ယောက်ျားလေးတွေ ကြွေသွားမယ့် မိန်းကလေးတို့ရဲ့ ချစ်စရာအပြုအမူ (၆) ခု


ယောက်ျားလေးတစ်ယောက် ပိုင်ဆိုင်ရရှိနိုင်တဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဆုလဒ်တစ်ခုက မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် မိန်းကလေးတစ်ယောက်မှာ ယောက်ျားလေးတို့အတွက် တကယ်စိတ်ပျက်စရာကောင်းတဲ့ အမူအကျင့်များစွာ ရှိပါတယ်။ အဆက်မပြတ်ဖုန်းခေါ်ခြင်း၊ တစ်ခုခုလုပ်နေစဉ် ကလေးတစ်ယောက်လို ပြုမူခြင်း၊ ဆယ်ဖီရိုက် ဓာတ်ပုံတွေပြန်ကြည့် ပြန်ဖျက်လိုက် ပြန်ရိုက်လိုက် ထပ်ခါထပ်ခါပြုလုပ်ခြင်း၊ ဈေးဝယ်ရင်း တန်ဖိုးရှိတဲ့အချိန်တွေ ဖြုန်းပစ်ခြင်းစတဲ့ အလေ့အကျင့်တွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံးအရာတွေထဲက တချို့ဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတို့မှာ အင်မတန်ချစ်စရာကောင်းတဲ့ အပြုအမူတချို့လည်း ရှိနေပြန်ပါတယ်။

၁။ ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့တာ

ကောင်မလေးက ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့လာတဲ့အခါ ယောက်ျားလေးတွေ သိပ်သဘောကျကြပါတယ်။ ချစ်ရသူကို လုံခြုံစိတ်ချမှုပေးတဲ့ လက်တွဲဖော်အဖြစ် ခံစားကြရပါတယ်။

၂။ ဆံပင်ပွတ်သပ်ပေးတာ

ဆံပင်ပွတ်သပ်ပေးမှုကြောင့် ဖြစ်ပေါ်တဲ့ သာယာမှုတစ်ခုတည်းတင် မဟုတ်ပါဘူး။ ယောက်ျားလေးတွေဟာ ချစ်ခင်ကြင်နာမှု၊ ယုယမှုထုတ်ဖော်ပြမှုတစ်ခုအဖြစ် ဂရုစိုက်မှုကို ရရှိကြပြီး လက်တွဲဖော်ဆီက ထိတွေ့မှု လိုအပ်ကြပါတယ်။

၃။ ဖေ့စ်ဘွတ်ခ်ပေါ် ချီးမွမ်းပြောဆိုတာ

အမျိုးသားတွေ လူအများ သူတို့ကို အသိအမှတ်ပြုတဲ့အခါ သဘောကျကြပါတယ်။

၎။ ပြောစကားကို အာရုံစူးစိုက်နားထောင်ပေးတာ

ဒီအပြုအမူက ယောက်ျားလေးတွေကို ကြွေသွားစေပါတယ်။

၅။ သူငယ်ချင်းများနဲ့ အစည်းအဝေးထိုင်နေစဉ် မက်ဆေ့ခ်ျပို့/ဖုန်းခေါ်တာ

တခြားကိစ္စတွေနဲ့ အလုပ်များနေချိန်မှာတောင် သူ ကိုယ့်ကိုသတိရနေပါလားဆိုပြီး သိလိုက်ရတဲ့အခါ ယောက်ျားလေးတွေ သိပ်ပျော်ရွှင်ကျေနပ်ကြပါတယ်။

၆။ အများရှေ့မှာ ကြင်နာယုယမှုပြသတာ

လက်လေးတွဲ၊ ဆံပင်တွေသပေး၊ အကျီင်္လေးတွေ အထာကျအောင်ပြုပြင်ပေးမှုတွေက ယောက်ျားလေးတို့ရဲ့ ရင်ခုန်သံတွေ မြန်စေတဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။

Ref: ladiescaretips
Previous
Next Post »