Sex နဲ့ ပျော်ရွှင်မှု ဘယ်လိုအချိုးကျနေလဲ


လူအများစုက sex ကိစ္စများလေ ပျော်ရွှင်မှုများလေလို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ခုနောက်ထပ်ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုမှာတော့ အံသြစရာကောင်းတဲ့ ရလာဒ်တစ်ခု ထွက်ရှိလို့ရပါတယ်။ အဲ့ဒါကတော့ တစ်ပတ်မှာတစ်ကြိမ် sex ကိစ္စရှိသူတွေသာ ပျော်ရွှင်မှုပိုရကြတယ် ဆိုတဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။

Vn6y6n3tm6vm9zf5wrev
“ sex ကိစ္စမကြာခဏရှိခြင်းက ပျော်ရွှင်မှုကို ပိုပြီး မဖန်တီးးပေးနိုင်ပါဘူး” လို့ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ စာရေးဆရာ Amy Muise ကပြောပါတယ်။ ဒီလေ့လာမှုကို Muise နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက အမေရိကန်လူမျိုး ၃၀၀၀၀ ကျော်ဆီကနေ အချက်အလက် ရယူခဲ့ကြတာ ဖြစ်ပါတယ်။ အံသြစရာကောင်းတဲ့အချက်က ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ အသက်ကြီးကြီး ငယ်ငယ်၊ RS သက်တမ်းကြာကြာ မကြာကြာ အဖြေကတော့ တူတူထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် sex ကိစ္စ တစ်ပတ်မှာ တစ်ခါတောင် မရှိဘူးဆိုလျှင်လည်း ပျော်ရွှင်မှုက လျှော့ကျသွားပါတယ်။ ဒီလေ့လာမှုမှာ မဖြေရှင်းနိုင်ခဲ့တဲ့ မေးခွန်းတစ်ချို့လည်း ရှိခဲ့ပါတယ်။ ဒါကတော့ sex ကိစ္စနည်းတဲ့သူတွေဟာ ဒီထက်ပိုများလာမယ်ဆိုရင်ရော သူတို့ ပျော်ရွှင်မှု ပိုရနိုင်မလား မရနိုင်ဘူးလား ဆိုတာပါပဲ။ 

Ref: msn.com
Previous
Next Post »