လိင်ဆက်ဆံမှူအကြိမ်ရေများလွန်းလျှင် ဖြစ်လာနိုင်သောဘေးထွက်ဆိုးကျိုးများ...!


လိင်ဆက်ဆံခြင်းကို လူအများစု နှစ်သက်လေ့ရှိကြပါတယ် ။ အမျိုးသမီးတွေထက် အမျိုးသားများက ပိုပြီး နှစ်သက် သဘောကျကြပါတယ်။ တကယ်တမ်းမှာလည်း လိင်ဆက်ဆံခြင်းက ကျန်းမာအတွက်ကောင်းခြင်း ၊ ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်ခြင်း စသဖြင့် ကောင်းကျိုးများစွာရှိပါတယ် ။ သို့သော် တန်ဆေးလွန်ဘေး ဆိုသလို အလွန်အကျွံ လိင်ဆက်ဆံလျှင်တော့ မကောင်းတဲ့ အကျိုးကျေးဇူးတွေ ရှိလာနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ပညာရှင်များ၏ သတိပေးချက်အရ တစ်ပတ်လျှင် တစ်ကြိမ်မှသုံးကြိမ်အထိ လိင်ဆက်ဆံခြင်းသည် ပုံမှန်အနေအထားဖြစ်၍ ကောင်းမွန်ပြီး သုံးကြိမ်ထက်ပို၍ လိင်ဆက်ဆံလျှင်တော့ မလိုလားအပ်သော ဆိုးကျိုးများနဲ့ လိင်ပို်င်းဆိုင်ရာမှာ ထိခိုက်မှုတွေလည်း ဖြစ်နိုင်ကြောင်း
 ပြောကြားထားပါတယ် ။ အောက်ပါတို့မှာ အလွန်အကျွံ လိင်ဆက်ဆံမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိးတွေပဲ ဖြစ်ပါတယ် ။

၁။ လိင်ဆက်ဆံမှုသည် အားသွန်ခွန်စိုက် ပြုလုပ်ရသော လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး အလွန်အကျွံလုပ်လျှင် ချွေးထွက်များကာ ရေဓါတ်ကုန်ခမ်းမှု ဖြစ်စေပါတယ်။ ( ဒါ့ကြောင့် ထိုသို့ပြုလုပ်ပြီးတိုင်း ရေများများသောက်ဖို့ ကျန်းမာရေး ပညာရှင်များက ပြောကြားထားပါတယ် )

၂။ နှလုံးမကောင်းသူ ၊ နှလုံးရောဂါရှိသူများအနေဖြင့် အလွန်အကျွံ လိင်ဆက်ဆံခြင်းက ရုတ်တရက် နှလုံးထိခိုက်မှု (heart attack )ဖြစ်စေနိုင်ပါတယ်။

၃။ခါးနာမှုကို ဖြစ်စေနိုင်ပါတယ်။

၎။လိင်ဆက်ဆံမှုဟာ ပထမဆုံးအကြိမ်တွင် စိတ်ခံစားမှုအတွက် အဆင်ပြေနေသဖြင့် နာကြင်မှုကို မခံစားရသော်လည်း တကယ်တမ်းတွင်တော့ လိင်အင်္ဂါနှစ်ခု ပွတ်တိုက်နေခြင်းအတွက် အမျိုးသားရော အမျိုးသမီးအတွက်ပါ နာကြင်မှုရှိပါတယ် ။ ထို့ကြောင့် အကြိမ်ရေများရင်များသလို မိမိလိင်အင်္ဂါအတွက် ထိခိုက်မှု ဖြစ်စေပါတယ် ။

၅။အများအားဖြင့် အမျိုးသားများသည် လိင်အင်္ဂါ ထိပ်ဖျားပိုင်းတွင် မသိမသာ ကျိန်းစပ်နာကြင်တတ်ပြီး အလွန်အကျွံဆိုရင်တော့ အမျိုးသားများ လိင်အင်္ဂါ ကျိုးစေနိုင်ပါသည်။

၆။အမျိုးသမီးများသည် အမျိုးသား လိင်အင်္ဂါ၏ ထိုးဖောက်မှုကြောင့် အမျိုးသမီး အင်္ဂါ အတွင်းနံရံမှာ သွေးစုနာကဲ့သို့ အနာများပေါက်နိုင်ပါသည်။

၇။ ကျိန်းသေတာကတော့ ဒီလိုအလွန်အကျွံလုပ်ခြင်းက လိင်အင်္ဂါရှိ ကြွက်သားတွေနဲ့ အာရုံကြောတွေကို အတန်အသင့်တော့ ထိခိုက်စေနိုင်ပါတယ် ။

၈။ ဒါ့အပြင် သုတ်လွှတ်နှေးကွေးပြီး အချိန်ကြန့်ကြာစေနိုင်ပါတယ် ။

၉။လိင်ဆက်ဆံနေစဉ်အတွင်း နှလုံးခုန်နှုန်း ကို မြင့်တက်စေပြီး မကြာခဏ လိင်ဆက်ဆံမှုက မောပန်းမှုကို ဖြစ်စေပါတယ် ။ တစ်နေ့ကို အကြိမ်ရေများများ လိင်ဆက်ဆံခြင်းက သင့်ရဲ့စွမ်းအင်တွေကို လျော့ကျစေပြီး မကြာခဏ မောပန်းနွမ်းနယ်ခြင်းများ ဖြစ်စေနိုင်ပါတယ် ။

ကဲ..တန်ဆေး ၊ လွန်ဘေး မဖြစ်ရအောင် ဆင်ခြင်သတိပြုကြဖို့ တိုက်တွန်းရင်း….

ဖိုးသူတော် (www.phothutaw.com)
Credit: (ရွှေအင်းလေး)
Previous
Next Post »