ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ် တရားရုံးတွင် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဥပဒေပုဒ်မ ၁၃ ဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသည့် ဒေါ်ဒေစီအောင်က သူမ၏ဖုန်းအတွင်းသို့ ခဲအိုဖြစ်သူမှ ဆော့ဖ်ဝဲလ်ထည့်သွင်းကာ အသံခိုးနားထောင်ခဲ့သောကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ကျောက်ဆည်မြို့ ကံဦးရပ်ကွက်ရှိ နယူးလိုက်အီလက်ထရွန်နစ်ဆိုင်ပိုင်ရှင် ဦးဇော်ဝင်းနိုင် (၄၄ နှစ်) သည် ရွှေဓနုကွမ်းယာဆိုင်သို့ ကွမ်းယာသွားဝယ်မည်ဖြစ်ကြောင်း ညီဖြစ်သူတို့အား ပြောကြားခဲ့ပြီး ထွက်သွားရာ ခဏအကြာတွင် အစ်ကိုဖြစ်သူ ဦးဇော်ဝင်းနိုင် ဓားဖြင့်ခုတ်ခံရကာ ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဒေစီအောင်နှင့် လူမှုရေးကိစ္စ အရှုပ်အရှင်းရှိသည်ဟု ယူဆရသူက ခင်ပွန်းဖြစ်သူ ဦးဇော်ဝင်းနိုင်ကို သတ်ခြင်းဖြစ်နိုင်ကြောင်း၊ ဦးဇော်ဝင်းနိုင်ကိုသတ်သည့် တရားခံအား ဖမ်းမိခြင်းမရှိသေးသော်လည်း ဒေါ်ဒေစီအောင်သည် အခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်သည်ဟုဆိုကာ သေဆုံးသူ ဦးဇော်ဝင်းနိုင်၏သားဖြစ်သူ မောင်အောင်ဝေယံနိုင်က မိခင်ဖြစ်သူ ဒေါ်ဒေစီအောင်နှင့် ဇော်ငြိမ်းချမ်း (ခ) အီဘာတို့ကို ကျောက်ဆည်မြို့မ ရဲစခန်းတွင် (ပ) ၇၉၅/၂၀၁၆၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် ဒီဇင်ဘာ ၅ ရက်က အမှုဖွင့်ထားခဲ့ကြောင်း၊ မတ် ၁၁ ရက် ရုံးချိန်း၌ တရားလိုသားဖြစ်သူ၏ သက်သေထွက်ဆိုချက် တစ်ခုတွင် ဦးလေးဖြစ်သူမှ မိခင်ဖြစ်သူ ဒေါ်ဒေစီအောင်၏ ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲထည့်သွင်းကာ အသံခိုးနားထောင်ခဲ့ကြောင်း ပါဝင်ခဲ့သဖြင့် ထိုကဲ့သို့ပြန်လည် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။
Writer:ယဉ်မျိုးသွယ်
Credit; Eleven
Credit; Eleven
============
Unicode
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ဖုန်းအတွင်း ဆော့ဖ်ဝဲထည့်ကာ အသံခိုးနားထောင်ခဲ့သူကို နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ဇွန် ၂၈ ရက်က အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ် တရားရုံးတွင် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဥပဒေပုဒ်မ ၁၃ ဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသည့် ဒေါ်ဒေစီအောင်က သူမ၏ဖုန်းအတွင်းသို့ ခဲအိုဖြစ်သူမှ ဆော့ဖ်ဝဲလ်ထည့်သွင်းကာ အသံခိုးနားထောင်ခဲ့သောကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြံုမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် နို၀င်ဘာ ၂၂ ရက် ည ရ နာရီ ၁၅ မိနစ်ခန့်က ကျောက်ဆည်မြို့ ကံဦးရပ်ကွက်ရှိ နယူးလိုက်အီလက်ထရွန်နစ်ဆိုင်ပိုင်ရှင် ဦးဇော်ဝင်းနိုင် (၄၄ နှစ်) သည် ရွှေဓနုကွမ်းယာဆိုင်သို့ ကွမ်းယာသွားဝယ်မည်ဖြစ်ကြောင်း ညီဖြစ်သူတို့အား ပြောကြားခဲ့ပြီး ထွက်သွားရာ ခဏအကြာတွင် အစ်ကိုဖြစ်သူ ဦးဇော်ဝင်းနိုင် ဓားဖြင့်ခုတ်ခံရကာ ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဒေစီအောင်နှင့် လူမှုရေးကိစ္စ အရှုပ်အရှင်းရှိသည်ဟု ယူဆရသူက ခင်ပွန်းဖြစ်သူ ဦးဇော်ဝင်းနိုင်ကို သတ်ခြင်းဖြစ်နိုင်ကြောင်း၊ ဦးဇော်ဝင်းနိုင်ကိုသတ်သည့် တရားခံအား ဖမ်းမိခြင်းမရှိသေးသော်လည်း ဒေါ်ဒေစီအောင်သည် အခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်သည်ဟုဆိုကာ သေဆုံးသူ ဦးဇော်ဝင်းနိုင်၏သားဖြစ်သူ မောင်အောင်ဝေယံနိုင်က မိခင်ဖြစ်သူ ဒေါ်ဒေစီအောင်နှင့် ဇော်ငြိမ်းချမ်း (ခ) အီဘာတို့ကို ကျောက်ဆည်မြို့မ ရဲစခန်းတွင် (ပ) ရ၉၅/၂၀၁၆၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် ဒီဇင်ဘာ ၅ ရက်က အမှုဖွင့်ထားခဲ့ကြောင်း၊ မတ် ၁၁ ရက် ရုံးချိန်း၌ တရားလိုသားဖြစ်သူ၏ သက်သေထွက်ဆိုချက် တစ်ခုတွင် ဦးလေးဖြစ်သူမှ မိခင်ဖြစ်သူ ဒေါ်ဒေစီအောင်၏ ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲထည့်သွင်းကာ အသံခိုးနားထောင်ခဲ့ကြောင်း ပါ၀င်ခဲ့သဖြင့် ထိုကဲ့သို့ပြန်လည် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။
Writer:ယဉ်မျိုးသွယ်
Credit; Eleven
Credit; Eleven
About Admin MC3
This is dummy text. It is not meant to be read. Accordingly, it is difficult to figure out when to end it. But then, this is dummy text. It is not meant to be read. Period.
ConversionConversion EmoticonEmoticon