ရန္ကုန္၊ ဇူလိုင္လ ၈ ။ ။ ယမန္ေန႔ ဇူလုိင္လ ၇ ရက္ ညေနက YBS ၅၅ ႏွင့္ YBS ၃၇ ယာဥ္လိုင္းတို႔ မ်က္ႏွာခ်င္းဆိုင္ ျပင္းထန္စြာယာဥ္ တိုက္ခဲ့မႈမွ YBS ၅၅ ယာဥ္ေမာင္း ဦးေမာင္ေမာင္ေအးဆိုသူမွာ ယေန႔ ဇူလိုင္လ ၈ ရက္၊ ေန႔လည္ ၁ နာရီ ၃ဝ တြင္ ဦးေခါင္းပိုင္းထိခိုက္မႈျဖင့္ ေသဆံုးသြားေၾကာင္း လုိက္ပါကူညီေပးေနသည့္ ပုလဲအရန္မီးသတ္တပ္ဖြဲ႔မွ တာဝန္ခံ ကိုထင္လင္းေအာင္က မဇၥ်ိမသို႔ အတည္ျပဳေျပာသည္။
အဆုိပါ တိုက္ႀကီးသားအမ်ားပိုင္ကုမၸဏီမွ ေျပးဆြဲေနသည့္ YBS ၅၅ ယာဥ္တစ္စီးက YBS ၃၇ (ယခင္ BRT Lite ) ယာဥ္ကို ၀င္တိုက္မိခဲ့ျခင္းၿပီး ခရီးသည္ ၃၈ ဦး ဒဏ္ရာရရွိခဲ့ကာ ယာဥ္ေမာင္းအပါအ၀င္ ေသဆံုးသူ ၁ဝ ဦး အထိရွိၿပီ ျဖစ္သည္။
“ ၅၅ ယာဥ္ေမာင္းက ဒီေန႔ ေန႔လည္ ၁ နာရီခြဲမွာ ေမဓါဝီေဆး႐ုံမွာ ဦးေခါင္းပိုင္း ထိခိုက္မႈနဲ႔ပဲ ေသဆံုးတယ္။ မ်က္ႏွာစုတ္ၿပဲ၊ ဦးေခါင္းပိုင္း ထိခိုက္မႈေပါ့။ ေျခေတြ၊ လက္ေတြေတာ့ မထိဘူး” ဟု ကိုထင္လင္းေအာင္က ေျပာသည္။
YBS ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္ ျပင္းထန္စြာတိုက္မိမႈမွ YBS ၅၅ ယာဥ္ေမာင္း ဦးေခါင္းပိုင္းထိခုိက္မႈျဖင့္ ေသဆံုးခဲ့ျခင္းျဖစ္သည္။
“ယာဥ္တိုက္မႈမွာ ဘယ္ကား မွားတာလည္းဆိုေတာ့ မ်က္ျမင္ေျပာျပခ်က္အရေတာ့ ၅၅ ႏွစ္စီးက ၿပိဳင္ေမာင္းတယ္လို႔ ေျပာတယ္ဗ်။ အခုတုိက္တဲ့ကားတစ္စီးက ေက်ာ္တက္တာေပါ့။ ေက်ာ္တက္ေတာ့ ေရွ႕ဘီးျပဳတ္သြားတာလား၊ ဘာလားေတာ့ ေသခ်ာမသိဘူးေပါ့ေနာ္။ ေရွ႕ဘီးျပဳတ္ထြက္ဖို႔မ်ားတယ္။ အဲ့လိုျပဳတ္သြားၿပီးေတာ့ တစ္ဖက္ယာဥ္ေၾကာမွာ ရွိတဲ့ ၃၇ က ရပ္ထားတယ္ေျပာတယ္။ အဲ့ဒီ ၃၇ ကို ဝင္တုိက္တာေပါ့ေနာ္။ သူ႔အရွိန္နဲ႔ သူ လမ္းေဘးကို ထိုးက်သြားတယ္။ ေနာက္ လမ္းေလွ်ာက္လာတဲ့ လူႏွစ္ဦးကို ထပ္တိုက္လိုက္တယ္။ အခုလက္ရွိမွားတဲ့ဘက္က ယာဥ္ေမာင္းကဆံုးသြားတယ္။ ၃၇ ယာဥ္ေမာင္းကေတာ့ ေမဓါဝီေဆး႐ုံမွာ ေဆးဝါးကုသေနပါတယ္။ သူက အေျခအေနေကာင္းပါတယ္။ ကၽြန္ေတာ္တို႔ ပို႔တာလည္း အခ်ိန္မီတယ္ဆိုေတာ့ေလ”ဟု ပုလဲအရန္မီးသတ္တပ္ဖြဲ႔မွ တာဝန္ခံ ကိုထင္လင္းေအာင္က ေျပာသည္။
အဆုိပါ ယာဥ္တုိက္မႈႏွင့္ ပတ္သက္ၿပီး ဇူလိုင္လ ၇ ရက္ေန႔က အင္းစိန္ၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ – ၃ဝ၄(က)/ ၃၃၈/ ၃၃၇/ ၂၇၉ စသည့္ ပုဒ္မ ၄ ခုျဖင့္ အမႈဖြင့္ထားသည္။ သို႔ေသာ္ယာဥ္ေမာင္းမွာ ေသဆံုးသြားေသာေၾကာင့္ အမႈပိတ္ရန္ရိွေၾကာင္း သိရသည္။
“ ၅၅ ယာဥ္လိုင္းက ယာဥ္ေမာင္း တရားခံက ေသဆံုးသြားၿပီးဆိုေတာ့ တရားခံေသဆံုးမႈနဲ႔ အမႈပိတ္ရမွာေပါ့ဗ်ာ။ ကုမၸဏီယာဥ္လိုင္းကေတာ့ ဆက္လုပ္ဖုိ႔မရွိပါဘူး။ က်ဴးလြန္တာက ယာဥ္ေမာင္းက က်ဴးလြန္တာကိုး။ ဆက္လုပ္ စရာက တရားခံေသဆံုးမႈပဲ ရွိတာ ”ဟု အင္းစိန္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ေက်ာ္မိုးကေျပာသည္။
အဆုိပါ ယာဥ္တုိက္မႈျဖစ္စဥ္မွာ ဇူလိုင္ ၇ ရက္၊ ေန႔လည္ ၁ နာရီ၊ မိနစ္ ၄ဝ အခ်ိန္တြင္ ဆူးေလ – ေထာက္ၾကန္႔ ေျပးဆြဲေပးေနသည့္ YBPC ကုမၸဏီပိုင္ YBS ၃၇ ႏွင့္ ဥကၠံႏွင့္ ေမာ္တင္ေျပးဆြဲေပးေနသည္႔ တိုက္ႀကီးသား အမ်ားပိုင္ယာဥ္လိုင္းမွ YBS ၅၅တို႔ မဂၤလာဒံုၿမိဳ႕နယ္၊ ရန္ကုန္-ျပည္လမ္းမႀကီး၊ ေထာက္ၾကန္႔ေမြးျမဴေရး မွတ္တိုင္အနီး ပ်ဥ္းမပင္ေက်းရြာအုပ္စု၊ ေရႊေညာင္ပင္ဘုိးဘုိးႀကီး နတ္နန္းေဟာင္းေရွ႕တြင္ မ်က္ႏွာခ်င္းဆိုင္ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
Credit – Mizzima
==========
Unicode
ရန်ကုန်၊ ဇူလိုင်လ ၈ ။ ။ ယမန်နေ့ ဇူလိုင်လ ရ ရက် ညနေက YBS ၅၅ နှင့် YBS ၃၇ ယာဉ်လိုင်းတို့ မျက်နှာချင်းဆိုင် ပြင်းထန်စွာယာဉ် တိုက်ခဲ့မှုမှ YBS ၅၅ ယာဉ်မောင်း ဦးမောင်မောင်အေးဆိုသူမှာ ယနေ့ ဇူလိုင်လ ၈ ရက်၊ နေ့လည် ၁ နာရီ ၃ဝ တွင် ဦးခေါင်းပိုင်းထိခိုက်မှုဖြင့် သေဆုံးသွားကြောင်း လိုက်ပါကူညီပေးနေသည့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ခံ ကိုထင်လင်းအောင်က မဇ္စျိမသို့ အတည်ပြုပြောသည်။
အဆိုပါ တိုက်ကြီးသားအများပိုင်ကုမ္ပဏီမှ ပြေးဆွဲနေသည့် YBS ၅၅ ယာဉ်တစ်စီးက YBS ၃၇ (ယခင် BRT Lite ) ယာဉ်ကို ၀င်တိုက်မိခဲ့ခြင်းပြီး ခရီးသည် ၃၈ ဦး ဒဏ်ရာရရှိခဲ့ကာ ယာဉ်မောင်းအပါအဝင် သေဆုံးသူ ၁ဝ ဦး အထိရှိပြီ ဖြစ်သည်။
“ ၅၅ ယာဉ်မောင်းက ဒီနေ့ နေ့လည် ၁ နာရီခွဲမှာ မေဓါဝီဆေးရုံမှာ ဦးခေါင်းပိုင်း ထိခိုက်မှုနဲ့ပဲ သေဆုံးတယ်။ မျက်နှာစုတ်ပြဲ၊ ဦးခေါင်းပိုင်း ထိခိုက်မှုပေါ့။ ခြေတွေ၊ လက်တွေတော့ မထိဘူး” ဟု ကိုထင်လင်းအောင်က ပြောသည်။
YBS နှစ်စီး မျက်နှာချင်းဆိုင် ပြင်းထန်စွာတိုက်မိမှုမှ YBS ၅၅ ယာဉ်မောင်း ဦးခေါင်းပိုင်းထိခိုက်မှုဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
“ယာဉ်တိုက်မှုမှာ ဘယ်ကား မှားတာလည်းဆိုတော့ မျက်မြင်ပြောပြချက်အရတော့ ၅၅ နှစ်စီးက ပြိုင်မောင်းတယ်လို့ ပြောတယ်ဗျ။ အခုတိုက်တဲ့ကားတစ်စီးက ကျော်တက်တာပေါ့။ ကျော်တက်တော့ ရှေ့ဘီးပြုတ်သွားတာလား၊ ဘာလားတော့ သေချာမသိဘူးပေါ့နော်။ ရှေ့ဘီးပြုတ်ထွက်ဖို့များတယ်။ အဲ့လိုပြုတ်သွားပြီးတော့ တစ်ဖက်ယာဉ်ကြောမှာ ရှိတဲ့ ၃၇ က ရပ်ထားတယ်ပြောတယ်။ အဲ့ဒီ ၃၇ ကို ဝင်တိုက်တာပေါ့နော်။ သူ့အရှိန်နဲ့ သူ လမ်းဘေးကို ထိုးကျသွားတယ်။ နောက် လမ်းလျှောက်လာတဲ့ လူနှစ်ဦးကို ထပ်တိုက်လိုက်တယ်။ အခုလက်ရှိမှားတဲ့ဘက်က ယာဉ်မောင်းကဆုံးသွားတယ်။ ၃၇ ယာဉ်မောင်းကတော့ မေဓါဝီဆေးရုံမှာ ဆေးဝါးကုသနေပါတယ်။ သူက အခြေအနေကောင်းပါတယ်။ ကျွန်တော်တို့ ပို့တာလည်း အချိန်မီတယ်ဆိုတော့လေ”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ခံ ကိုထင်လင်းအောင်က ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ရ ရက်နေ့က အင်းစိန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ – ၃ဝ၄(က)/ ၃၃၈/ ၃၃၇/ ၂၇၉ စသည့် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထားသည်။ သို့သော်ယာဉ်မောင်းမှာ သေဆုံးသွားသောကြောင့် အမှုပိတ်ရန်ရှိကြောင်း သိရသည်။
“ ၅၅ ယာဉ်လိုင်းက ယာဉ်မောင်း တရားခံက သေဆုံးသွားပြီးဆိုတော့ တရားခံသေဆုံးမှုနဲ့ အမှုပိတ်ရမှာပေါ့ဗျာ။ ကုမ္ပဏီယာဉ်လိုင်းကတော့ ဆက်လုပ်ဖို့မရှိပါဘူး။ ကျူးလွန်တာက ယာဉ်မောင်းက ကျူးလွန်တာကိုး။ ဆက်လုပ် စရာက တရားခံသေဆုံးမှုပဲ ရှိတာ ”ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအုပ်ကျော်မိုးကပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဇူလိုင် ရ ရက်၊ နေ့လည် ၁ နာရီ၊ မိနစ် ၄ဝ အချိန်တွင် ဆူးလေ – ထောက်ကြန့် ပြေးဆွဲပေးနေသည့် YBPC ကုမ္ပဏီပိုင် YBS ၃၇ နှင့် ဥက္ကံနှင့် မော်တင်ပြေးဆွဲပေးနေသည့် တိုက်ကြီးသား အများပိုင်ယာဉ်လိုင်းမှ YBS ၅၅တို့ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီး၊ ထောက်ကြန့်မွေးမြူရေး မှတ်တိုင်အနီး ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းရှေ့တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Credit – Mizzima
ConversionConversion EmoticonEmoticon