ပျိုမေတို့ နံပါတ်တစ်ဖြစ်စေဖို့


မိန်းကလေးတွေဟာ ယနေ့ခေတ်မှာ ယောက်ျားတွေနဲ့အတူ ရင်ပေါင်တန်းပြီး လက်မထောင်နိုင်ဖို့ လိုပါတယ် ။ ကြောက်စိတ်၊ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေ မေ့ဖျောက်ပြီး လက်ရှိဘ၀မှာ နံပါတ်တစ်ဖြစ်အောင် လုပ်ဆောင်ဖို့ သင့်မှာ အချိန်တွေအများကြီး ရှိနေပါတယ် ။ 

ရှာဖွေပါ 

မိမိရဲ့အားနည်းချက်ကို ရှာဖွေပါ ။ စိတ်ဓာတ်ကျနေဖို့ မဟုတ်ပါဘူး ။ နံပါတ်တစ်ဖြစ်စေဖို့ပါ ။ အရာအားလုံးအတွက် ပြင်ဆင်ဖို့ အချိန်ရှိပါတယ် ။ 

လေ့လာပါ 

ကိုယ်နဲ့ လိုက်ဖက်ညီမယ့်ပုံစံကို လေ့လာဖို့လိုပါတယ် ။ ဖြစ်သလိုမနေပါနဲ့ ။ သူများထက် လန်းချင်ရင် အမြဲတစေ စူးစမ်းပါ ။ သင်နဲ့ အလိုက်ဖက်ဆုံးဖက်ရှင်ကို တွေ့မှာပါ ။ 

လေ့ကျင့်ပါ 

ထိပ်ဆုံးရောက်နေသူတိုင်းက ပွဲမ၀င်ခင် အရင် ပြင်ဆင်လေ့ကျင့်ကြပါတယ် ။ သင်လည်း နေသားတကျ လှပစေဖို့ လေ့ကျင့်သင်ယူရပါမယ် ။ 

ပြုံးပါ 

ကိုယ်ပေါ်ကလက်နက်ကို အသုံးချဖို့ မေ့နေတက်ကြပါတယ် ။ မြင်သူငေးပြီး ဆွဲဆောင်မှုမြင့်မားစေဖို့ ပြုံးတက်အောင် ကြိုးစားပါ ။ အပြုံးတွေက တန်ခိုးရှိပါတယ် ။

Mzmrm0jngtmrsqikna7g
နားထောင်ပါ 

သူတစ်ပါးအတွက် တံခါးဖွင့်ထားပါ ။ သူများ အတင်းပြောတာတွေ ရပ်ပြီး အကျိုးရှိစေမယ့်စကားတွေနဲ့ အစားထိုးပါ။ 

ဂရုစိုက်ပါ 

ကျန်းမာရေးသည် နံပါတ်တစ် အရေးကြီးဆုံး ဖြစ်ပါတယ် ။ ထိပ်ဆုံးရောက်ဖို့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်လေ။ 

စဉ်းစားပါ 

အားငယ်စိတ်တွေပျောက်ပြီး စိတ်ဓာတ်မာကျောစေဖို့ စာများများဖတ်ပါ ။ လေ့လာပါ၊ သင်ယူပါ၊ အတုယူပါ၊ အရေးကြီးဆုံးက စဉ်းစားပါ ။ 

တန်ဖိုးထားပါ 

မိမိကိုယ်သာကိုးကွယ်ရာပါ။ သူတစ်ပါးကို အားကိုနေသရွေ့ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ ဝေးနေပါမယ် ။ ကိုယ်ပေါ်မှာတန်ဖိုးတစ်ခုတည်ဆောက်ပါ။ သူတို့က သင့်ဆီ ဒူးထောက်လာပါလိမ့်မယ်။ 

ပေးပို့သူ - လင်းမိုးစက် (Smart Life)
Previous
Next Post »