မိန်းကလေးတွေရဲ့ ဒီစကားအထာလေးတွေကိုမှ မသိသေးရင် ရည်းစားထားဖို့ စိတ်မကူးနဲ့အူး ကိုကိုတို့...။



မိန်းကလေးတွေ ရွဲ့ ပြောတတ်တဲ့
စကားအတည့်လေးတွေ <3

💃လာမခေါ်နဲ့ !
အဲတာခေါ်ခိုင်းတာ
မခေါ်ပဲနေကြည့် သေအောင်စိတ်ဆိုးတယ်😐
💃အေးးးရတယ်လေ!
အဲတာ မရဘူးးး ကြည့်နေ ငါပြဿ နာ ရှာပြမယ် အဲ့လို 😐
💃ပြီးတာပဲ!
အဲ့တာ မပြီးဘူး မကျေနပ်လို့ပြောတာ
ခဏနေ သူပြန်ရွဲ့ တော့မှာ 😐
💃ဘာတစ်ခွန်းမှလာမပြောနဲ့ !
အဲ့တာကောက်သွားတာ
အမြှုပ်ထွက်အောင် သွားရှင်းပြ
ပြောနိုင်မှတော်ကာကျမှာ 😐
💃ကြိုက်တာသာလုပ်!
ဘာမှသွားမလုပ်နဲ့  အဲ့တာသူ ပြဿနာရှာဖို့အဆင်သင့်ပဲဆိုတဲ့သဘော😐
💃ငါ့ကို အဖက်လာမလုပ်နဲ့ !
ပစ်ထားတာများသွားပီ
သေချာပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော
အနီရောင်အဆင့် ရှော့ရှိတယ်😐
💃နင်ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး!
အဲ့တာ သူဂရုစိုက်တယ် တော်တော်စိုက်တာ မျက်စိထောက်ထောက်ကြည့်နေတာ
တစ်ချက်မမှားနဲ့ ရစ်ပလိုက်လို့နားကားသွားမယ်
01-creative-romantic-ideas-opener.jpg
💃နင့်သဘောနဲ့နင် !
အဲ့တာသူ့ဆီအရင်ခွင့်တောင်းခိုင်းတာ
ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ $?&?@?အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး အစစ်ဆေးလာခံခိုင်းတာ😐
💃ကောင်းပီလေ!
မကောင်းဘူး တော်တော်မကောင်းတာ
ပြဿနာစဖို့ အစပျိုးတာ😐
💃အော်....အဲ့လိုလားးး!
သွားပီ အဲ့တာရွဲ့ ပီ စောင်းပီ
ဘုဂလန့် လုပ်ပီ စိတ်ဒုက္ခပေးပီ😐
💃ကြည့်မရဘူး!
အမှန်ကကြည့်မဝတာ😐
💃နင့်ရုပ်လဲမမြင်ချင်ဘူး!
အဲ့လိုပြောရင် သွားတွေ့ လိုက်😐
💃နင့်အသံလဲမကြားချင်ဘူး!
ဖုန်းလေးတော့ ဆက်လိုက် သူချည်းဒိုင်ခံပြောလိမ့်မယ်😐
💃မုန်းတယ် သလား!
ချစ်လို့ပြောတာ 😐
အဲ့တာတွေကရွဲ့တာမဟုတ်ဘူး မှတ်ထား...!!
အရမ်းချစ်လို့ <3
Crd
==========
Previous
Next Post »