ဖားဥစွဲပြီး အရောင်စွန်းထင်းတဲ့ အကျီင်္တွေကို သဘာဝနည်းလမ်းနဲ့ဖယ်ရှားမယ်


မိုးရာသီရောက်လာပြီ ဆိုတော့ အကျီင်္ဖားဥစွဲတဲ့ ပြဿနာ ဖြစ်ပေါ်လာပါပြီ။ နေကမပူ၊ မိုးကရွာပြီး လျှော်ထားတဲ့ အဝတ်က မခြောက်တာကြောင့် ဖားဥစွဲတာကတစ်ကြောင်း၊ မိုးမိပြီး အကျီင်္စိုသွားလို့ ချက်ချင်းမလျှော်လိုက်မိရင် ဖားဥစွဲသလို အမည်းစက်လေးတွေ ထွက်ပေါ်လာပြန်ရော။ အထူးသဖြင့် အကျီင်္အဖြူရောင်နဲ့ အရောင်နုတဲ့ အကျီင်္တွေမှာ ဖားဥစွဲတာက တော်တော်ကြည့်ရဆိုးပါတယ်။ ဖားဥစွဲတာ ပျောက်ကင်းစေတဲ့ ဆေးများရှိပေမယ့်လည်း ဓာတုပစ္စည်းများကြောင့် အကျီင်္ဆွေးပြီး အရောင်မွဲသွားမှာကို ကြောက်ရပါသေးတယ်။ ဒါ့ကြောင့် အိမ်မှာရှိတဲ့ သဘာဝပစ္စည်းများနဲ့ ဖယ်ရှားကြည့်လိုက်တဲ့ အခါမှာ ဖားဥစွဲတာ သိသိသာသာ ပျောက်ကင်းသွားပြီး အကျီင်္အရောင်မွဲသွားခြင်းလည်း မရှိတာကြောင့် နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဖားဥစွဲတာကို ဖယ်ရှားပေးနိုင်တဲ့ အပြင် အကျီင်္ဖြူမှာ စွန်းထင်းတတ်တဲ့ အဝါရောင်ချွေးကွက် များကိုလည်း ဖယ်ရှားနိုင်စွမ်းရှိတာကြောင့် အစွမ်းထက်တဲ့ သဘာဝနည်းလမ်းကောင်းလေး ပါပဲနော်။
(၁) ပထမဦးဆုံး ဖော်ပြပေးချင်တဲ့ နည်းလမ်းကတော့ ဆပ်ပြာမှုန့်၊ သံပရာရည်၊ ဆား၊ နှင့်ရေ တို့ပဲ လိုအပ်ပါတယ်။ ရေနှစ်လီတာခန့်ကို ဆူပွက်အောင်တည်ြ့ပီး ဆားစားပွဲတင်ဇွန်း တစ်ဇွန်း၊ သံပုရာသီးသုံးလုံး အရည်ညှစ်ပြီး၊ ဆပ်ပြာမှုန့် စားပွဲတင်ဇွန်း ၄ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ထိုအရောအနှောထဲသို့ ဖားဥစွဲနေတဲ့ အကျီင်္ ဒါမှမဟုတ် စွန်းထင်းနေတဲ့ အဝတ်အစားကို မိနစ် ၄၀ ခန့် စိမ်ထားရမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့ နောက်မှာတော့ ရေဖြင့် ဆေးကြောသန့်စင်ရုံပါပဲ။ တကယ့်ကို ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်တာကြောင့် စမ်းလုပ်ကြည့်လိုက်ပါနော်။
(၂) နောက်ထပ်နည်းလမ်းလေးကတော့ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာသီးကို အသုံးပြုတဲ့ နည်းလမ်းလေးပါပဲ။ မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်ရောစပ်ပြီး စားပွဲတင်ဇွန်းကို စွန်းထင်းနေတဲ့ အကျီင်္ပေါ်ကို သုတ်လိမ်းလိုက်ပါ။ ၅မိနစ်ခန့်ထားပြီး ရေဖြင့်မဆေးချသေးဘဲ ထက်ခြမ်းခြမ်းထားတဲ့ သံပုရာသီးစိတ်နဲ့ စွန်းထင်းနေတဲ့ အကျီင်္ပေါ်ကို ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့်ထားပြီး ဆပ်ပြာမှုန့်ဖြင့် ရေနွေးနွေးနဲ့ လျှော်ဖွပ်လိုက်ပါ။ ဒီနည်းလမ်းလေးက အရောင်စွန်းထင်းမှုကို ဖယ်ရှားပေးနိုင်တဲ့ အပြင် အကျီင်္အဖြူရောင်ကို ပိုမိုတောက်လွင်လာစေနိုင်တာကြောင့် သဘာဝနည်းလမ်းကောင်းလေးပါပဲနော်။
စံပယ်(ရွှေအင်းလေး)
Oldest