မန္တလေးမြို့မှာနေတဲ့ အန်တီတစ်ယောက်ဆီကို ဖုန်း ဝင်လာပါတယ်။ ဖုန်းကိုင်လိုက်တာက အန်တီရဲ့ အမျိုးသားပါ။ဟိုဘက်က ဖုန်းဆက်သူက သူ့ကိုယ်သူ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်ရန်ကုန် က ဦးစီးမှူး ဦးပြည့်စုံ ပါ။
ဒီဖုန်းအမည်ပေါက်က ဒေါ်……………ဖြစ်နေပါတယ်။ ဒေါ်…………ရှိပါသလား…တဲ့။MPT ဆင်းကဒ် ၅ သိန်းတန် နံပါတ်တွေထဲကဖုန်း ၃ လုံးကို မဲနှိုက်ပြီး သိန်း ၅၀၀ ဆု ၃ ဆု မဲဖောက်ပေးပါတယ်။
ဒီဖုန်းနံပါတ် ဒေါ်………… အမည်နဲ့ သိန်း ၅၀၀ ကံစမ်းမဲ ပေါက်ပါတယ်….လို့ ဖုန်းဆက်အကြောင်း ကြားလာ ပါတယ်။ လူတွေရဲ့လောဘစိတ်ကို ပိုပြီး ကြွလာအောင် စကားတွေ ရွှန်းရွှန်းဝေအောင်ပြော ပါတယ်။
ကံထူးရှင် အန်တီကြီးကတော့ တကယ်ယုံကြည် သွားချိန် ကျမှ အဲ့ဒီလိုမဲပေါက်တာ နိုင်ငံတော်ကို ဝင်ငွေ ခွန်ဆောင် ရပါမယ်တဲ့။ အခု ချက်ချင်း ငွေ ၁၁ သိန်းခွဲ လွှဲပေးပါ။ ဒီနေ့ မလွှဲရင် သိန်း ၅၀၀ ထုတ်လို့ မရတော့ ပါဘူးး။ ၁၁ သိန်းခွဲအခွန်ဆောင်ပြီးတာနဲ့ သိန်း ၅၀၀ ထုတ်ယူဖို့ မန္တလေး မြန်မာ့စီးပွားရေးဘဏ်မှာငွေထုတ်ဖို့ စောင့်နေပါ…ဆိုပြီး ရန်ကုန် ၉ မိုင် ကမ္ဘောဇ ဘဏ်ကို ငွေလွှဲခိုင်းပါတယ်။
မသိနားမလည်တဲ့ အန်တီနဲ့ဦးလေးကြီးကတော့ ငွေ ၁၁ သိန်းခွဲ ကို မရ ရအောင်ရှာပြီးယုံကြည်စွာပဲ ငွေလွှဲပေးမိ လိုက်ပါတယ်။
ငွေလွှဲပြီး နာရီဝက်လောက်အကြာမှာ အလိမ်ခံရပြီ လို့ သံသယဝင်မိတာနဲ့ ဦးစီးမှူးပါဆိုသူကို ဖုန်းဆက်ပြန် တော့ ဖုန်းတွေပိတ်ထားလိုက်ပါပြီ။ ငွေလွှဲလိုက်တဲ့ မန္တလေး ကမ္ဘောဇကို အကြောင်း ကြားပြီးလွှဲငွေထုတ်ပြီး မပြီး စုံစမ်းတော့ သူတို့က တဆင့် ၉ မိုင် ကမ္ဘောဇဘဏ် ကို စုံစမ်းကြည့်တော့ ငွေ ထုတ်ယူသွားပြီးဖြစ်ပါတယ်။
ဟိုမှာ ငွေလွှဲပြီဆိုတာနဲ့ ငွေထုတ်မယ့်သူက အဆင်သင့် စောင့်နေတယ်ထင်ပါတယ်။ ချက်ချင်း ငွေထုတ်ယူသွား ပါတယ်။ ငွေထုတ်ယူသွား သူကို ဘဏ် CCTV မှာတော့ မှတ်တမ်းတင်ထားတဲ့ ပုံ တော့ ရလိုက်ပါတယ်။
သူ့နာမည်က မျိုးမင်းပိုင်တဲ့…
၇/မညန (နိုင်) ၀၈၉၈၉၄
သူငယ်ချင်းတို့ နဲ့ အနီးအနားမှာ ဒီလို ဖြစ်ရပ်မျိုး ကြုံခဲ့ရင် သတိထားနိုင် သတိပေးနိုင်အောင် လိမ်လည်မှု ဖြစ်စဉ် ကို မျှဝေပေးလိုက်ရပါတယ် .……
ထပ်ဆင့် Share ပေးခြင်းဖြင့်..
#Credit_အရိုင်းဈာန်
ConversionConversion EmoticonEmoticon