မယားကြီးမိမှာစိုးလို့ပြတင်းပေါက်ကခုန်ချရာမှဓာတ်ကြိုးမှာတွဲလောင်းဖြစ်ခဲ့တဲ့အမျိုးသမီး


ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ တရုတ်နိုင်ငံမှာ အိမ်ထောင်ရေးအရှုပ်တော်ပုံတွေ ပေါ်ပေါက်ခဲ့ပြီး အင်တာနက်မှာ နာမည်ကြီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လတုန်းကပဲ တရုတ်အမျိုးသမီးငယ်တစ်ဦးကို အိမ်ထောင်သည်အမျိုးသမီးကြီး ၄ဦး၊ ၅ဦး
လောက်က လူလယ်ခေါင်မြင်ကွင်းမှာ နိုပ်စက်တဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက်မှာ နာမည်ကြီးခဲ့ပါတယ်။အကြောင်းအ
ရင်းက ဘာလို့လည်းဆိုတော့ အဆိုပါ နှိပ်စက်ခံရတဲ့ အမျိုးသမီးငယ်ဟာ သူတို့ရဲ့ယောကျာ်းတွေနဲ့ ဖောက်ပြန်လို့ အမျိုး
သမီးကြီးတွေက ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အခုလည်း ဗွီဒီယိုကနေတစ်ဆင့် တရုတ်နိုင်ငံမှာ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဇာတ်လမ်းတစ်ပုဒ်ပေါ်ထွက်လာခဲ့ပြန်ပါ
ပြီ။ ဒီတစ်ခါ ဖောက်ပြန်တဲ့အမျိုးသမီးငယ်ကတော့ အသက်သေမလား၊ ရှင်မလားဆိုတာကိုတော့ အတိအကျမသိရပါ
ဘူး။ ဒါပေမယ့် ဓာတ်ကြိုးပေါ်မှာ တွဲလောင်းချိတ်နေတာကြောင့် အသက်အန္တရာယ်ထိခိုက်ဖို့တော့ များပါတယ်။ အဆိုပါဗွီဒီယိုတင်ခဲ့တဲ့ဝက်ဘ်ဆိုက်က Live Leakဖြစ်ပြီး ”မယားငယ်တစ်ဦး ဓာတ်ကြိုးပေါ်မှာ ချိတ်ဆွဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗွီဒီယိုထွက်ပေါ်လာတာဖြစ်ပါတယ်။
အဆိုပါ ဖောက်ပြန်တဲ့မယားငယ်ဟာ မယားကြီးက အခန့်မသင့်ဘဲအပြင်ကနေပြန်လာရာ မိမှာစိုးလို့ ပြတင်းပေါက်က
နေ ခုန်ချရင်း ဓာတ်ကြိုးတန်းနဲ့ ခြေထောက်ချိတ်မိပြီး တွဲလောင်းဖြစ်နေခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီအမျိုးသမီးဟာ အောက်ခံဘောင်းဘီနဲ့ ဓာတ်ကြိုးပေါ်မှာ တွဲလောင်းဖြစ်နေခဲ့တာဖြစ်ပြီး လူအများအပြားကလည်း ၀ိုင်းဝန်းကြည့်နေခဲ့ပါတယ်။
ဖြစ်စဉ်ရဲ့အရင်းအမြစ်ကို သေချာမသိပေမယ့် အဆိုပါအမျိုးသမီး ဓာတ်ကြိုးတန်းမှာ တွဲတောင်းနေတဲ့ပုံဟာ အင်တာ
နက်မှာ အလွန်နာမည်ကြီးနေတာတော့ အမှန်ပဲဖြစ်ပါတယ်။

credit by M2T(Shwemom)

Previous
Next Post »