ရင်မိသည် မြန်မာပြည်....။


Channel-7 ကတင်ဆက်တဲ့ The Money Dropအစီအစဉ်မှာ ဘွဲ့ရပညာတတ် ကောင်မလေး (၂)ယောက် ဝင်ပြိုင်သွားတာ ခုနက ကြည့်လိုက်ရတယ်ပြိုင်ပွဲမေးခွန်းက ‘သဘာဝပစ္စည်း’ခေါင်းစဉ်နဲ့ပါ ။

သူမေးထားတာက ပတ္တမြား၊နီလာ ၊ပုလဲ၊ စိန် အဲ့ဒီလေးခုထဲက အမာဆုံးပစ္စည်းကို ရွေးပေးပါလို့Question ထုတ်​ထားတယ်။အဲဒီမှာသူ့တို့ကို သူတို့ ဘွဲ့ရပီးသားပါဆိုပြီး မိတ်ဆက်ထားတဲ့ မိရွှေချော ၂ ယောက်က ဖြေလိုက်ပုံက “ပုလဲ” နဲ့ “နီလာ” ပါတဲ့…

ဒါနဲ့ Presenter က သူတို့ ၂ ယောက်ကို အတော်လေးအထင်ကြီးသွားပုံရပြီး တစ်ဆက်တည်း မေးခွန်းတစ်ခု ထပ်မေးလိုက်တယ် ဒါဆို ‘နီလာ’က ဘာအရောင် ဖြစ်မလည်း ညီမလေးဆိုတော့ အနီရောင်တဲ့ဗျာ !ပက်လက်ကို လန်ရော …ရုရှား သမတ နာမည်မသိတဲ့သူနဲ့ “လ”မှာ ကိုယ်ပိုင်အလင်းရောင်ရှိတယ် ပြောတဲ့သူနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဗဟုသုတကို လေးစားလို့ မဆုံးဘူး။အဲဒါ ဘွဲ့ရ ပညာတတ်တွေနော်… ဒါမျိုးလူတွေကနောင်လာမဲ့ မျိုးဆက်သစ်တွေကို ဘယ်လိုလက်ဆင့်ကမ်းမလဲ…စဉ်းစားလို့ကို မပေါက်ဘူး ။ကျုပ်ညီမ သာဆိုရင် နားရင်းပြေးအုပ်လိုက်တယ်စာဖတ်ပါဆိုတော့ အလှကုန်ပစ္စည်းကြော်ငြာလောက် ရွေးဖတ်တယ် အရည်မရ အဖတ်မရ တဲ့ကိုရီးယားဇတ်ကားလောက်ကြည့်ပြီးသောက်ရှက်မရှိ လင်တရူးပြသေးတယ်။ ရန်ကုန်သူတွေ အဆိုးဆုံးဘဲ။

အမျိုးသားရေးဆိုတာ စိတ်မဝင်စား နိုင်ငံရေးဆိုတာနတ္ထိ နိုင်ငံမတိုးတက်တော့ နှစ်၆၀တွေ /နှစ် ၇၀တွေဟိုလျောက်ပြော ဒီလျောက်ပြော ကိုယ့်သားသမီးကိုလည်း ဆုံးမကြပါဦးဗျာနိုင်ငံတိုးတက်ဖို့ဆိုတာ တိုင်းပြည်အုပ်ချုပ်နေသူတွေနဲ့ ဆိုင်သလို နိုင်ငံသားတွေရဲ့ တဦးချင်းစွမ်းရည်အသိစိတ်ဓာတ်တွေ နဲ့လည်းဆိုင်ပါတယ်။ဒီပုံအတိုင်းသာဆိုရင် ‘ရွှေပြည်တော် မျော်တိုင်းဝေးနေဖို့သာရှိပါတယ်။

ရင်လေးမိသည် မြန်မာပြည်။

#ရဲမင်းစိုး
Previous
Next Post »