အစာစားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ၀မ်းဗိုက်နာနေခြင်း၊ အစာမကြေသလို ခံစားခြင်း၊ အသည်းမှာ နာနေခြင်း စသည့်တို့ ဖြစ်နေလျှင် အသည်းမှာ ကျောက်တည်နေပါပြီ။
ဆေးရုံတက်၍ ခွဲစိပ်ရန် အဆင်မပြေသူများနဲ့ အခြားဆေးများဖြင့် မသက်သာသူများ အောက်ပါ သဘာဝကုထုံးလေးဖြင့် ကုသနိုင်ကြပါတယ်။
(၁) တစ်နေ့ကို ပန်းသီး ၄ လုံးစားပေးပါ။ သို့မဟုတ် ပန်းသီးဖျော်ရည်(Apple Juice) ၄ ခွက် သောက်ပေးပါ။
(၂) ၅ ရက်ဆက်တိုက် စားပါ။ (အစားအစာများကိုလည်း ပုံမှန် စားနိုင်ပါတယ်)
(၃) ၆ ရက်မြောက်နေ့မှာ ညစာမစားပဲ ညနေ ၆ နာရီခန့်နှင့် ည ၈ နာရီခန့်မှာ ဆားခါး (Epsom Salt) တစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ သောက်ပေးပါ။
(၄) ညအိပ်ယာမ၀င်ခင် ၁၀ နာရီခန့်မှာ သံလွင်ဆီ (Olive Oil) (သို့မဟုတ်) နှမ်းဆီစစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို သံပရာရည်နှင့် သေချာစွာ ရောမွှေပြီး သောက်ပေးပါ။
ပန်းသီးသည် သည်းခြေမှ ကျောက်များကို ပျော့သွားစေနိုင်ပါသည်။ သဘာဝဆေးဖက်ဝင် သစ်သီးဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါ။ ဆားခါးသည် သည်းခြေ၏ အိတ်ပြွန်များကို ပွင့်စေပါသည်။ ဆီသည် သည်းခြေမှ ကျောက်များကို လွယ်ကူချောမွေ့ စွာ လျောကျသွားစေနိုင်ပါသည်။
နောက်တစ်နေ့ နံနက်အိပ်ယာထချိန် ရေအ၀သောက်ပြီး ၃ မိနစ်ခန့် လမ်းလျှောက်ပေးပါ။ ပြီးလျှင် ၀မ်းသွားသည့်အခါ ကျောက်များပါသွားလိမ့်မည်။
ကျောက်ရောဂါကို ခံစားနေရသော ဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေရန် ဆေးနည်းလေးကို ဒါနပြုလိုက်ပါသည်။
စောနွဲ့နေဆိုင် (ပူတာအို)
Myawady Health

ConversionConversion EmoticonEmoticon