အချစ်ဦးနဲ့ အချစ်ဆုံး ကွာခြားချက်


ချစ်ဦးနဲ့ အချစ်ဆုံး ဘယ်သူကပိုလေးနက်မယ်လို့ထင်ပါသလဲ??? 

အချစ်ဦး (ပထမဆုံးအချစ်) ဆိုတာ စိတ်လှုပ်ရှားတတ်တဲ့အရွယ် အချစ်ကို စတင်စူးစမ်းလေ့လာချင်တဲ့အချိန်မှာတွေ့ရှိခဲ့ရသူပါ…။ 

သူဟာ…. 

- သင့်ရင်ခုန်သံတွေကို မြန်လာစေခဲ့သူ 

- သင်အသက်ရှုဖို့တောင်မေ့မတက်ဖြစ်ခဲ့ရသူ 

- သင့်နှလုံးသားထဲမှ အချစ်ကို စတင် ဖော်ထုတ်ပေးခဲ့သူ 

- ဘယ်လိုချစ်ရမလဲဆိုတာ ဦးဆုံးသင်ကြားပေးခဲ့သူ 

- သင့်ကို ရူးသွပ်မတက်ဖြစ်စေခဲ့သူ 

- သင့်မျက်နှာပေါ်ကို အချစ်အမှတ်အသားတွေ ဦးဆုံးရိုက်နှိပ်ပေးခဲ့သူ 

- သင့်မျက်ရည်တွေကို မြေပြင်ပေါ်သို့ စတင်ကျစေသူ 

- နောက်ထပ်အချစ်သစ်ရှာဖို့ သင့်ကို ထွက်သွားခွင့်ပြုခဲ့သူ ပဲဖြစ်ပါတယ်။ 

အချစ်ဦးနဲ့ လက်တွဲသွားနိုင်သူကတော့ လက်ချိုးရေလို့ရအောင် နည်းပါးလွန်းတဲ့ ပမာဏမှာရှိတာမို့ ဘ၀တစ်လျှောက်လုံး အချစ်ဦးနဲ့ ရွှေလက်တွဲသွားရသူကတော့ ကံကောင်းလွန်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ 

အချစ်ဆုံး (နောက်ဆုံးအချစ်) ဆိုကတော့… နှလုံးသားက ရင့်ကျက်တည်ငြိမ်လာတဲ့အချိန်မှာ ဘ၀တစ်လျှောက်လုံးလက်တွဲသွားဖို့ ဆုံးဖြတ်လိုက်တဲ့သူပဲဖြစ်ပါတယ်။ 

သူကတော့… 
- သင့်အတွက် အရာရာပြည့်စုံနေတဲ့သူ 

- သင့်ကို ရယ်မောပျော်ရွှင်အောင် အမြဲလုပ်နိုင်သူ 

- ၀မ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားပေးမယ့်သူ 

- အခက်အခဲတွေကို အတူကျော်လွှားပေးမယ့်သူ 

- သင့်ကိုအကောင်းဆုံး မြှင့်တင့်ပေးမယ့်သူ 

- သင့်ဝမ်းနည်မှုတွေကို အဝေးသို့မောင်းထုတ်ပေးမယ့်သူ 

- ရိုးသားစွာနဲ့ သင့်တစ်ယောက်တည်းချစ်မယ့်သူ 

- သင့်နဲ့အတူ ထာဝရနေမယ့်သူ ပဲဖြစ်ပါတယ်။ 

အချစ်ဦးနဲ့ အချစ်ဆုံး ဘယ်အရာက ပိုတန်ဖိုးကြီးလဲဆိုတာ ပရိသတ်ကြီးလည်း သိရှိနားလည်မယ်လို့ထင်ပါတယ်နော်…။ 

Credit : Momolay / Phothutaw Team
Previous
Next Post »