ကိုဇေရဲထက်နဲ့ သူငယ်ချင်းချစ်သူ ဆိုတဲ့ ဗီဒီယိုကားလေး ရိုက်နေတယ်။ ဇာတ်ကားထဲမှာ သူငယ်ချင်းအပေါ် ဆိုးတဲ့ ကောင်မလေးပေါ့နော်။ အပြင်မှာဆိုလဲ ညီမကို အလုပ်လုပ်ရင်လဲ ချော့နေမှ ကြိုက်တာ အသံမာမာနဲ့ပြောရင်မကြိုက်ဘူး။ လူတိုင်းအပေါ် ဆိုးချင်တာပေါ့နော်။ ဆိုးလို့ရမှန်းသိတော့ ဆိုးတယ်။ ငယ်ငယ်က ကျောင်းမှာဆိုလဲ သူငယ်ချင်းတွေအပေါ် ဆိုးတယ် အနိုင်ယူတယ်။ အလုပ်ခွင်မှာဆိုလဲ ဆိုးတယ်။ အိမ်မှာဆိုလဲ ကိုယ့်ထက်ငယ်တဲ့ မောင်နှမတွေ အပေါ်လဲ ဆိုးတာပဲ။ ရည်းစားအပေါ်လဲ ဂျီကျတာတို့ ရစ်တာတို့တော့ မရှိပါဘူး။ တခါတလေဆိုးချင်တာပဲရှိတာ။ အခုတော့ အဲလိုမျိုးတွေ မရှိပါဘူး ဆိုပြီး ပက်ထရစ်ရှာက ပြောပါတယ်။
တချို့ဆို တစ်ယောက်နဲ့ပြတ်သွားပြီး မကြာဘူးနောက်တစ်ယောက်ရနေပြီ။ စွံလိုက်တာပေါ့နော်။ ကိုယ်ကကျတော့ ကြာပြီပေါ့နော် ရည်းစားမရှိဘူး ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဂျီးများနေလို့။ ကိုယ်ကြိုက်တဲ့ အဂါင်္ရပ်နဲ့ညီမှ အဲဒီလူကို တွဲချင်တာ။ ရုပ်ချောရမယ်၊ အရပ်ရှည်ရမယ်၊ လူကြားထဲမှာ လူဝင်ဆံ့ရမယ် အဲလိုမျိုးမှ တွဲချင်တာ။ ညီမအပေါ် ကြင်နာရမယ်၊ နားလည်မှု ရှိရမယ်၊ ပညာတတ်ရမယ် ၊ အင်္ဂလိပ်စာကောင်းရမယ်၊ ဘိုဆန်ဆန်လေး အဲလိုမျိုးလေး ကြိုက်တယ် လို့လဲ သူလိုချင်တဲ့ ချစ်သူပုံစံကို ပြောပါတယ်။

ပရိုပို့်စ် လုပ်ချင်တဲ့ ကောင်လေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်အမေက အမြဲတမ်း ဘယ်သွားသွားပါတော့ သူတို့မလုပ်ရဲကြဘူး။ သူတို့လဲ မေးတယ် အမေက အမြဲတမ်းပါတာလားပေါ့ ဟုတ်တယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဘာမှမပြောကြတော့ဘူး။ အမေကတော့ ရည်းစားထားတာ ဘာမှတော့မပြောဘူး ကိုယ်ကြိုက်တယ် ဆိုတဲ့သူကို အမေလဲ ကြည့်ပေးတယ်။ သူကတော့ ဘယ်လိုအချက်မကြိုက်ဘူး ဘာဖြစ်တယ် ဆိုတာမျိုး အမေနဲ့လဲ တခါတလေ အငြင်းပွားရတယ်။ အဖေကတော့ ရည်းစားထားတာမကြိုက်ဘူး သဝန်တိုတယ်လို့လဲ ပြောပါတယ်။ ကိုအောင်ရဲလင်းနဲ့ ဗီဒီယိုကားရိုက်ထားတယ်။ ဘိုမ ဆိုတဲ့ရုပ်ရှင်ကားလဲ ရိုက်ထားတယ်လို့လဲ ဆိုပါတယ်။
မျက်ပြေ (မိုမိုလေး)
မျက်ပြေ (မိုမိုလေး)
ConversionConversion EmoticonEmoticon