၁) သင်ဟာ ပူပန်တတ်သူတစ်ယောက်။
ဘယ်သူမှတော့ စိုးရိမ်ကြောင့်ကြနေရတာမကြိုက်ပေမယ့် လေ့လာစမ်းသပ်ချက်တွေအရ ပိုတော်တဲ့သူတွေဟာ စိုးရိမ်မှုပိုများကြောင်းတွေ့ရှိရပါတယ်။ စိုးရိမ်ပုပန်တတ်သူတွေဟာ ပိုပြီးအာရုံစိုက်နိုင်ကြပြီး အလုပ်တစ်ခုပြီးတစ်ခု ပြီးအောင်လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။
၂) သင် ငယ်စဉ်တည်းက စာဖတ်ခဲ့တယ်။
လူတွေဟာ စာစောစောဖတ်လေလေ ပိုပြီးဥာဏ်ကောင်းလေလေပဲလို့ လေ့လာစမ်းသပ်မှုတွေအရသိရပါတယ်။ သင့်ဘေးက လူတွေထက်သင်တော်နေပြီဆိုရင်တော့ သင် သူတို့ထက် စာဖတ်တာ စောခဲ့လို့ပါပဲ။
၃)သင်ဟာ ဘယ်တန်တစ်ယောက်ပါ။
ဘယ်တန်တွေဟာ ငယ်စဉ်တည်းက အဆော့မက်ပြီးကြီးပြင်လာကြတာပါ။ အခုလို နည်းပညာခေတ်ကြီးမှာတောင် ဘယ်တန်တွေ ဘာကြောင့်ဥာဏ်ကောင်းတယ်ဆိုတာ မရှင်းပြနိုင်ပေမယ့် ယောက်ျားလေး ဘယ်တန်တွေဟာ ဥာဏ်ကောင်းမှန်းအရမ်းသိသာပါတယ်။
၎)သင်ငယ်စဉ်က ဂီတဆိုင်ရာလေ့ကျင့်ခန်းသင်ယူဖူးသူပါ။
လေ့လာတွေ့ရှိမှုတွေအရ ဂီတဆိုင်ရာလေ့ကျင့်ခန်းတွေဟာ ဥာဏ်ရည်တိုးစေပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းတိုးစေတာပါတယ်။ ငယ်ငယ်ကတည်းက ဂီတဆိုင်ရာလေ့ကျင့်ခန်းတွေကို သင်ယူဖူးသူတွေကတော့သာမန်ထက်ပိုပြီးထူးချွန်ကြပါတယ်။
၅)သက်ဟာ ရယ်စရာကောင်းသူတစ်ယောက်ပါ။
သင်ဟာ ဟသဥာဏ်ကြွယ်သူတစ်ယောက်ဆိုရင် ကိုယ့်ကိုကိုယ်ဂုဏ်ယူလိုက်ပါတော့။ ဟသဥာဏ်ကြွယ်သူတွေက အရမ်းဥာဏ်ကောင်းတယ်လို့ လေ့လာစမ်းသပ်မှုတွေအရ သိရထားလို့ပါ။
လင်း( Shwe Innlay)
ConversionConversion EmoticonEmoticon