သဘာဝပစ္စည်းများကို သုံးပြီး ခြေထောက် အဆိပ်ထုတ်နည်း


ခြေထောက်နေ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အဆိပ်တွေကို ထုတ်လို့ရ ပါတယ်။တကယ်တော့ ဒီနည်းဟာ တရုတ်ရှေးခေတ်ကသုံးခဲ့တဲ့ နည်း လမ်းဖြစ်ပြီး တကယ်လည်း ထိရောက်ပါတယ်။တရုတ် ဆေးကျမ်း အရဆိုရင်ခြေထောက်မှာ  သဘာ ၀ စွမ်းအင်ဇုန်(natural energy zones)တွေရှိပြီး အဲ့ဒါတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ ကိုယ်တွင်း အင်္ဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ဒါကြောင့်လည်း ခြေထောက်ကို ဆား ရည်စိမ်တာ၊အခုနောက်ပိုင်းမှာဆိုရင်တော့ ခြေထောက် အဆိပ်ထုတ် ကပ်ခွာဆိုပြီး ပေါ်နေတာတွေတောင်ရှိပါတယ်။အခုဖော်ပြပေးမယ့် နည်းလေးကတော့ အရမ်းလည်းလွယ်ကူပြီး အိမ်မှာ အလွယ် တကူ လိုက်လုပ်လို့ရပါတယ်။
ခြေထောက်ကနေ အဆိပ်ထုတ်ပေးခြင်းအားဖြင့် ရလာမယ့် အကျိုး ကျေးဇူးတွေကတော့ အိပ်မပျော်တဲ့ သူတွေကို ကောင်းကောင်း အိပ်ေ ပျာ်စေပါတယ်။စွမ်းအင်တွေကုန်ခန်းပြီး ပင်ပမ်းနွမ်းနယ်နေတာတွေကို သက်သာစေပါတယ်။ခန္ဓာကိုယ်ကနေ အနံ့ဆိုးထွက်တာ၊ကိုယ်နံ့ ပြင်းတာ၊ခေါင်းကိုက်တာ၊ခေါင်းတခြမ်းကိုက်ရောဂါ၊၀မ်းချုပ်ရောဂါ၊အသည်းကို ပိုကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာပါ။
(၁)ကြက်သွန်ဖြူ၊နီဖြင့် အဆိပ်ထုတ်နည်း
ဖရဲသီးရဲ့ အံ့ဖွယ်အစွမ်း(၇)မျိုး
လိုအပ်တဲ့ ပစ္စည်းကတော့ ကြက်သွန်ဖြူ၊နီ၊ရေ၊ပတ်တီးစ(ပိတ်ကျဲစ) နဲ့ခြေအိတ်ပါ။ကြက်သွန်ဖြူနဲ့နီကို လှီးပြီး နုတ်နုတ်စဉ်းပါ။ရေကို ဆူေ အာင် တည်ပါ။ကြက်သွန်အဖတ်တွေကိုပဲ ယူမှာဖြစ်တဲ့ အတွက် ရေအ များကြီး မလိုပါဘူး။ရေထဲကို ခုနက ကြက်သွန်ဖြူနဲ့ နီကို ထည့် ပါ။(၁၀)မိနစ်လောက် ဆူအောင်ထားပါ။ ပြီးရင်တော့ ရေကို မိနစ် (၂၀)လောက် အအေးခံပါ။ပတ်တီးစ(ပိတ်ကျဲစ)ထဲကို ရောစပ် ထားတဲ့ ကြက်သွန်ဖြူ၊နီတွေကို လောင်း ထည့်ပါ။ပြီးရင်တော့ ခြေဖ၀ါး မှာ ခပ်ဖွဖွစည်းပေးပြီး ခြေအိတ်စွပ်ပြီး တစ်ညအိပ်လိုက်ပါ။မနက်ကျမှ ပြန်ခွာပါ။
(၂ခြေထောက်ကို စိမ်ပြီး အဆိပ်ထုတ်နည်း
လိုအပ်တဲ့ ပစ္စည်းကတော့ ဆားခါး လက်ဖက်ရည်ခွက်တစ်ခွက်၊ ပင်လ ယ်ဆား တစ်ခွက်၊မုန့်ဖုတ်ဆော်ဒါ နှစ်ခွက်။ခြေထောက်စိမ်ဖို့ အဆင်ြေ ပ လောက်တဲ့ ရေပမာဏကို အရင်ဆုံး ဆူအောင် တည်ပါ။ဆူ လာရ င်တော့ ခုနက ပစ္စည်းတွေကို ထည့်ပါ။ပျော်အောင်ထားပါ။ပြီးရင်တော့ ပန်းသီးရှာလကာရည်ထည့်ပါ။အအေးခံပြီး ခြေထောက်ကို အဲ့ဒီရေထဲမှာ နာရီဝက်လောက် ကြာအောင် စိမ်ပေးပါ။တခြားပါဝင်ပစ္စ ည်း တွေမရှိရင်လည်း ဆားခါးရယ်၊ရေကြက်သီးနွေးရယ်ကို ရောပြီး စိမ်ပေးလို့လည်းရပါတယ်။
f;thehealthawarenes
Previous
Next Post »