ဆံပင် ညှပ်မယ်ဆိုရင် အချိန်အများဆုံး မိနစ် သုံးဆယ်ကျော်လောက်သာ ကြာပေမဲ့လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ ဆံပင်ညှပ်စဉ်အတွင်း အိပ်ပျော်လွန်သွားတာကြောင့် ဆေးရုံရောက်ခဲ့ရတယ်လို့ သိရပါတယ်။
-
Shijiazhuang ပြည်နယ်မှ ဆံပင်ညှပ်ဆရာတစ်ဦးဟာ လူတစ်ဦးကို ဆံပင်ညှပ်နေစဉ် လူမှာ အိပ်ပျော်နေလျက်ရှိနေပါတယ်။ လူဟာ အလွန်အမင်း အိပ်ပျော်နေတာကြောင့် ဆံပင်ကို ညှပ်မြဲအတိုင်းသာ ညှပ်နေခဲ့တယ်လို့ သိရပါတယ်။ ဆံပင်ညှပ်ဆရာဟာ လူကို နှိုးဖို့ကြိုးစားပေမဲ့လည်း လူမှာ ဟောက်လျက်ရှိနေတာကြောင့် မနှိုးဖြစ်တော့ဘဲ ဆံပင် ညှပ်ပြီးလို့ လူကို နှိုးချိန်မှာတော့ နှိုးလို့မရတော့တာကြောင့် ရဲများကိုခေါ်ခဲ့ရပါတယ်။
-
ရဲနှစ်ဦးကလည်း ဆံပင် လာညှပ်ရင်း အိပ်ပျော်နေတဲ့ လူကို လှုပ်နှိုး၊ စိုဆွတ်တဲ့အရာများနဲ့ ဦးခေါင်းများကို ပက်ဖျန်းပေမဲ့လည်း ထူခြားမှုမရှိတာကြောင့် စိုးရိမ်မှုများဖြစ်ပေါ်ပြီး ဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဆေးရုံကိုရောက်ရှိချိန်မှာ အလွန်အမင်း စိုးရိမ်မှုဖြစ်ပေါ်မှုနဲ့အတူ လူမှာ ရောဂါများ ရှိနေသလားလို့ ထင်မှတ်မှုများဖြစ်ခဲ့ရပါတယ်။ စမ်းသပ်ချိန်မှာတော့ ထူးခြားတဲ့ရောဂါ မရှိဘဲ လူနာမှာ ပုံမှန်အတိုင်း အိပ်ပျော်နေတာဖြစ်တယ်လို့ ဆရာဝန်များက ပြောဆိုကြ ပါတယ်။ နာရီဝက်လောက်အကြာမှာတော့ လူမှာ နိုးလာပြီး ပြီးခဲ့တဲ့ သီတင်းပတ်များက အိပ်ရေးပျက်ခဲ့တာကြောင့် အိပ်ပျော်သွားတာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။
-
Ref: China news
ကောင်းထက်ငွေ (မိုမိုလေး)
ConversionConversion EmoticonEmoticon