YBS တံဆိပ္တပ္ယာဥ္ အားလံုး ယေန႔ ေငြပံုးတပ္ဆင္ရမည္"


ရန္ကုန္ၿမိဳ႕အတြင္း ေျပးဆြဲေနသည့္ YBS တံဆိပ္တပ္ ယာဥ္လိုင္း ၈၀ ေက်ာ္ရွိ ယာဥ္မ်ား အားလံုး ဇူလိုင္လ ၁၀ ရက္မွစၿပီး ခရီးသည္ကိုယ္တိုင္ ယာဥ္စီးခ ထည့္ရမည့္ ေငြပံုးစနစ္ စတင္ တပ္ဆင္ရမည္ျဖစ္ေၾကာင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာၾကားသည္။

“တိုင္းအစိုးရကို ဘယ္လိုင္းက ဘယ္ႏွစီးကို တပ္ဆင္မယ္ဆိုတာ စာရင္း တင္ေပးရမယ္။ စနစ္ကို ေျပာင္းလိုက္တဲ့သေဘာပါ။ စပယ္ယာကို ေငြမေကာက္ခိုင္းေတာ့ဘူး”ဟု ဇူလိုင္လ ၈ ရက္က YBS ယာဥ္ တိုက္မႈႏွင့္ပတ္သက္၍ ျပဳလုပ္သည့္ အေရးေပၚ အစည္းအေဝးသို႔ တက္ေရာက္ခဲ့သည့္ YBS ယာဥ္လိုင္းတာဝန္ခံ ဦးတ႐ုတ္ေလးက ဆိုသည္။

လက္ရွိ YBS ယာဥ္လိုင္းတြင္ ပါဝင္ လုပ္ကိုင္ေနသည့္ စပယ္ယာ လုပ္သားမ်ားကို ထုတ္ပယ္လိုက္ျခင္းမ်ိဳး မဟုတ္ဘဲ ယာဥ္အကူအျဖစ္ ယာဥ္ေပၚတြင္ ဆက္လက္ လုပ္ကိုင္ခြင့္ ရွိမည္ျဖစ္ကာ ယာဥ္ေပၚတြင္ အေႂကြလဲေပးျခင္း၊ ေရာက္ရွိမည့္မွတ္တိုင္မ်ား အသိေပး ေျပာဆိုျခင္းမ်ားကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

“ဝန္ႀကီးက ေငြပံုးေတြ တပ္ဆင္ရမယ္ပဲ ေျပာပါတယ္။ ယာဥ္ေနာက္လိုက္ေတြကို ထုတ္ပယ္မယ္လို႔ မေျပာပါဘူး”ဟု ၎က ဆိုသည္။

ေျပးဆြဲေနေသာ ယာဥ္မ်ားတြင္ အဲကြန္းကား မဟုတ္ေသာ ယာဥ္မ်ား ရွိေနေသးေသာ္လည္း အဆိုပါ ေငြပံုးစနစ္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ၿပီး လုပ္အားခ အေနႏွင့္ အညီအမွ် ခြဲေဝသည့္စနစ္ကို က်င့္သံုးမည္ျဖစ္ေၾကာင္း ယာဥ္လိုင္းတာဝန္ခံမ်ားက ေျပာၾကားသည္။

“အခုေျပးေနတဲ့ ယာဥ္လိုင္း ၂၀ ေက်ာ္ကိုလည္း ေငြပံုးစနစ္နဲ႔ပဲ သြားမွာပါ။ ဒီစနစ္က တကယ္ လုပ္သင့္တဲ့စနစ္ပါ။ ၿမိဳ႕ေတာ္ဝန္နဲ႔ ဝန္ႀကီးနဲ႔ မေန႔က ေတြ႔ၿပီး မျဖစ္မေန အေကာင္အထည္ေဖာ္ဖို႔ ဆံုးျဖတ္လိုက္ပါၿပီ”ဟု ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီ ႔႕ဏႊ အမႈေဆာင္အရာရွိခ်ဳပ္ ဦးေမာင္ေမာင္လြင္က ဆိုသည္။

ခရီးသည္အေသအေပ်ာက္ အမ်ားဆံုးျဖစ္ခဲ့ေသာ ဇူလိုင္လ ၇ ရက္က YBS ၃၇ ႏွင့္ ၅၅ မ်က္ႏွာခ်င္းဆိုင္ ယာဥ္တိုက္မႈအၿပီး တိုင္းအစိုးရအဖြဲ႔က ယခုကဲ့သို႔ စည္းကမ္းခ်က္မ်ား ထုတ္ျပန္ျခင္းျဖစ္သည္။

ညြန္ၾကားခ်က္ကို လိုက္နာျခင္းမရွိေသာ ယာဥ္ပိုင္ရွင္မ်ား၊ ယာဥ္လိုင္း တာဝန္ခံမ်ားကို ထုတ္ပယ္ၿပီး ကုမၸဏီယာဥ္သစ္မ်ားႏွင့္ အစားထိုး ေျပးဆြဲမည္ျဖစ္ေၾကာင္း၊ ပိုမို ေကာင္းမြန္ေသာ သယ္ယူပို႔ေဆာင္ေရး ျဖစ္ေပၚလာေစေရး ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာၾကားခဲ့သည္။

The Voice (10 July 2017)

Unicode
"YBS တံဆိပ်တပ်ယာဉ် အားလုံး ယနေ့ ငွေပုံးတပ်ဆင်ရမည်"
----- ----- -----
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS တံဆိပ်တပ် ယာဉ်လိုင်း ၈၀ ကျော်ရှိ ယာဉ်များ အားလုံး ဇူလိုင်လ ၁၀ ရက်မှစပြီး ခရီးသည်ကိုယ်တိုင် ယာဉ်စီးခ ထည့်ရမည့် ငွေပုံးစနစ် စတင် တပ်ဆင်ရမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“တိုင်းအစိုးရကို ဘယ်လိုင်းက ဘယ်နှစီးကို တပ်ဆင်မယ်ဆိုတာ စာရင်း တင်ပေးရမယ်။ စနစ်ကို ပြောင်းလိုက်တဲ့သဘောပါ။ စပယ်ယာကို ငွေမကောက်ခိုင်းတော့ဘူး”ဟု ဇူလိုင်လ ၈ ရက်က YBS ယာဉ် တိုက်မှုနှင့်ပတ်သက်၍ ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် YBS ယာဉ်လိုင်းတာဝန်ခံ ဦးတရုတ်လေးက ဆိုသည်။

လက်ရှိ YBS ယာဉ်လိုင်းတွင် ပါဝင် လုပ်ကိုင်နေသည့် စပယ်ယာ လုပ်သားများကို ထုတ်ပယ်လိုက်ခြင်းမျိုး မဟုတ်ဘဲ ယာဉ်အကူအဖြစ် ယာဉ်ပေါ်တွင် ဆက်လက် လုပ်ကိုင်ခွင့် ရှိမည်ဖြစ်ကာ ယာဉ်ပေါ်တွင် အကြွေလဲပေးခြင်း၊ ရောက်ရှိမည့်မှတ်တိုင်များ အသိပေး ပြောဆိုခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဝန်ကြီးက ငွေပုံးတွေ တပ်ဆင်ရမယ်ပဲ ပြောပါတယ်။ ယာဉ်နောက်လိုက်တွေကို ထုတ်ပယ်မယ်လို့ မပြောပါဘူး”ဟု ၎င်းက ဆိုသည်။

ပြေးဆွဲနေသော ယာဉ်များတွင် အဲကွန်းကား မဟုတ်သော ယာဉ်များ ရှိနေသေးသော်လည်း အဆိုပါ ငွေပုံးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး လုပ်အားခ အနေနှင့် အညီအမျှ ခွဲဝေသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ခံများက ပြောကြားသည်။

“အခုပြေးနေတဲ့ ယာဉ်လိုင်း ၂၀ ကျော်ကိုလည်း ငွေပုံးစနစ်နဲ့ပဲ သွားမှာပါ။ ဒီစနစ်က တကယ် လုပ်သင့်တဲ့စနစ်ပါ။ မြို့တော်ဝန်နဲ့ ဝန်ကြီးနဲ့ မနေ့က တွေ့ပြီး မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါပြီ”ဟု ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ့ဏွှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ဆိုသည်။

ခရီးသည်အသေအပျောက် အများဆုံးဖြစ်ခဲ့သော ဇူလိုင်လ ၇ ရက်က YBS ၃၇ နှင့် ၅၅ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုအပြီး တိုင်းအစိုးရအဖွဲ့က ယခုကဲ့သို့ စည်းကမ်းချက်များ ထုတ်ပြန်ခြင်းဖြစ်သည်။

ညွန်ကြားချက်ကို လိုက်နာခြင်းမရှိသော ယာဉ်ပိုင်ရှင်များ၊ ယာဉ်လိုင်း တာဝန်ခံများကို ထုတ်ပယ်ပြီး ကုမ္ပဏီယာဉ်သစ်များနှင့် အစားထိုး ပြေးဆွဲမည်ဖြစ်ကြောင်း၊ ပိုမို ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး ဖြစ်ပေါ်လာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

The Voice (10 July 2017)
Previous
Next Post »