Monica Riley လို့အမည်ရတဲ့ အသက် (27)နှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာ့အ၀ဆုံးအမျိုးသမီးအဖြစ် ရပ်တည်နိုင်ဖို့
လက်ရှိ ကိုယ်အလေးချိန်ထက် ပိုတိုးလာအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ သူမဟာ တစ်နေကုန်နီးပါး အစားနဲ့
လက် ပြတ်တယ်လို့ မရှိဘဲ စားပြီးရင်း စားနေပြီး ကိုယ်အလေးချိန် တိုးလာဖို့ ကြိုးစားနေတာပါ။
Monica ရဲ့ ချစ်သူ အသက်(25)နှစ်အရွယ် Feeder Sid ကလည်း တစ်နေ့လုံး မနားရဘဲ၊ ချစ်သူ စားလိုသမျှတွေကို ဒိုင်ခံစီမံ ချက်ပြုတ်ပေးနေပါတယ်။ Monica ရဲ့ 91 လက်မပတ်လည်ရှိတဲ့ ဗိုက်ကြီး ပြည့်ဖို့ မုန့်မျိုးစုံ၊ အစားအစာမျိုးစုံ ကျွေးပေးနေပြီး နို့အစရှိတဲ့ အရေကို တိုက်ဖို့အတွက်တော့ ဆီကတော့ပုံစံ ကတော့အကြီးစားကို အသုံးပြုရပါတယ်။
Size 38 အရွယ်အစား ခန္ဓာကိုယ်ပိုင်ရှင် Monica ဟာ နေ့စဉ် ကယ်လိုရီ 8000 ခန့် စားသုံးလေ့ရှိပြီး၊ သူမရဲ့ အနီးအနား
မှာတော့ ကိုယ်လက်သုတ်သင်ခြင်း၊ အစားအစာချက်ပြုတ်ကျွေးမွေးခြင်းအတွက် ဝေယျာဝစ္စလုပ်ပေးတဲ့ ချစ်သူ Sid က အမြဲ ရှိနေပါတယ်။
Monica က ” ရည်မှန်းချက်ကတော့ ပေါင် 1000 ပါ … ကျွန်မကတော့ အလှဘုရင်မတစ်ယောက်လို ခံစားနေရပါ
တယ် … အကြောင်းကတော့ Sid က ကျွန်မရဲ့ တိုးလာမယ့် ကိုယ်အလေးချိန်အတွက် အလွန်စိတ်လှုပ်ရှားနေလို့ပါ “လို့ ဆိုပါတယ်။ သူမက ဆက်လက်ပြီး ” ကျွန်မတို့နှစ်ယောက် ရှိနေချိန်မှာ အချစ်အကြောင်းကို အများကြီး ဆွေးနွေးဖြစ်ပြီး … သူက ကျွန်မရဲ့ ဝေယျာဝစ္စတွေကို အကုန်တာဝန်ယူ လုပ်ကိုင်ပေးပါတယ်”လို့ ထပ်လောင်း ပြောခဲ့ပါတယ်။
Monica ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်ကတော့ အခြားသူတွေလို ပိန်ချင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ဒီလို ကြီးမားတဲ့ ခန္ဓာ
ကိုယ်ကြီးနဲ့ အမျိုးသမီးကို အမြတ်တနိုးနဲ့ ချစ်ခင်တဲ့ Sid ကို ပြီးခဲ့တဲ့ ခြောက်လကျော်လောက်က အွန်းလိုင်ပေါ်မှာတွေ့ရှိခဲ့ပြီး ပိန်ချင်တဲ့ စိတ်ကို အကောင်အထည် မဖော်ဖြစ်တော့ပါဘူး။
အဲဒီနောက် 4 လအတွင်းမှာ Monica ဟာ 56 ပေါင်အထိ တိုးလာခဲ့ပြီး မိမိကိုယ်ကို ပိုပြီးဆွဲဆောင်မှု ရှိတယ်လို့ ခံစားလာခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ကိုယ်အလေးချိန် တက်ဖို့ ကြိုးစားနေတဲ့ Monica ရဲ့ တစ်နေ့တာ စားသုံးမှုက
တော့ ဘီစကစ် ခြောက်ထုပ်၊ ၀က်အူချောင်းပေါင်မုန့်လုံး ခြောက်ခု၊ သိကြားခရင်မ်အရည် ပန်ကန်းလုံးကြီးတစ်လုံး၊
ကိုယ်အလေးချိန် တက်စေမယ့် Milk Shake နှစ်ခု၊ McChicken ဆိုင်က ဆင်ဒ်ဝှခ်ျအကြီးစား လေးခု၊ နှစ်ထပ်မလိုင်ဘာဂါ လေးခု၊ ပြင်သစ်ထမင်းကြော် အကြီးစားတစ်ပွဲ၊ ကြက်ရင်အုပ် အသားလွှာကြော် အခု(30)၊ ဒိန်ခဲ Macaroni တစ်ပန်း
ကန်၊ Taco Bell အစာသွပ်မုန့်အကြီးစားတစ်ခုနဲ့ ရေခဲမုန့် တစ်ဂါလန် စာသုံးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုံမှန်အချိန်မှာ စားဖို့အတွက် Milkshake ပေါင်း 3500 ကို အစဉ်သင့် ရောမြွေထားပြီး ၎င်းတို့ကို အမြန်ဝင်ဆံဖို့ အတွက် ကတော့အကြီးစားတစ်ခုကို သုံးပါတယ်။ Monica က ” ကျွန်မမှာ အွန်လိုင်း ပရိသတ်ပေါင်း 2 သောင်းကျော် ရှိပါတယ် … သူတို့က ကျွန်မ ကတော့ကြီးနဲ့ အစာစားတာကို နို့တွေမလိုင်တွေ အားရပါရ သောက်ချတာကို သဘောကျကြပါတယ် … “လို့ ဆိုပါတယ်။
Sid နဲ့ Monica ဟာ ကလေးယူဖို့ အစီအစဉ်ရှိနေတယ်လို့လည်း သိရပါတယ်။ Monica က ” ကျွန်မတို့ ကလေးယူဖို့ အစီအစဉ် ရှိပါတယ် … ကလေးလိုချင်တဲ့စိတ်က ဘယ်တုန်းကမှ ပျောက်ပြယ်မသွားခဲ့ပါဘူး … ကလေးထိန်းတစ်ယောက်လဲ အဲဒီအခါကျရင် ခေါ်မှာပါ … ကျွန်မတို့ကတော့ ကောင်းမွန်တဲ့ မိဘဘ၀ကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ သူမက ဆိုခဲ့ပါတယ်။
နတ်စည်တော် (Shwemom)
source : thesun.co.uk
ConversionConversion EmoticonEmoticon