ရန်ကုန် ဇူလိုင် ၂
ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညကကျင်းပခဲ့သည့် MMA
one champion ship ပြိုင်ပွဲတွင်မြန်မာပြည်ဖွားကချင်
လူမျိုး Aung La Nsang(Burmese Python)နဲ့လက်ရှိ
ချန်ပီယံရုရှားနိုင်ငံသားဘစ်ဒက်ရှ်တို့ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ
မှာအမှတ်ဖြင့်အောင်လအန်ဆိုင်းကအနိုင်ရခဲ့ပြီးကမ္ဘာ့ချန်ပီ
ယံဆုကိုသိမ်းပိုက်ခဲ့ပါတယ်။
ချန်ပီယံရွှေခါးပတ်ကိုစွန့်လွှတ်ရပီးနောက်နိုင်ငံခြားမီဒီယာ
တွေနဲ့သီးသန့်သတင်းစာရှင်းလင်းပွဲမှာဘစ်ဒက်ရှ်က–
`ကျနော်ဒီတခါရှုံးနိမ့်မှုကိုလက်မခံနိုင်သေးပါဘူးတကယ်
တော့သူ(အောင်လ)ကသိပ်ကြောက်စရာကောင်းတဲ့ပြိုင်
ဘက်တယောက်ဆိုတာလက်ခံပါတယ်။ဒါပေမယ့်အခုလို
ကျနော်ရှုံးနိမ့်ခဲ့တာရိုးသားမှုမရှိဘူးလို့ထင်တယ်ဗျ
ဘာကြောင့်လဲဆိုရင်ပြိုင်ပွဲမစခင်သတ်ကွင်း(ကြိုးဝိုင်း)ထဲ
မှာငှက်ပျောသီးတွေနဲ့ဘာမှန်းမသိတဲ့အရာဝတ္ထုတွေထည့်
ထားတဲ့ကမ္ဘီရအစီအရင်တွေလုပ်ထားတဲ့ပွဲသုံးပွဲကျနော်တို့
အမှတ်မထင်မြင်တွေ့ခဲ့ရပါတယ်။အဲ့ဒါကြောင့်လဲပထမ
အချီထိုးကတည်းကကျောထဲချမ်းစိမ့်စိမ့်ကြီးဖြစ်နေပီး
တော့စိတ်နဲ့လူနဲ့မကပ်ဘဲကျနော်အောင်လထိုးသမျှကြောင်
ပီးခံနေရတာပါ။နောက်အချီတွေကိုအာရုံစူးစိုက်ပီးထိုးနေ
ပေမဲ့သုံးချီမြောက်အပီးပွဲခနနားတဲ့အချိန်ပရိတ်သတ်ထဲက
တယောက်ဟာအမျိုးအမည်မသိတဲ့ဆေးဘူးလေးတဘူးကို
အောင်လရဲ့ကြံ့ခိုင်ရေးနည်းပြဆရာဆီကိုပေးလိုက်တာ
ကျနော့်လူတယောက်ကအမှတ်မထင်မြင်လိုက်ရပါတယ်။
နောက်ပြီးအဲ့ဒီဘူးထဲက Cream လိုလိုအဆီလိုလိုဟာတွေ
ကိုနည်းပြဆရာကအောင်လကိုမသိမသာခိုးပီးလိမ်းပေးနေ
တာလို့အောင်လထောင့်ဘက်မှာရှိတဲ့ကျနော့်ပရိတ်သတ်တ
ဦးကလာပြီးပြောခဲ့တာပါ။ဒီလိုနဲ့လေးချီမြောက်စထိုးတဲ့
အချိန်မှာတော့ကျနော်သူ့ကိုဘယ်လိုမှချုပ်ပီးထိုးလို့မရ
တော့ပါဘူး။သူ့ကိုဝင်ချုပ်လိုက်တိုင်းအောင်လ body က
အရမ်းပူတယ်။နောက်ဆုံးကျနော်ပဲ
ပူလိုက်အေးလိုက်စိတ်တွေကယောင်ကတမ်း
ဖြစ်လိုက်နဲ့ ၅ချီမြောက်အပီးမှာတော့ကျနော်အောင်လကို
အမှတ်နဲ့ရှုံးနိမ့်ပီးရွှေခါးပတ်ပေးလိုက်ရပါတယ်။ဒါကြောင့်
မို့ One Champion ship ကဒိုင်ချုပ်တွေကိုအောင်လ
တားမြစ်ဆေးအသုံးပြုပီးယှဉ်ပြိုင်ထိုးသတ်ခဲ့တာဟုတ်မ
ဟုတ်စစ်ဆေးပေးဖို့တိုင်ကြားပြီးပါပြီ။သူ(အောင်လ)တား
မြစ်ဆေးသုံးခဲ့တာမှန်ရင်တော့ကျနော်ပဲရွှေခါးပတ်ပြန်ရပီး
ကမ္ဘာ့ချန်ပီယံပြန်ဖြစ်မှာပါ။တရားကိုနတ်စောင့်ပါစေလို့
ဆုတောင်းပါတယ်´ဟုဖြေကြားသွားခဲ့ပါတယ်။
အတည်မပြုနိုင်သေးတဲ့နောက်ဆုံးသတင်းတွေအရပြိုင်ပွဲ
အပြီးယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ကြိုးဝိုင်းအနီးမှာဆရာခိုဒဏ်
ကြေလိမ်းဆေးဘူးခွံတစ်ခုတွေ့ရတယ်လို့သန့်ရှင်းရေးဝန်
ထမ်းတစ်ဦးကပြောကြားခဲ့တယ်လို့လဲသီတင်းတွေထွက်
နေတာပါ။မည်သို့ပင်ဆိုစေကာမူမြန်မာပြည်ဖွားကချင်
တိုင်းရင်းသား Aung La N Sang(Burmese Python)
ကြီးကတော့မြန်မာကိုကမ္ဘာကသိစေခဲ့လေပြီ။ ။
{Russia သီတင်းတပုဒ်အားဆီလျော်အောင်ဘာသာပြန်ဆို
ထားပါသည်}
Written by: Ka Thein

ConversionConversion EmoticonEmoticon