“ဇူလိုင်လ ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုနှင့်ပက်သက်၍ YBS ၅၅ ယာဉ်လိုင်း ကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။
စုသက်နှင်း
Credit – Akonthi
============
ဇူလိုင်လ ရ ရက်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုနှင့်ပက်သက်၍ YBS ၅၅ ယာဉ်လိုင်း ကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ ဥက္ကံမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS ၅၅ ယာဉ်လိုင်းသည် မဆင်မခြင်မောင်းနှင်ခဲ့ရာမှ မတော်တဆမှုဖြစ်ခဲ့ပြီး လူအများအပြား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်ခဲ့သည့်အတွက် အဆိုပါ ယာဉ်လိုင်းကို ပြန်လည်စိစစ်သွားမည်ဖြစ်ပြီး ရက်အကန့်အသတ်မရှိ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်လိုင်း၏ နေရာတွင် အစားထိုးပြေးဆွဲရန် YBS ယာဉ်လိုင်းကို အာဏာပိုင်အဖွဲ့မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြေးဆွဲခွင့်ပြုခဲ့ပါကလည်း ဥက္ကံမှ ထောက်ကြန့်ထိ ကိုသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ “ကားနှစ်စီးက အပြိုင်မောင်းလာတာ။ စည်းကမ်းမဲ့မောင်းနှင်လို့ ဒီလိုဖြစ်ရတာ။…”,
“ဇူလိုင်လ ရ ရက်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုနှင့်ပက်သက်၍ YBS ၅၅ ယာဉ်လိုင်း ကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။
ဥက္ကံမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS ၅၅ ယာဉ်လိုင်းသည် မဆင်မခြင်မောင်းနှင်ခဲ့ရာမှ မတော်တဆမှုဖြစ်ခဲ့ပြီး လူအများအပြား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်ခဲ့သည့်အတွက် အဆိုပါ ယာဉ်လိုင်းကို ပြန်လည်စိစစ်သွားမည်ဖြစ်ပြီး ရက်အကန့်အသတ်မရှိ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်လိုင်း၏ နေရာတွင် အစားထိုးပြေးဆွဲရန် YBS ယာဉ်လိုင်းကို အာဏာပိုင်အဖွဲ့မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြေးဆွဲခွင့်ပြုခဲ့ပါကလည်း ဥက္ကံမှ ထောက်ကြန့်ထိ ကိုသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“ကားနှစ်စီးက အပြိုင်မောင်းလာတာ။ စည်းကမ်းမဲ့မောင်းနှင်လို့ ဒီလိုဖြစ်ရတာ။ ဒါကြောင့် နောက်ယာဉ်လိုင်းတွေလည်း ဒါမျိုးမဖြစ်အောင် တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီ ၅၅ ယာဉ်လိုင်းကို လတ်တလော ပြေးဆွဲခွင့်ပိတ်သိမ်းထားတယ်။ ၅၅ ယာဉ်လိုင်းက ယာဉ်ပိုင်ရှင်တွေနဲ့ ဆက်ပြီးဆွေးနွေး ဆောင်ရွက်သွားမယ် ”ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခင် မထသ လက်ထက်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားပါက လူထိခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှုများပါက ဖြစ်ပွားသည့်ယာဉ်လိုင်းကို ပြေးဆွဲခွင့် ခြောက်လပိတ်သိမ်းကြောင်း သိရသည်။
မထသ စနစ်ကို ဖျက်သိမ်း၍ YBS စနစ်သို့ ကူးပြောင်းသည့် ခြောက်လ တာကာလအတွင်း အကြီးမားဆုံးသော ယာဉ်မတော်တဆမှုဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ နောက်ပိုင်းတွင် စည်းကမ်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကို တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် YBS ၅၅ ယာဉ်လိုင်း သည် ယာဉ်အစီးရေ ၁၃၀ ၀န်းကျင်ရှိပြီး ဥက္ကံမှ သခင်မြပန်းခြံထိပြေးဆွဲနေသေည့်ယာဉ်လိုင်းဖြစ်ကြောင်းသိရသည်။
စုသက်နှင်း
Credit – Akonthi
ConversionConversion EmoticonEmoticon