ချီလီအသင်းရဲ့ ကွင်းလယ်လူဗီဒယ်က ပေါ်တူဂီအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘောလုံးလောကမှာ အမြဲတမ်းအောင်ပွဲခံနိုင်တဲ့ ကစားသမားဆိုတာ ဘယ်တော့မှရှိမှာ မဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါဟာပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုကို စောင်းချိတ်ပြောဆို သွားခြင်းဖြစ်ပြီး ပွဲစဉ်မတိုင်ခင်ကလဲ သူ့အတွက် ရော်နယ်ဒိုဟာ စာရင်းမရှိကြောင်း ဗီဒယ်ကဝေဖန် ခဲ့ပါသေးတယ်။

ဗီဒယ်က “နိုင်ပွဲတွေရနေတဲ့ ကစားသမားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အထင်ကြီးလေ့ရှိပါတယ်။ ဒီထဲမှာ ကျွန်တော်လဲ ပါချင်ပါမှာပေါ့။ ဒါပေမယ့် ဘောလုံးလောကမှာ အမြဲတမ်းအောင်ပွဲခံနိုင်တဲ့ ကစားသမားဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူးဆိုတာ အားလုံးကိုသိစေချင်ပါတယ်” လို့ပြောကြားသွားခဲ့တာပါ။

ပြီးခဲ့တဲ့ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာတုန်းက ဗီဒယ်ရဲ့ဘိုင်ယန်မြူးနစ်ကို ရော်နယ်ဒိုက ၂ကျော့ပေါင်း ၅ဂိုးသွင်းယူခဲ့တာကို ဗီဒယ်က အခုထိ အစောကျေပုံ မရသေးပါဘူး။ ဒါပေမယ့်လဲဗီဒယ်ဟာ နိုင်ငံလက်ရွေးစင် ချီလီအသင်းနဲ့အတူ ရော်နယ်ဒိုရဲ့ပေါ်တူဂီကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်လှမ်းခြင်းနဲ့အတူ ရော်နယ်ဒိုကို လက်စားချေနိုင်ခဲ့ပါတယ်။
Credit-momolay

ConversionConversion EmoticonEmoticon