FB ကို သုံးတာကြာပြီး ဆရာကြီးဖြစ်သွားတဲ့သူတွေဟာ ဒီလို ရှက်စရာကောင်းတဲ့ အထာတွေနပ်ပြီးသားဖြစ်သွားပြီးလေ


Facebook ကို သုံးတာကြာပြီး ရင့်ကျက်သွားသူတွေက…..

၁. Profile pic တွေ Cover pic တွေ ခဏခဏ မပြောင်းဘဲ ထားတတ်လာကြတယ်

၂. ကိုယ် စာမပြန်ချင်တဲ့လူတွေ ဆို ဝင်သာဝင်ကြည့်ပြိး ဘာမသိသလို တိတ်တိတ်လေး နေသွားတတ်တယ်။

၃.ကိုယ်မကြိုက်တဲ့ ပို့စ်တွေတွေ့ရင် ဝင်ဆဲတာမျိုး မလုပ်ကြတော့ပဲ မသိချင်ယောင်ဆောင် ကျော်သွားတတ်လာကြတယ်။

4. မဟုတ်က ဟုတ်က Post တွေတင်တဲ့လူ ကိုလည်း တိတ်တိတ် လေး unfriend လုပ်တတ်လာတယ်။

၅. ကိုယ်နဲ့မတည့်တဲ့သူတွေကို မန်းရှင်ခေါ် ရန်ဖြစ်တာတွေ မလုပ်တော့ဘဲ Block ပဲ လုပ်ကြတော့တယ်။

၆.ကိုယ်ကြိုက်တဲ့ Cele တွေရဲ့ပို့စ်တွေအောက်မှာ Add me လို့လိုက်မမန့်တော့ပဲ တိတ်တိတ်လေး See First လုပ်ထားတတ်လာကြတယ်။

၇.Fri များတာသဘောမကျတော့ဘဲ တကယ်ခင်တဲ့သူတွေပဲထားပီး မသိတဲ့သူတွေကို Unfri လုပ်တတ်လာကြတယ်။

၆. တစ်ခါတစ်လေလိုချင်တာ ရှိရင် Only me နဲ့ Share တာတွေ Save Post လေးတွေ လုပ်ထားတတ်တယ်။

၇. နိုင်ငံခြားက အမျိုးသမီးပုံတွေနဲ့ မြန်မာအကောင့်လုပ်ပြီး အဆဲတောင်းနေသော ပုံတွေ ပို့စ်တွေအောက်မှာ ၀င်မမန့် Share မလုပ်တော့ဘဲ ကျပ်မပြည့်သူတွေ အတော်များများ မန့်ကြပါလားလို့ ဆိုပြီး ကျော်သွားတတ်ကြသည်။
(အမြင်ကတ်လျှင် Report လုပ်ခဲ့သည်)

၈.Page အတုတွေရဲ့ ဒီပို့စ်ကို Like ပါ Share ပါ ကံစမ်းမဲဖောက်ပေးမယ် iphone ပေးမယ်ဆိုသော စာများတွေ့ရင် အလိုလိုကျော်ခွသွားတတ်သည်။
(အမြင်ကတ်လွန်းလျှင် ၀င်ဆဲသွားတတ်သည်)

READ 360 ဒီဂရီ ဗီဒီယိုရိုက်ပြီး သမီးဖြစ်သူ လမ်းလျှောက်တာကို ဦးဦးဖျားဖျားအနေနဲ့တင်ခဲ့တဲ့ Zuckerberg
၉. သတင်းအမှားတွေနဲ့ ဘက်လိုက်သတင်းတွေဆိုတာ စာအနည်းငယ် ဖတ်ရုံနဲ့ သိပြီးနောက် မီဒီညာတွေရဲ့ လှုံ့ဆော်မှုကို ပိုပိုသိလာပြီး အဲဒီ မီဒီညာတွေကို block လုပ်ထားတတ်ကြသည်။

၁၀. ဖေ့ဘွတ်ကို အပျော်သဘောမျိုးမဟုတ်ဘဲ ကိုယ့်အတွက် သင်ခန်းစာရရန် ၊ သတင်းအမှန်သိရှိရန် ၊ မိတ်ဆွေကောင်းတိုးပွားရန် ၊ လုပ်ငန်းလုပ်ရန်အတွက်သာ သုံးတော့သည်။

www.apannpyay.com
FB — with Kay Zin
Previous
Next Post »