ချောကလက်ကြိုက်သူတွေသိထားသင့်သောအချက်(၅)ချက်
#Unicode Version#
ချောကလက်ကြိုက်တဲ့ယောင်းလေးတွေ ဘယ်သူရှိ? တချို့ကကျ ချောကလက်ကို ချစ်တဲ့အဓိပ္ပါယ်လို့ မှတ်ယူကြတယ်တဲ့။ တချို့ကကျ ပျော်ရွှင်ခြင်းတဲ့။ ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ပဲ မှတ်ယူကြပါစေ ချောကလက်က လူကြီးလူငယ်တိုင်းရဲ့ အသည်းစွဲဖြစ်နေဆဲပဲလေ။ဒါပေမယ့် ချောကလက်ဟာ ကျန်းမာရေးအတွက် မသင့်တော်ဘူး.. ဝစေတယ်လို့ ပြောကြတဲ့အချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းက..
၁။ ချောကလက်က ကိုလက်စထရောကို လျော့ကျစေပါတယ်။ မှတ်တမ်းတွေအရတော့ မကောင်းတဲ့အဆီတွေလို့ ခေါ်တဲ့ ကိုလက်စထရောကို ကျစေပြီး သွေးပေါင်ချိန်ကို မြှင့်တင်ပေးပါတယ်တဲ့။
၂။ ချောကလက်က မှတ်ဉာဏ်ကျဆင်းခြင်းကနေ ကာကွယ်ပေးပါတယ်။ စစ်တမ်းတွေအရ ချေ့ာကလက်က ဦးခေါင်းအတွင်းပိုင်း သွေးလည်ပတ်မှုကို ကောင်းစေပြီးတော့ မှတ်ဉာဏ်ကျဆင်းမှုနှုန်းကို လျှော့ချပေးပါတယ်။
၃။ ကိုယ်ဝန်ဆောင်ချိန်မှာ ချောကလက်ကို စားပေးရင် သန္ဓေသားကိုဖွံ့ဖြိုးစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ချောကလက်၃၀ဂရမ်လောက် စားသုံးပေးတာက ဗိုက်ထဲက ကလေးလေးကို ကြီးထွားဖွံဖြိုးစေပါတယ်တဲ့။
၄။ နေ့တိုင်းချောကလက်စားပေးမယ်ဆိုရင် ဆီးချိုနဲ့ နှလုံးရောဂါ ကို ကာကွယ်ပေးပါတယ်တဲ့။ ဒါပေမဲ့ ချောကလက်က Dark Chocolate ဖြစ်ရမှာဖြစ်ပြီး အချိုပါဝင်မှုအနည်းဆုံး ဖြစ်ရပါမယ်နော်။
၅။ ချောကလက်က စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါသေးတယ်တဲ့။ စိတ်အရမ်းညစ်တဲ့အချိန်မှာ ချောကလက်လေး တစ်တောင့်လောက်စားပေးတာက စိတ်ထိခိုက်လွယ် ခံစားလွယ်တာကို လျော့နည်းစေပါတယ်တဲ့။
ယောင်းတို့လည်း အခုဆို ချောကလက်ရဲ့ ကောင်းကျိုးလေးတွေလည်း သိသွားပြီ။ ဒါပေမယ့် ဈေးကွက်ထဲမှာ ရှိတဲ့ ချောကလက်တိုင်းက ကျန်းမာရေးနဲ့ ညီညွတ်စေတာတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကောင်းဆုံးက ချော့ကလက် အမည်း(Dark Chocolate) ပါ။ ချောကလက်တော်သင့်ရုံပမာဏကို အလွန်အကျွံမဟုတ်ဘဲ နေ့တိုင်းစားပေးတာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်တဲ့…
ဖိုးသူတော် (www.phothutaw.com)
Credit: Windy (For Her Myanmar)
Previous
Next Post »