သူနာပြုဆရာမလေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းပြချက်(၅)မျိုး


ဆေးရုံမှ လူနာတွေကို ပြုစုပေးနေတဲ့ သူနာပြုဆရာမလေးတွေကို သင့်အတွက် ချစ်သူ၊ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်သင့်ပါတယ်။သူတို့မှာ သူများနဲ့ မတူတဲ့ အချက်လေးတွေရှိပါတယ်။အပြုအစုကောင်း၊သဘောမနောကောင်းတဲ့ သူနာပြုဆရာမလေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းပြချက်တွေ ကတော့….

(၁) စိတ်ရှည်

သူတို့ရဲ့ အလုပ်ကိုက သူများကို ပြုစုစောင့်ရှောက်ပေးနေရတဲ့ အလုပ်ပါ။ဒါေ ကြာင့် စိတ်ရှည်၊သည်းခံပြီး လူတစ်ဖက်သားရဲ့ ခံစားချက်ကို ကောင်းကောင်း နားထောင်ပေးနိုင်သူတွေပါ။ဘယ်လိုမျိုးဆိုရင် သင့်ကို စိတ်အနှောင့်အ ယှက်ြ ဖစ်စေမယ်၊ဘယ်လို မျိုးဆိုရင် သင့်အတွက် အဆင်မပြေမှာလဲ ဆိုတာကို သူတို့က သေသေချာချာကြီးကို သိနေသူတွေပါ။လူတွေရဲ့ စိတ်ကိုကောင်းေ ကာင်းနားလည်ပေးနိုင်တာက သူတို့ရဲ့အားသာချက်ပါ။

(၂)အလုပ်ကြိုးစား

အလုပ်ကိုလည်း ကြိုးကြိုးစားစားနဲ့ တစ်နေကုန်တစ်နေ့ခမ်း ကြိုးစားတတ်ကြ သူတွေမို့ သူတို့ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် သင့်အတွက်တော့ အလုပ်ကြိုး စားတဲ့ ချစ်သူတစ်ယောက်ကို ရလို့ ဂုဏ်တောင်ယူနေရမှာပါ။


(၃)ကြင်နာတတ်
သူနာပြုအလုပ်ကို လုပ်နေတဲ့ သူတွေဖြစ်လို့ ကြင်နာတတ်လား၊စာနာရိုင်းပင်းတဲ့ စိတ်ရှိလားဆိုတာ မေးနေစရာတောင်မလိုတော့ပါဘူး။
(၄)သင်ညစ်ပတ်လည်း နားလည်ပေးနိုင်
နာမကျန်းဖြစ်နေတဲ့ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်ပေးရတယ် ဆို တည်းက သူတို့အတွက်တော့ ညစ်ပတ်တယ်ဆိုတဲ့ စကားလုံးဟာ ရ င်းနှီးေ နပြီးသားပါ။ သင်ညစ်ပတ်နေလို့ သူတို့က ငြိုငြင်မလားဆိုပြီး တွေးပူစရာ မလို ပါဘူး။သင်ညစ်ပတ်နေလည်း သူတို့က နားလည်ပေးနိုင်မှာပါ။
 (၅)ကျန်းမာရေးအတွက် မပူရ
သူတို့လေးတွေကို ပိုင်ဆိုင်ရမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ပူစရာ မလိုတော့ ပါဘူး။သင့်ဘ၀တစ်သက်တာအတွက် Nurse ကို သီးသန့်မူပိုင်တစ်ယောက်တည်း ငှားလိုက်တာနဲ့ အတူတူပါပဲ။နေမကောင်း ဖြစ်ရင်လည်း အနီးကပ် ကိုယ်ဖိရင်ဖိ ပြုစုပေးမယ့် သူတစ်ယောက်က သင့်ေ ဘးမှာ အမြဲရှိနေမှာပါ။ဒါကြောင့် သူနာပြုတစ်ယောက်ကို ချစ်သူတော် ထား တယ်ဆိုရင်တော့ သင်ဟာ ကံကောင်းသူတစ်ယောက်ပါ။
Credit-shwemom
Previous
Next Post »