ယောက်ျားတွေ ဇနီးသည်အပေါ်လိမ်သည့်အကြောင်းအရင်းအများ


လင်ယောက်ျားတွေ တော်တော်များများ ဇနီးသည်အပေါ် တစ်ခါမက အခါတစ်ရာလောက်ထိ လိမ်ဖူးကြပါလိမ့်မယ်။ လိမ်
ပြောတဲ့အခါတိုင်းလည်း မကောင်းဘူးရယ်လို့တော့ သတ်မှတ်လို့မရပါဘူး။ လိင်ခြင်း အမှန်တရားကို ဖုန်းကွယ်ထားခြင်းရဲ့ နောက်ကွယ်မှာ အခြားစိတ်ပိုင်းဆိုင်ရာကို စိုးရိမ်စေတဲ့ ကြောက်ရွံ့မှုတွေလည်း ရှိနေတယ်ဆိုတာ Shwemom ရဲ့ အမျိုးသမီး ပရိသတ်ကြီး သိထားဖို့ လိုပါတယ်။ အမျိုးသားတွေဟာ သာမာန်အားဖြင့်တော့ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေကြောင့် ဇနီးသည်တွေအပေါ်ကို လိမ်လေ့ရှိပါတယ်။

(၁) မရိုးသားလို့

ဘာကြောင့် လိမ်တာလဲ .. မရိုးသားလို့။ ဘယ်လိုမရိုးသားတာလဲ ဆိုတော့ သူကိုယ်တိုင်က ကလိမ်ကလှည့် အမူအကျင့်တွေမှာ ပျော်မွေ့နေသူဖြစ်ပြီး၊  ဇနီးမယားမှ မဟုတ်ဘူး ဘယ်သူ့ကိုမှ အမှန်တရားကို ပေးသိလိုစိတ်မရှိဘဲ ဘူးကွယ်လျှို့ဝှက်ထားတတ်ပါတယ်။ တစ်ချို့ကကျတော့ လိမ်ခြင်းကိစ္စကို အကျင့်ပါနေလို့ကို လိမ်မိတာမျိုး ရှိပါတယ်။ ဒါက စိတ်ဓာတ်မ
ဖြူစင်ခြင်းရဲ့ပြယုဂ်ပါဘဲ။

(၂) ခွင့်မပြုနိုင်တာကို လုပ်ထားလို့

ဒါကလည်း မရိုးသားမှုနဲ့ ဆက်စပ်နေတဲ့ လိမ်လည်ခြင်းပါဘဲ။ ဒီအခြေအနေမျိုးမှာ နောက်မီးလင်းထားတဲ့ အခြေအနေတွေ၊ လူမသိသူမသိ ယူထားတဲ့ ကြွေးမြီပြဿနာတွေ၊ မိန်းမမသိဘဲ လုပ်ထားတဲ့ လက်မခံနိုင်စရာ အခြေအနေတွေကြောင့်လည်း လိမ်တတ်ပါတယ်။

(၃) ဆောက်တည်ရာမဲ့ဖြစ်နေလို့

အမျိုးသားတွေဟာ သူတို့ဘာသာ စိတ်ငြိမ်အောင်ကြိုးစားနေရတဲ့ အခြေအနေမျိုးမှာ တစ်ယောက်ယောက်ကို အမှန်မ
ပြောပဲ ပြီးစလွယ် လိမ်ပြီးပြောလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကတော့ အကြောင်းပြချက်အရ လက်ခံလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။

(၄) ထင်မြင်ချက်/ခံစားချက်တွေ မကြားချင်လို့

တစ်ချို့မိန်းမတွေကျတော့ နေရာတကာ ပါလွန်းပါတယ်။ ဒါကို အရပ်စကားအရ လျှာရှည်တယ်လို့ ခေါ်ပါတယ်။ အဲဒီလို နေရာတကာဝင်ပါလွန်းတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျထားရတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ထင်မြင်ချက်နဲ့ ခံစားချက်တွေကို နားမထောင်ချင်တော့တဲ့အခါ လိမ်ပစ်လိုက်တာမျိုးလည်း ရှိပါတယ်။

(၅) ဖောက်ပြန်နေလို့

နောက်ဆုံးအချက်ကတော့ အမျိုးသမီးတွေ မလိုချင်ဆုံး မကြားချင်ဆုံး အချက်ပဲ ဖြစ်ပါလိမ့်မယ်။ သူက ဖောက်ပြန်နေတယ်ဆိုရင် ဇနီးသည်ဆီကို သတင်းအချက်အလတ် အမှန်အတိုင်း ပြောဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ပြောလိုက်တာနဲ့ သူ ဖောက်ပြန်တာ ပေါ်သွားနိုင်တဲ့ အခြေအနေမျိုးတွေမှာဆို ခပ်တည်တည် ဗြောင်လိမ်ပစ်လိုက်တာမျိုး ရှိပါတယ်။
နတ်စည်တော် (Shwemom)
Previous
Next Post »