တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွေးစီရင်စု၊ ၀ူဟူမြို့မှာ အလယ်တန်းကျောင်းသားတစ်ယောက်ဟာ 12 လွှာအမြင့်မှ ခုန်ချမယ့်အကြောင်း ခြိမ်းခြောက်ကာ ပြူတင်းပေါက်အစွန်းမှာ ထိုင်နေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ဖုန်းဗွီဒီယိုမှတ်တမ်းဖြင့် ရယူနိုင်ခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ရာ အဆောက်ဦသို့ အမြန်ချီတက်ခဲ့ကြပါတယ်။
အဆိုပါ ကျောင်းသားဟာ မိသားစုနဲ့ အချင်းများပြီးနောက်၊ နောက်ဆုံး စိတ်ဆိုးဒေါသထွက်ပြီး၊ မိမိကိုယ်ကိုယ် အဆုံးစီရင်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ မိဘတွေက အဲဒီအခါကျမှ ကြောက်အားလန့်အားနဲ့ ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ကုန်ကြပြီး၊ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရပါတယ်။
အဆိုပါကျောင်းသားဟာ စိတ်ဓာတ်အကြီးအကျယ် ကျတဲ့ ဝေဒနာကို ခံစားနေရပြီး၊ ဒီလို သေကြောင်းကြံမယ်ဆိုတဲ့ အခြေအနေဟာ သူ့အတွက်သာမက မိဘတွေအတွက်လည်း အလွန်စိတ်ထိခိုက်စရာ ကိစ္စရပ်ကြီးပါ။ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အဆောက်ဦ ဘေးဝဲယာမှာ နေရာယူလိုက်ပြီး၊ အဓိကအားဖြင့် 12 လွှာအထက်၊ 13 လွှာမှာ ၀င်ရောက် နေရာယူခဲ့ပါတယ်။
မီးသတ်ရဲဘော်ကြီးဟာ 13 လွှာမှ ကြိုးကို တွဲလောင်းခိုပြီး၊ လသာဆောင်ကိုကပ်ကာ ခဏလောက် အရှိန်ယူလိုက်ပြီး၊ ချက်ချင်း အောက်ကို လျှောစင်းကာ၊ ကျောင်းသားကို 12 လွှာအတွင်းသို့ ကန်သွင်းလိုက်တာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရပါတယ်။ ဒီတော့မှ ဘေးမှ ကြည့်နေသူတွေလည်း သက်ပြင်းချနိုင်ပြီး၊ မီးသတ်ရဲဘော်ကြီးကို ကောင်းချီးလက်ခုပ်တွေ ချီးမြင့်ခဲ့ကြပါတယ်။
ဒေသခံသတင်းစာတွေမှာလည်း ကျောင်းသားဖြစ်သူနဲ့ မိဘတွေ မည်သည့်အကြောင်းအရာအပေါ် သဘောထားကွဲလွှဲကြသည်ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ လောလောဆယ်တော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး၊ ကျောင်းသားကိုလည်း စိတ်ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ဆေးဝါးကုသမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Source – လင်းဇော်ကို (Shwemom)
ဗီဒီယိုကြည့်ရန်နိုပ်ပါ။
ConversionConversion EmoticonEmoticon