အိုင်ယာလန်နိုင်ငံ၊ ဒက်ဘလင်မြို့မှာ လူသားမိန်းမတစ်ဦးနဲ့ ဆင်တူတဲ့ ဆီလီကွန်Sexအရုပ်တွေကို ပြည့်တန်ဆာအဖြစ်
ငှားရမ်းအသုံးပြုပြီး စီးပွားရေးလုပ်ကိုင်နေကြတယ်လို့ mirrorသတင်းစာက ဖော်ပြခဲ့ပါတယ်။ mirrorသတင်းစာရဲ့
ဖော်ပြချက်အရ ဒက်ဘလင်မြို့ရှိ ပြည့်တန်ဆာခေါင်းတွေဟာ ဆီလီကွန်Sexအရုပ်မကိုပြည့်တန်ဆာအဖြစ်အသုံးပြုနေ
ကြတာဖြစ်ပါတယ်။ ဆီလီကွန်Sexအရုပ်မ ငှားရမ်းခမှာ တစ်နာရီလျှင် ယူရို(၁၀၀)ဖြစ်ပြီး နာရီဝက်လျှင် ယူရို(၅၀)ဖြစ်
ပါတယ်။

အဆိုပါပြည့်တန်ဆာအဖြစ်ငှားရမ်းတဲ့ အရုပ်မတွေကို ဆီလီကွန်နဲ့ ဖန်တီးထားပြီး အရိုးစုများကို သတ္တုတွေနဲ့ပြုလုပ်
ထားတာဖြစ်ပါတယ်။ ဒါကြောင့် လိင်မုဆိုးတွေအနေနဲ့ သူတို့လိုချင်တဲ့ပုံစံအနေအထားကို ပြုပြင်ပြောင်းလဲလို့ရတယ်လို့
သိရပါတယ်။ ပြီးခဲ့တဲ့လကမှ ဒက်ဘလင်မြို့ရှိ ပြည့်တန်ဆာခေါင်းတွေဟာ ဆီလီကွန်အရုပ်မကို ၀ယ်ယူခဲ့ပြီး စီးပွား
ရေးအဖြစ် အသုံးချခဲ့တာဖြစ်ပေမယ့် ယောကျာ်း(၁၀)ဦးကျော်အထိ ငှားရမ်းမှုတွေရှိခဲ့ပါတယ်။

ဆီလီကွန်အရုပ်ပိုင်ရှင်ဟာ Sexအရုပ်နဲ့ ပြည့်တန်ဆာလုပ်ငန်းကို အွန်လိုင်းပေါ်ကနေတစ်ဆင့်ကြော်ငြာခဲ့တာဖြစ်ပြီး သူက ”ကျွန်တော်တို့လက်ထဲကို Sexအရုပ် ရောက်ရှိလာတာ (၁)လသာရှိသေးပေမယ့် ငှားရမ်းမှုကတော့ တစ်ဒါဇင်
ကျော်ပါတယ်။ လာခဲ့တဲ့ယောကျာ်းတွေကတော့ အရွယ်ရောက်ပြီးသား လူမျိုးစုံဖြစ်ပြီး အချို့က အထီးကျန်တဲ့လူ၊ အချို့
က အရုပ်က နှစ်သက်စွဲလမ်းတဲ့သူတွေဖြစ်ကြပါတယ်”လို့ပြောပါတယ်။
အဆိုပါဆီလီကွန်အရုပ်တွေပေါ်လာခြင်းနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့ သိပ္ပံပညာရှင်အဖွဲ့အစည်းတစ်ခုကတော့ အဆိုပါ
Sexအရုပ်မတွေ ပေါ်ထွက်လာခြင်းဟာ လူသားမျိုးနွယ်ရဲ့သဘာဝဆက်ဆံရေးကို ပျက်တောက်စေနိုင်ကြောင်း၊ အထူး
သဖြင့် ကလေးနဲ့ အမျိုးသမီးတို့အတွက် ကောင်းမွန်တဲ့လက္ခဏာမဟုတ်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
မကြာသေးခင်က အမေရိကန်နိုင်ငံမှာ ယောကျာ်းအယောက်(၁၀၀)ကို စစ်တမ်းကောက်ခဲ့ရာ အသက်(၂၀)မှ (၆၁)နှစ်
အကြား ယောကျာ်း (၃)မှာ (၂)ဦးက Sexအရုပ်မနဲ့ လိင်ဆက်ဆံချင်ကြတယ်လို့ သိရပါတယ်။
Credit-shwemom

ConversionConversion EmoticonEmoticon