အကယ်၍ သင်ကညဘက်မှာ အိပ်စက်ဖို့ ခက်ခဲလေ့ရှိသူတစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းက သင့်ကိုကူညီနိုင်မှာ
အသေအချာပါပဲ။ ဒီနည်းလမ်းကိုတော့ Dr.Andrew Weilဆိုသူက တီထွင်ထားတာဖြစ်ပါတယ်။ဒီနည်းလမ်းဟာအရမ်း
ကိုလွယ်ကူပြီး သင့်ရဲ့ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။
ဒီ4-7-8 နည်းလမ်းဟာ အိပ်မပျော်သူများမတွက်သာမက တစ်ခါတစ်လေ ဒေါသအရမ်းထွက်တတ်သူများကိုလည်း
စိတ်တည်ငြိမ်စေမှာဖြစ်ပါတယ်။ နည်းလမ်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) သင့်ရဲ့ပါးစပ်ထဲကနေ လေတွေကို မှုတ်ထုတ်လိုက်ပါ။ (အသံထွက်လို့ရပါတယ်)
(၂) ပြီးရင်ပါးစပ်ပြန်ပိတ်ထားပါ။ အသက်ကိုနှခေါင်းက တစ်ဆင့်ရှုသွင်းပါ။ ရှုသွင်းနေတုန်းစိတ်ထဲကနေ တစ်ကနေ
လေးအထိရေတွက်ပါ။
(၃) ပြီးရင် ရှုထားတဲ့လေကို ၁ကနေ ၇အထိရေပြီး အောင့်ထားပါ။
(၄) လေအားလုံးကို ပြန်မှုတ်ထုတ်ပါ။ (အသံထွက်လို့ရပါတယ်)မှုတ်ထုတ်နေတုန်းမှာ တစ်ကနေ ၈အထိရေထားပါ။
(၅) အသက်ရှုခြင်း တစ်ကြိမ်ပြီးဆုံးသွားပါပြီ။ အခုအခါ အပေါ်ကအဆင့်အတိုင်းပြန်စပါ။ ဒါမျိုး ၄ခါ ပတ်လည် ပြန်လုပ်ပါ။
လေးကြိမ်ပြည့်ရင် အိမ်မပျော်နိုင်သူများ အိပ်ပျော်စပြုလာပါလိမ့်မယ်။ ဒေါသထွက်နေတဲ့အချိန်မှာ သုံးရင်ဒေါသများပြေ
ပျောက်သွားပါလိမ့်မယ်။
ConversionConversion EmoticonEmoticon