ဖုန္း အားသြင္း ၿပီး အိပ္ေပ်ာ္သြား သူတစ္ဦးရဲ႕ တစ္သက္ မေမ့ႏုိင္စရာ အျဖစ္အပ်က္ ..!


ယေန႔ေခတ္ လူ ေတာ္ေတာ္ မ်ားမ်ား ေမွာင္မဲ ေနတဲ႔ အခန္းထဲ မီးေရာင္ပ်ပ်ေလး ျမင္ေနရတဲ႔ ဖုန္းဖန္သားျပင္ ေပၚကုိ အာရုံစုိက္ရင္း အိပ္စက္ခ်ိန္ ေတြကုိ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ ဖုန္းအား က နည္းေနၿပီဆုိရင္ အားသြင္းႀကိဳး တပ္ၿပီး ဖုန္းကုိဆက္သုံးပါေသးတယ္။ သုံးလုိ႔ဝၿပီဆုိရင္ေတာ့ ဖုန္း ကုိတစ္ညလုံး အားသြင္းထားၿပီး အိပ္ရာဝင္ပါေတာ့တယ္။ ဒါဟာ လူေတာ္ေတာ္မ်ားမ်ား ျပဳလုပ္ေလ့ရွိတဲ႔အရာ ျဖစ္ပါတယ္။
သင္တုိ႔လုိပါပဲ အေမရိကန္ႏုိင္ငံ အလာဘာမားျပည္နယ္သား Wiley Day ဆုိသူဟာလည္း ညစဥ္တုိင္း သူရဲ႕ iPhone 7 ကုိ အားသြင္းႀကိဳးတပ္ၿပီး အိပ္ရာမဝင္ခင္အထိ ဖုန္း ကုိေတာက္ေလွ်ာက္အသုံးျပဳတတ္သူျဖစ္ပါတယ္။ ျဖစ္ခ်င္ေတာ့ Day ဟာ သူရဲ႕ဖုန္း ကုိ အားသြင္းရင္းသုံးေနရာကေန အိပ္ေပ်ာ္သြားခဲ႔ရာ သူ႔လည္ပင္းရွိ ဆြဲႀကိဳးအရုပ္ေလးက အားသြင္းထားတဲ႔ ပလပ္ေပါက္တစ္ခုထဲကုိ ဝင္ေရာက္သြားခဲ႔ပါတယ္။ ဒီဆြဲႀကိဳးေလးဟာ အပူနဲ႔လွ်ပ္စစ္ကုိ Day ရဲ႕ ခႏၶာကုိယ္ေပၚကုိ သယ္ေဆာင္လာခဲ႔တာေၾကာင့္ ခႏၶာကုိယ္ တစ္ခုလုံးကုိ က်င္တတ္သြားခဲ႔သလုိ ဆြဲႀကိဳးဆြဲထားတဲ႔ လည္ပင္းတစ္ခုလုံးမွာလည္း လြန္ပူနဲ႔ထုိးထားသလုိ အပူေလာင္သြားခဲ႔ရပါတယ္။
ဒါဟာ Day အတြက္ေတာ့ အေတာ္ေလးကံေကာင္းသြားတယ္လုိ႔ ဆုိရမွာပါ။ သူရဲ႕ အလ်င္အျမန္ သတိဝင္လုိက္မႈက သူ႔ဘဝကုိ ကယ္တင္ေပးသြားခဲ႔တာျဖစ္ပါတယ္။ တကယ္ေတာ့ Day အခုလုိ ျဖစ္သြားရတာဟာ ဖုန္း ကုိညလုံးေပါက္ အားသြင္းထားျခင္းေၾကာင့္ျဖစ္သလုိ ေစ်းေပါေပါဝယ္ယူထားတဲ႔ Extension ကိြဳင္ေၾကာင့္လည္းျဖစ္ပါတယ္။ အသက္ ကုိညဏ္ေစာင့္ဆုိတဲ႔စကားကုိ မေမ့မေလွ်ာ့ပဲ အရာရာကုိ သတိထားျပဳမႈၾကဖုိ႔ Day က အားလုံးကုိယ္စား အသိေပးသြားခဲ႔တာပဲျဖစ္ပါတယ္ခင္ဗ်ာ။

Credit : thithtoolwin

ယနေ့ခေတ် လူ တော်တော် များများ မှောင်မဲ နေတဲ့ အခန်းထဲ မီးရောင်ပျပျလေး မြင်နေရတဲ့ ဖုန်းဖန်သားပြင် ပေါ်ကို အာရုံစိုက်ရင်း အိပ်စက်ချိန် တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဖုန်းအား က နည်းနေပြီဆိုရင် အားသွင်းကြိုး တပ်ပြီး ဖုန်းကိုဆက်သုံးပါသေးတယ်။ သုံးလို့ဝပြီဆိုရင်တော့ ဖုန်း ကိုတစ်ညလုံး အားသွင်းထားပြီး အိပ်ရာဝင်ပါတော့တယ်။ ဒါဟာ လူတော်တော်များများ ပြုလုပ်လေ့ရှိတဲ့အရာ ဖြစ်ပါတယ်။
သင်တို့လိုပါပဲ အမေရိကန်နိုင်ငံ အလာဘာမားပြည်နယ်သား Wiley Day ဆိုသူဟာလည်း ညစဉ်တိုင်း သူရဲ့ iPhone 7 ကို အားသွင်းကြိုးတပ်ပြီး အိပ်ရာမဝင်ခင်အထိ ဖုန်း ကိုတောက်လျှောက်အသုံးပြုတတ်သူဖြစ်ပါတယ်။ ဖြစ်ချင်တော့ Day ဟာ သူရဲ့ဖုန်း ကို အားသွင်းရင်းသုံးနေရာကနေ အိပ်ပျော်သွားခဲ့ရာ သူ့လည်ပင်းရှိ ဆွဲကြိုးအရုပ်လေးက အားသွင်းထားတဲ့ ပလပ်ပေါက်တစ်ခုထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ဒီဆွဲကြိုးလေးဟာ အပူနဲ့လျှပ်စစ်ကို Day ရဲ့ ခန္ဓာကိုယ်ပေါ်ကို သယ်ဆောင်လာခဲ့တာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးကို ကျင်တတ်သွားခဲ့သလို ဆွဲကြိုးဆွဲထားတဲ့ လည်ပင်းတစ်ခုလုံးမှာလည်း လွန်ပူနဲ့ထိုးထားသလို အပူလောင်သွားခဲ့ရပါတယ်။
ဒါဟာ Day အတွက်တော့ အတော်လေးကံကောင်းသွားတယ်လို့ ဆိုရမှာပါ။ သူရဲ့ အလျင်အမြန် သတိဝင်လိုက်မှုက သူ့ဘဝကို ကယ်တင်ပေးသွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ Day အခုလို ဖြစ်သွားရတာဟာ ဖုန်း ကိုညလုံးပေါက် အားသွင်းထားခြင်းကြောင့်ဖြစ်သလို ဈေးပေါပေါဝယ်ယူထားတဲ့ Extension ကွိုင်ကြောင့်လည်းဖြစ်ပါတယ်။ အသက် ကိုညဏ်စောင့်ဆိုတဲ့စကားကို မမေ့မလျှော့ပဲ အရာရာကို သတိထားပြုမှုကြဖို့ Day က အားလုံးကိုယ်စား အသိပေးသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။
Credit : thithtoolwin
Previous
Next Post »