချင်သူတိုင်းအတွက် လိုအပ်တဲ့ အချက်တစ်ချက်ပါ။
#အသားအရေကို ဂရုစိုက်ပါ။
ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့က ကိုယ်ကိုတိုင်လည်း ယုံကြည်မှုရှိဖို့ လိုပါတယ်။ကိုယ့်ရဲ့ ရုပ်ရည်အပေါ်မှာလည်း ယုံကြည်မှုတော့ရှိဖို့ လိုပါတယ်။ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ Skin Care လုပ်ပေးပါ။မျက်နှာေ ပ်ါမှာ ၀က်ခြံပေါက်နေတဲ့ အချိန်မျိုးတွေမှာဆိုရင် ဒီဝက်ခြံကို ဖုံးဖို့ ကြိုးစားရ တာကြောင့် အနည်းနဲ့ အများဆိုသလို စိတ်လုံခြုံမှုကို လာထိခိုက်တတ်ပါတယ်။ ကိုယ့်ရဲ့ အလှအပနဲ့အသားအရေ ကျန်းမာ ဖို့ အတွက် အရည်အသွေးမြင့်ပြီး စိတ်ချယုံကြည်ရတဲ့ Products တွေ ကို ရွေးချယ် အသုံးပြုပေးဖို့ လိုပါတယ်။ ဥပမာ- မျက်နှာမှာ ၀က်ခြံတွေပေါက်လာခဲ့ရင် အသားအရေမှာရှိတဲ့ ဘက် တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် အရည် အသွေးမြင့်ပစ္စည်းတွေကို သုံးပေး
ဖို့ လိုပါတယ်။လတ်တလော ဈေးကွက်ထဲမှာ လူသိများနေတဲ့ Product ဆိုရင် Pond’s Institute ကနေ အသစ်ထုတ်လိုက်တဲ့ New Pond’s Acne Clear ရှိပါတယ်။ New Pond’s Acne Clear မှာ ပါဝင်တဲ့ Thymo-T Essence ဟာ ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို ထိန်းချုပ်ကာ အရေပြား ဆဲလ်တွေကနေ ရှင်းလင်းဖယ်ရှားပေးလိုက်တာကြောင့်ဝက်ခြံတွေကို (၃)ရက် အတွင်း သက်သာပျောက်ကင်းစေပါတယ်။ မျက်နှာ အသားအရေဟာ အရေး ကြီးတာကြောင့်သေသေချာချာ ဂရုစိုက်သင့်ပါတယ်။အားလုံးပဲ ဆွဲဆောင်မှုရှိတဲ့ ပျိုမေတွေဖြစ်ကြပါစေနော်။
ConversionConversion EmoticonEmoticon