မှဲ့တွေကပြောပြနေသော သင့်အချစ်ရေး...!


ပါး ပေါ်က မှဲ့ပိုင်ရှင်

ရည်စားရဖို့ ဘယ်တော့မှ အောက်ကျမခံဘူး ။ သေလောက်အောင်ချောနေ ဖြောင့်နေ လန်ထွက်နေပါစေ။ သဲသဲလှုပ် ချစ်မပြတတ်ဘူး ။ ကိုယ်က ချစ်တဲ့သူထက် ကိုယ့်ကို ချစ်တဲ့သူနဲ့ပဲ ဖူးစာပါရော ...။

နဖူး ပေါ်က မှဲ့ပိုင်ရှင်

သနားတတ်တဲ့စိတ် အားနာတတ်တဲ့စိတ်ကြောင့် ချစ်သူတစ်ယောက် ရတတ်တယ် ။ အဲ့ဒီ ချစ်သူက အနိုင်ယူတာ ခဏခဏငိုအောင် စိတ်ညစ်အောင် လုပ်တာ ကြုံရတတ်တယ် ။ ဒါပေမယ့် အဲ့ဒီချစ်သူကပဲ သင့်ကို သစ္စာရှိရှိ ချစ်မယ့်သူ ဆိုတာ မမေ့နဲ့ ...။

မျက်ခုံး တစ်ဝိုက်က မှဲ့ပိုင်ရှင်
အချစ်စစ်ရဖို့ အချိန်တွေ မနည်းရင်း ရတတ်တယ် ။ စန်းပွင့်ပြီး လူချစ်လူခင် ပေါတယ် ။ အသေရရ အရှင်ရရ ချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်က အားကျရတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ် ။ တကယ်တမ်း အချစ်နဲ့ ပတ်သတ်ရင် ကံနိမ့်တတ်တာ ကိုယ်ကိုယ်တိုင်ပဲ သိတယ် ...။

မျက်လုံးအိမ် ထဲက မှဲ့ပိုင်ရှင်

မာနကြီးတယ် ။ ရည်းစားတစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူး ။ ချစ်ပြီဟေ့ ဆိုရင်လည်း တစ်ဘ၀လုံးစာ ~ မုန်းပြီ ဆိုပြန်ရင်လည်း သံသရာ အဆက်ဆက်ပဲ ။ လမ်းခွဲရဲတဲ့ နေရာမှာလည်း ပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိဘူး ....။

နားရွက် ပေါ်က မှဲ့ပိုင်ရှင်

ကတိတစ်ခုကို တည်မှ ကြိုက်တတ်ကြတယ် ။ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှု တစ်ခုမဟုတ်တစ်ခု ပိုင်ဆိုင်ထားကြတယ် ။ ချစ်သူသက်တမ်း ကြာရှည်စွာ ဖြတ်သန်းရတတ်တယ် ။ ပျော်ရွှင်စရာတွေ ဖန်ဆင်းပေးတတ်တဲ့ ချစ်သူကြောင့် ဘ၀တစ်လျှောက်လုံး ရင်ခုန်သံတွေ ၀ုန်းဒိုင်းကြဲ ဆူညံနေရလိမ့်မယ် ...။

နှာခေါင်း ပေါ်က မှဲ့ပိုင်ရှင်

သာယာတယ်လေ ။ သိပ်ချစ်ပြတာ ကိုယ့်ဘက်က...။ပြန်ရတယ်လေ နောင်တတွေ အပြုံလိုက် ။ ငိုခဲ့ရလွန်းလို့ ကျလိုက်တဲ့ မျက်ရည်တွေ..။ရေအားလျှပ်စစ်ပါ ထုတ်လို့ရလောက်တယ် ။ ဒါလည်း မှတ်လားမေးကြည့် လိုက်ပါဦး ...။(နေမြဲပဲ)

နှုတ်ခမ်း နားက မှဲ့ပိုင်ရှင်

ဘယ်လိုနေနေ လှနေရော ။ ဖျတ်ခနဲ ရယ်လိုက်တာက သူတို့ရဲ့ အားသာချက် လက်နက်ပဲ ။ အဲ့အပြုံးကို မြင်လိုက်ရသူတိုင်း သေမလို ရှင်မလို ဖြစ်ကျန်ခဲ့တဲ့ အထိ ညှို့ချက်က 9 လောက် ပြင်းတယ် ။ လူတစ်ယောက်ကို သိပ်ချစ်ခဲ့ဖူးပေမယ့် အဲ့ဒီလူက ရက်စက်စွာ ဥပေက္ခာပြုခြင်းကို ခံခဲ့ရဖူးတယ် ...။

လည်ပင်း နားက မှဲ့ပိုင်ရှင်

ချစ်မယ့်သူတွေ ပေါတယ် ။ ချောမောလှပတဲ့ သူတွေ ဖြစ်ပေမယ့် ရည်စားဆို ကိုယ့်ထက်ပိုချောတဲ့သူ မရတတ်ကြဘူး ။ အထူးခြားဆုံးက အသံ ။ စွဲမက်စရာ ဖြစ်နေတတ်တာ 9+ ပဲ ။ ကိုယ့်ထက် အသက်ပိုကြီးတဲ့ " ကွီး/ မွီး "တွေက အသေအလဲ ကြွေခြင်းကို ခံရတတ်တယ် ။ မျက်ရည် အကျမလွယ်တတ်ကြဘူး ...။ ....။


Credit: SOE MOE NAING
Previous
Next Post »