လူတော်တော်များများဟာ ရေအေးနဲ့ ရေနွေးကြမ်းကိုသာ အများဆုံးသောက်သုံးလေ့ရှိကြပါတယ်။ လက်ဖက်ခြောက်မထည့်ထားဘဲ ရေနွေးပူပူလေးကိုရော သောက်သုံးဖူးပါသလား။ လက်ဖက်ခြောက်မထည့်ထားတဲ့ ရေနွေးပူပူလေးမှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိနေတာကိုရော သိပါသလား။ ရေနွေးပူပူလေးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကတော့....
နေမကောင်းခြင်းကို တွန်းလှန်ပေးနိုင်ခြင်း
ဖျားချင်သလိုလိုဖြစ်ပြီး နှာစေး၊ နှာမွှန်နေတယ်ဆိုရင် အလွယ်တကူဆုံး နည်းလမ်းလေးရှိပါတယ်။ အဲဒါကတော့ ရေနွေးဖြူ ပါပဲ။ ရေနွေးဖြူ ပူပူလေးတစ်ခွက်ကို သောက်သုံးခြင်းဖြင့် နေမကောင်းခြင်း ဝေဒနာတွေကို ယူပစ်လိုက်သလို ချက်ချင်းပျောက်ကင်းစေပါတယ်။

အစာခြေလမ်းကြောင်းရှိ အဆိပ်အတောက်တွေကို သန့်စင်ပေးခြင်း
မနက်စောစော လက်ဖက်ခြောက်မထည့်ထားတဲ့ ရေနွေးပူပူလေး တစ်ခွက်ကို သောက်သုံးပေးမယ်ဆိုရင် အစာခြေလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်အားလုံးကို ဖယ်ရှားပေးနိုင်တာကြောင့် အစာခြေစနစ်ကို ပိုမိုအားကောင်းလာစေနိုင်ပါတယ်။
သွေးလည်ပတ်မှုအားကောင်းစေခြင်း
ရေနွေးပူပူလေး သောက်သုံးပေးမယ်ဆိုရင် သွေးကြောတွေကို အထောက်အကူပြုပြီး သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် သွေးဖိအားပုံမှန်မဟုတ်တဲ့သူတွေ သောက်သုံးပေးသင့်ပါတယ်။
Ref: Medical Daily
Ref: Medical Daily
ConversionConversion EmoticonEmoticon